အစိုးရသစ်လက်ထက်မှာ ရန်ကုန်တိုင်းအတွင်းရှိ ရပ်ကွက်တစ်ခုစီကို အားကစားကွင်းတစ်ခုစီရှိရန် စီမံချက်နဲ့ ဆောင်ရွက်နေတယ်လို့ မြို့ တော်ဝန်ပြော

အစိုးရသစ်လက်ထက်မှာ ရန်ကုန်တိုင်းအတွင်းရှိ ရပ်ကွက်တစ်ခုစီကို အားကစားကွင်းတစ်ခုစီရှိရန် စီမံချက်နဲ့ ဆောင်ရွက်နေတယ်လို့ မြို့ တော်ဝန်ပြော
January 30, 2018 Fame Asian

3:51 pm
အစိုးရသစ်လက်ထက်မှာ ရန်ကုန်တိုင်းအတွင်းရှိ ရပ်ကွက်တစ်ခုစီကို အားကစားကွင်းတစ်ခုစီရှိရန် စီမံချက်နဲ့ ဆောင်ရွက်နေတယ်လို့ မြို့ တော်ဝန်ပြော

img1

ရန်ကုန် ၊ ဇန်န၀ါရီ ၊ ၃၀

NLD အစိုးရသစ်လက်ထက်မှာ ရန်ကုန်တိုင်းအတွင်းရှိ ရပ်ကွက်တစ်ခုကို အားကစားကွင်းတစ်ကွင်းစီမံချက်နဲ့ ဆောင်ရွက်နေပြီး ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ၊ပန်းဥယျာဉ်နဲ့ အားကစားကွင်းဌာနမှ ယခုအချိန်အထိ ကစားကွင်း ၁၁၈ ကွင်း ဖော်ဆောင်ပေးနိုင်ခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဒီကနေ့ တိုင်းဒေသကြီးလွှတ်တော်မှာပြောပါတယ်။ ရပ်နားထားရာမှ ပြန်လည်ကျင်းပပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ဆဌမပုံမှန်အစည်းအဝေးကို ဒီကနေ့ ဇန်န၀ါရီလ ၃၀ ရက်နေ့ မှာ ပထမနေ့အဖြစ်ကျင်းပပြုလုပ်ခဲ့ပြီးတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့  မှ မြို့ တော်ဝန်ဦးမောင်မောင်စိုးက မေးခွန်းမေးမြန်းမှုတစ်ခုနဲ့ ပတ်သတ်ပြီး လွှတ်တော်မှာ အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

”မြို့ နယ်ရဲ့ ရပ်ကွက်တစ်ခုစီမှာ အားကစားကွင်းတစ်ကွင်းစီမံချက်နဲ့ အလေးထားပြီးဆောင်ရွက်ပေးနေတာလည်းဖြစ်ပါတယ်။ အခုအားကစားကွင်းပေါင်း ၁၁၈ ကွင်းကို ဖော်ဆောင်ပေးခဲ့ပြီးတော့ အားကစားကွင်းသစ် ၁၃ ကွင်းကိုလည်း ထပ်မံပြီးတော့ ဖော်ဆောင်နေပါတယ်။ ဒါတင်မကဘူး ။ အားကစားကွင်းတွေဟာ စံချိန်စံညွှန်းမမီတာပဲဖြစ်ဖြစ် ကာလကြာရှည်စွာအသုံးပြုမှုကြောင့် ပျက်စီးနေတာပဲဖြစ်ဖြစ် ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းတွေကိုလည်းဆောင်ရွက်နေပါတယ်” လို့ သူကဆိုပါတယ်။

ဒဂုံမြို့ သစ်(တောင်ပိုင်း) မြို့ နယ် ၊ မဲဆန္ဒနယ်အမှတ်(၁) မှ လွှတ်တော်ကိုယ်စားလှယ်ဦးညီညီက ” ဒဂုံမြို့ သစ်(တောင်ပိုင်း) မြို့ နယ်ရှိ ၊ အမှတ်(၂၁) ရပ်ကွက်၊ ဘောလုံးကွင်းအား အခြေပြုနမူနာယူပြီိး ရပ်ကွက်ဘောလုံးအားကစားကွင်းများအား ဆောင်ရွက်ထားသည့် သက်ဆိုင်ရာဌာနအသီးသီးမှ ပြန်လည်ပြင်ဆင်ပေးရန် အမြန်လိုအပ်နေပါ၍ ဆောင်ရွက်ပေးရန်အစီအစဉ်ရှိမရှိ” မေးခွန်းကို ဒီကနေ့  လွှတ်တော်မှာ မေးမြန်းခဲ့ပါတယ်။

”၂၀၁၄ ခုနှစ်မှာ နိုင်ငံတော်က ဒဂုံမြို့ သစ်(တောင်ပိုင်း) မြို့ နယ်ရှိ ၊ အမှတ်(၂၁) ရပ်ကွက်၊ ဘောလုံးကွင်းကို သံဇကာပတ်လည်အုတ်ရိုးတိုင်အဖြစ်တည်ဆောက်ပေးခဲ့ပါတယ်။ တည်ဆောက်နေတုန်းက စည်ပင်က ပန်းဥယျာဉ်ကို တာဝန်ပေးတော့ မြေဖို့ကတည်းက ကျောက်တုံးများ၊ သံချောင်းများ၊ အမှိုက်သရိုက်များ ၊ သစ်သားများ ရောထွေးရှိနေတာကို သဲများဖုံးပြီး ခင်းကျင်းခဲ့ပါတယ်။မိုးရွာတဲ့အခါ သဲတွေပျောက်ကွယ်ပြီးတော့ ကျောက်တုံးများ၊သံချောင်းကြီးများပေါ်ထွက်လာတော့ အားကစားလုပ်တဲ့ ကလေးတွေကို ခြေထောက်နဲ့ ခန္ဓာကိုယ်ကို ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပါတယ်။ အခုကျောက်တုံးတွေ ၊ ချိုင့်တွေ လွတ်တဲ့နေရာကိုဖယ်ပြီး ကလေးတွေကစားနေရတယ်။ ဒါကို ပြည်သူတွေပြောလို့ သိရပါတယ်” လို့ မေးခွန်းမေးမြန်းတဲ့ ဦးညီညီကပြောပါတယ်။

မြို့ တော်ဝန်ဦးမောင်မောင်စိုးကတော့ အဲဒီိကစားကွင်း(ဒဂုံမြို့ သစ်(တောင်ပိုင်း) မြို့ နယ်ရှိ ၊ အမှတ်(၂၁) ရပ်ကွက်ရှိဘောလုံးကွင်း)ဟာ ကျောက်ခဲတွေနဲ့ မို့ ကလေးများကစားဖို့ မသင့်တာကိုသိရှိကြောင်းနဲ့ လာမယ့် ၆ လ ဘတ်ဂျတ်ထဲမှ အဲဒီကစားကွင်းကိုပြင်ဆင်မွမ်းမံဖို့ အစီအစဉ်ရှိပြီးသားဖြစ်တယ်လို့ လွှတ်တော်မှာဖြေကြားသွားပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*