ပညာရေးဘတ်ဂျက်တိုးမြှင့်ပေးဖို့တောင်းဆိုတာဟာ အစိုးရအကြပ်အတည်းဖြစ်အောင် လုပ်တာမဟုတ်ဟု ဆန္ဒပြကျောင်းသားများဆို

ပညာရေးဘတ်ဂျက်တိုးမြှင့်ပေးဖို့တောင်းဆိုတာဟာ အစိုးရအကြပ်အတည်းဖြစ်အောင် လုပ်တာမဟုတ်ဟု ဆန္ဒပြကျောင်းသားများဆို
January 29, 2018 Fame Asian

12:37 pm
ပညာရေးဘတ်ဂျက်တိုးမြှင့်ပေးဖို့တောင်းဆိုတာဟာ အစိုးရအကြပ်အတည်းဖြစ်အောင် လုပ်တာမဟုတ်ဟု ဆန္ဒပြကျောင်းသားများဆို
img2
မန္တလေး၊ဇန်န၀ါရီ ၂၉ 

ပညာရေးဘတ်ဂျက်တိုးမြှင့်ပေးဖို့တောင်းဆိုတာဟာ အစိုးရအကြပ်အတည်းဖြစ်အောင် လုပ်တာမဟုတ်ဘူး လို့ ပညာရေးစရိတ်တိုးမြှင့်ရေးတိုက်ပွဲကော်မတီကဆိုပါတယ်။

“ပြည်သူတင်မြှောက်ထားတဲ့အစိုးရပါ၊ ပြည်သူနဲ့တစ်သားထဲရှိတဲ့အစိုးရကို ကျွန်တော်တို့ဘယ်တော့မှပြုတ်ကျအောင်လုပ်မှာမဟုတ်ပါဘူး၊ အစိုးရ ပြုတ်ကျရေးကျွန်တော်တို့လုပ်နေတာမဟုတ်ပါဘူး” လို့ ပညာရေးအသုံးစရိတ်တိုးမြှင့်ရေး တိုက်ပွဲကော်မတီမှကိုရဲမျိုးဆွေ(ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ)ကပြောပါတယ်။

မန္တလေးမီဒီယာစင်တာမှာ ယမန်နေ့(ဇန်န၀ါရီ ၂၈ ရက်)မွန်းလွဲပိုင်းပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ သူကပြောလိုက်တာပါ။

ဆန္ဒပြခဲ့ကြတဲ့ကျောင်းသားတွေဟာ ပညာရေး အတွက်ပဲတောင်းဆိုခဲ့ကြတာလို့လည်း သူကပဲ အခုလိုဆက်ပြောပါတယ်။

“အစိုးရအကြပ်အတည်းဖြစ်အောင်လုပ်ဖို့ရည်ရွယ်တာဆိုရင် လမ်းပေါ်တက်ဆန္ဒပြကြမှာပေါ့၊ နိုင်ငံရေးတောင်းဆိုချက်တစ်ခုမှမပါဘူး၊ ပညာရေး တောင်းဆိုချက်တစ်ခုပဲပါတယ်” လို့ ကိုရဲမျိုး ဆွေကပြောပါတယ်။

ပညာရေးဘတ်ဂျက်တိုးမြှင့်ပေးဖို့ ပြီးခဲ့တဲ့ဇန်န၀ါရီလ ၂၂ ရက်က မန္တလေးရတနာပုံတက္ကသိုလ် ကျောင်းဝင်းအတွင်း ဆန္ဒပြတောင်းဆိုကြတဲ့ ဗကသကျောင်းသားတွေကို ဒေသအာဏာပိုင်တွေက ၃ ရက်မြောက်နေ့ မနက်လင်းအားကြီးအ ချိန်မှာပဲ ၀င်ရောက်ထိန်းသိမ်းလိုက်ကြပြီး မိဘဆွေမျိုးသားချင်းအုပ်ထိန်းသူတွေလက်ထဲ အသီးသီးပြန်အပ်လိုက်ကြပါတယ်။

တာဝန်ရှိသူတွေဟာ အဲဒီလောက်နဲ့မပြီးသေးဘဲ ဆန္ဒပြကျောင်းသားတော်တော်များများကို ကျောင်းတက်ရောက်ခွင့်ရပ်စဲတဲ့အထိ အပြစ်ပေးခဲ့ကြ တာမှာ ဒီနေ့(ဇန်န၀ါရီ ၂၉ ရက်)အထိ ၃၆ ယောက်ရှိနေပြီလို့သိရပါတယ်။

တိုက်ပွဲကော်မတီကတော့ အခုလိုကျောင်းထုတ်ခံထားရပေမယ့်လည်း ဆက်လက်တိုက်ပွဲဝင်တောင်းဆိုသွားကြမှာပဲဖြစ်တယ်လို့ အတိအလင်းကြေညာချက်ထုတ်ထားပါတယ်။

စောထွေး

 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*