နိုင်ငံရေးအကျဉ်းသားဟောင်းများကို ရန်ကုန်တိုင်းအစိုးရမှ ကူညီစောင့်ရှောက်ရန်အစီိအစဉ်ရှိမရှိ မေးခွန်း တိုင်းလွှတ်တော်က မေးမြန်းခွင့်ပယ်ချ

နိုင်ငံရေးအကျဉ်းသားဟောင်းများကို ရန်ကုန်တိုင်းအစိုးရမှ ကူညီစောင့်ရှောက်ရန်အစီိအစဉ်ရှိမရှိ မေးခွန်း တိုင်းလွှတ်တော်က မေးမြန်းခွင့်ပယ်ချ
January 29, 2018 Fame Asian

4:23 pm
နိုင်ငံရေးအကျဉ်းသားဟောင်းများကို ရန်ကုန်တိုင်းအစိုးရမှ ကူညီစောင့်ရှောက်ရန်အစီိအစဉ်ရှိမရှိ မေးခွန်း တိုင်းလွှတ်တော်က မေးမြန်းခွင့်ပယ်ချ

27072781_1677770642266894_8030021080445272092_n

ရန်ကုန် ၊ ဇန်န၀ါရီ ၊ ၂၉

နိုင်ငံရေးအကျဉ်းသားဟောင်းများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ လူမှုရေးအရ ကူညီိစောင့်ရှောက်ပေးဖို့ အစီအစဉ်ရှိမရှိမေးခွန်းကို ပြန်လည်စတင်မယ့် ရန်ကုန်တိုင်းဒေသကြီိးလွှတ်တော် ၊ ဆဌမပုံမှန်အစည်းအဝေးမှာ မေးမြန်းဖို့ ပေးပို့ ခဲ့ပေမယ့် ပယ်ချခံရတယ်လို့ မင်္ဂလာတောင်ညွန့် မြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးကပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ မေးခွန်းမေးမြန်းမှုအများဆုံး လွှတ်တော်ကိုယ်စားလှယ်တွေထဲက တစ်ဦးဖြစ်တဲ့ မင်္ဂလာတောင်ညွှန့် မြို့ နယ်မဲဆန္ဒနယ် ၁ မှ လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးဟာ ပြန်လည်စတင်မယ့် ရန်ကုန်တိုင်းဒေသကြီိးလွှတ်တော် ၊ ဆဌမအကြိမ်မြောက်လွှတ်တော်မှ သူမေးမြန်းသွားမယ့် မေးခွန်း (၉) ခုကို ဥပဒေအရ ကြိုတင်ပေးပို့ ခဲ့ရာမှာ ကျန်မေးခွန်း(၈) ခုသာ မေးမြန်းခွင့်ရပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများနဲ့ ၎င်းတို့ ရဲ့မိသားစုဝင်များရဲ့ ကျန်းမာရေးကို တိုင်းဒေသကြီးအစိုးရမှ လူမှုရေးအရ ကူညီိစောင့်ရှောက်ပေးသွားရန်အစီိအစဉ်ရှိမရှိမေးမြန်းမယ့် မေးခွန်းကတော့ တိုင်းလွှတ်တော်က မေးခွင့်မပြုဘူးလို့ သူကပြောပါတယ်။

”အခု နိုင်ငံရေးအကျဉ်းသားဟောင်းတွေဟာ ထောင်ထဲက ဒဏ်တွေလည်းခံစားရတယ်။ ပြီိးတော့ သူတို့ ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သတ်ပြီိးတော့ အဆင်မပြေမှုတွေရှိနေတော့ အချင်းချင်းပဲပြန်ပြီးတော့ ကူညီိစောင့်ရှောက်နေရတယ်။ ဒါကို တိုင်းဒေသကြီးအစိုးရအနေနဲ့ လူမှုရေးအရ ဆေးရုံတွေမှာ ကျန်းမာရေးကို ကူညီစောင့်ရှောက်ပေးနိုင်မယ်ဆိုရင် အရမ်းကောင်းပါတယ်။ ဒီအတွက် ကျွန်တော်ကိုယ်တိုင်လည်း နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်တဲ့အတွက်ကြောင့် ဒီမေးခွန်းကိုမေးတာာပါ ။ မေးခွင့်မရတော့ ကြေကြေကွဲကွဲခံစားရတယ်။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေက ၂၀၀၈ ဖွဲ့  စည်းပုံဥပဒေအရ လွှတ်တော်မှာမေးမယ့်မေးခွန်းတွေကို လွှတ်တော်ဥက္ကဌကို ကြိုတင်ပြီိးပေးပို့ ရတယ်။ သူက မေးမြန်းဖို့ ခွင့်ပြုမှ မေးလို့ ရပါတယ်” လို့ ဦးလှဌေးကပြောပါတယ်။

ယခုလိုလွှတ်တော်မှာမေးမြန်းခွင့်မရတာနဲ့ ပတ်သတ်ပြီးတော့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှ အတွင်းရေးမှူးဦးတိတ်နိုင်က ” နိုင်ငံရေးအကျဉ်းသားဟောင်းတွေက အခုတလောမှာ ကွယ်လွန်တာတွေ စိပ်လာတဲ့အတွက် ဦးလှဌေးက အခုလိုမေးမြန်းတာဖြစ်တယ်လို့ ထင်ပါတယ်။ ဘာလို့ ဆိုသူကိုယ်တိုင်ကလည်း နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဆိုတော့။ နိုင်ငံရေးအကျဉ်းသားဟောင်းတွေဟာ အကျဉ်းထောင်ထဲမှာ အတော်လေးနေခဲ့ရတဲ့သူတွေရှိတယ်။ တစ်ချို့ ဆို နှစ် ၂၀ ၀န်းကျင်အထိပဲ။ ၁၉၉၀ ကနေ ၂၀၀၀ ခုနှစ်အတွင်းလောက်က အကျဉ်းထောင်တွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ အတော်နည်းတယ်။ အများစုက အသည်းနဲ့ ပတ်သတ်ပြီိး ရောဂါကူးစက်ခံခဲ့ကြရတယ်။ ဒီရောဂါနဲ့ ပဲ ကွယ်လွန်သွားကြတယ်။ ဘာပဲဖြစ်ဖြစ် လွှတ်တော်က အခုလိုမျိုးပယ်ချတာတော့ မဖြစ်သင့်ပါဘူး မေးခွင့်တော့ရှိရမှာပေါ့။သူတို့ မလုပ်ပေးနိုင်ဘူးဆိုရင်လည်း ဘာကြောင့်မလုပ်ပေးနိုင်ဘူးလဲဆိုတာ ပြန်လည်ဖြေကြားပေးသင့်တယ်” လို့ သုံးသပ်ပြောဆိုပါတယ်။

လက်ရှိမှာ ထောင်ကျနိုင်ငံရေးအကျဉ်းသား ၄၆ ဦးရှိနေပြီိး နိုင်ငံရေးအကျဉ်းသားဟောင်းများက ၁၉၆၂ ခုနှစ်မှ ယနေ့ အချိန်အထိ ဦးရေတစ်သောင်းဝန်းကျင်ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများအဖွဲ့ မှသိရပါတယ်။ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ဆဌမပုံမှန်အစည်းအဝေးကို ဇန်န၀ါရီလ ၃၀ ရက်နေ့ (မနက်ဖြန်)မှာ ပြန်လည်စတင်မှာဖြစ်ပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*