မွန်ပြည်နယ်တွင် ကျင်းပမည့် အလုပ်အကိုင်အခွင့်အလမ်းပြပွဲကို မည်သူမဆို အခမဲ့တက်ရောက်နိုင်

မွန်ပြည်နယ်တွင် ကျင်းပမည့် အလုပ်အကိုင်အခွင့်အလမ်းပြပွဲကို မည်သူမဆို အခမဲ့တက်ရောက်နိုင်
February 1, 2018 Fame Asian

2:53 pm
မွန်ပြည်နယ်တွင် ကျင်းပမည့် အလုပ်အကိုင်အခွင့်အလမ်းပြပွဲကို မည်သူမဆို အခမဲ့တက်ရောက်နိုင်

26993528_1677824748928150_7819785352990247274_n

မော်လမြိုင်၊ဖေဖော်ဝါရီ ၁

ခရီးသွားလုပ်ငန်းများ တိုးတက်နေသည့် မွန်ပြည်နယ်မှာ လုပ်ငန်းရှင်များနှင့်တိုက်ရိုက်တွေ့ဆုံနိုင်မည့် အလုပ်အကိုင်အခွင့်အလမ်းပြပွဲကြီးကို စိတ်ဝင်စားသူ မည်သူမဆို အခမဲ့တက်ရောက်နိုင်ကြောင်း မွန်ပြည်နယ်၊ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှသိရသည်။

အဆိုပါ ပြပွဲကို လာမည့် ၂၀၁၈ခုနှစ်၊ဖေဖော်ဝါရီလ (၃) ရက်နှင့် (၄) ရက်နေ့တို့တွင် နံနက် ၉ နာရီ မှ ညနေ ၄ နာရီအထိ မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမတွင် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး မွန်ပြည်နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ မွန်ပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာန၊ အစိုးရနည်းပညာအထက်တန်းကျောင်း(မော်လမြိုင်) ၊GTI (မော်လမြိုင်) ၊မွန်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့မှပူးပေါင်းဆောင်ရွက်၍ Swisscontact/IOM အဖွဲ့တို့မှ ကူညီပံ့ပိုးထားကြောင်းသိရသည်။

“အဓိကကတော့ လူငယ်တွေအတွက် အခွင့်အလမ်းပိုရစေဖို့ပါ။ ဒီလိုပြပွဲတွေကို လုပ်ခြင်းအားဖြင့် လူငယ်တွေ အလုပ်အကိုင်အခွင့်အလမ်းတွေရလာကြဖို့ အဓိက ရည်ရွယ်ပါတယ်။” ဟု မွန်ပြည်နယ်၊ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှ ရုံးအဖွဲ့မှူး ဦးခိုင်လင်းက ပြောသည်။

ယင်းပြပွဲတွင် ဆက်သွယ်ရေးလုပ်ငန်းများ၊ဆောက်လုပ်ရေးကုမ္ပဏီနှင့်အရောင်းဆိုင်များ၊ဟိုတယ်လုပ်ငန်း၊ အသေးစားငွေရေးကြေးရေးလုပ်ငန်း၊စူပါမားကက်များ၊၀န်ဆောင်မှုလုပ်ငန်းများ၊ပြည်တွင်းပြည်ပ အလုပ်အကိုင်အေဂျင်စီများ၊ကုန်ပစ္စည်းဖြန့်ဖြူးရေးလုပ်ငန်းများ လာရောက်ပြသမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါအလုပ်အကိုင်ပြပွဲများကို ၂၀၁၇ ခုနှစ်က ကရင်ပြည်နယ်၊ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင်ပြသခဲ့ပြီး မော်လမြိုင်တွင် ပြသမည့် ပြပွဲကို စိတ်ဝင်စားသူများအနေဖြင့် ဖုန်း၀၉ ၅၃၂၂ ၁၁၈ နှင့် ၀၉ ၇၈၅၃၂၂၁၁၈ သို့လည်းကောင်း၊ ဖုန်း ၀၉ ၉၆၀ ၂၇၀ ၅၁၄ သို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရသည်။

CL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*