မြောက်ဦးဖြစ်စဉ်နဲ့ပတ်သတ်ပြီးအမှုဖွင့်ခံထားရတဲ့ ဆေးရုံတက်လူနာ ၃ ဦး ထွက်ပြေးမှုကြောင့် တာဝန်ကျ ရဲ ၂ ဦးအရေးယူခံထားရ

မြောက်ဦးဖြစ်စဉ်နဲ့ပတ်သတ်ပြီးအမှုဖွင့်ခံထားရတဲ့ ဆေးရုံတက်လူနာ ၃ ဦး ထွက်ပြေးမှုကြောင့် တာဝန်ကျ ရဲ ၂ ဦးအရေးယူခံထားရ
January 26, 2018 Fame Asian

3:38 pm
မြောက်ဦးဖြစ်စဉ်နဲ့ပတ်သတ်ပြီးအမှုဖွင့်ခံထားရတဲ့ ဆေးရုံတက်လူနာ ၃ ဦး ထွက်ပြေးမှုကြောင့် တာဝန်ကျ ရဲ ၂ ဦးအရေးယူခံထားရ

27337023_1674799462564012_6846193236840483029_n

မြောက်ဦး၊ ဇန်နဝါရီလ ၂၆

မြောက်ဦးပစ်ခတ်မှုဖြစ်စဉ်မှာ ပုဒ်မ ၆(၁)နဲ့ အမှုဖွင့်ခံထားရသူ ၃ဦး ဆေးကုသနေစဉ် မြောက်ဦးဆေးရုံကနေ ထွက်ပြေးသွားခဲ့တာကြောင့် တာဝန်ပေါ့လျော့မှုနဲ့ တာဝန်ကျ ရဲတပ်ဖွဲ့ဝင် ၂ဦးကို အရေးယူထားတယ်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ကနေသိရပါတယ်။

မြောက်ဦးဆေးရုံမှာ စုစုပေါင်း လူနာ ၄ ဦးတက်ရောက်နေပြီး သူတို့ ၄ ဦးစလုံး ဇန်န၀ါရီ ၂၃ ရက်နေ့က ထွက်ပြေးသွားခဲ့ကြတာဖြစ်ပြီး၊ တစ်ဦးကို ပြန်လည်ဖမ်းဆီးရမိခဲ့ပေမယ့် ကျန် ၃ဦးကတော့ပြန်လည်ဖမ်းဆီးရမိခြင်းမရှိသေးကြောင်းလည်း ရဲတပ်ဖွဲ့ရဲ့အကြီးတန်း ရဲအရာရှိတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

“ရဲတပ်ဖွဲ့ဝင် ၂ ဦး ကိုတာဝန်ပေါ့လျော့မှုနဲ့အပြစ်ပေးတာပါ ။ စောင့်ကြပ်ကြည့်ရှုဖို့တာဝန်ပေးထားတာပေါ့နော်။ အဲ့ဒါကို တာဝန်ပေါ့လျော့တာပေါ့။ ထွက်ပြေးသွားတဲ့ သူတွေကိုတော့ပြန်ဖမ်းမမိသေးဘူး” လို့ အဆိုပါ ရဲအရာရှိက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

ဇန်န၀ါရီ ၁၆ ရက်နေ့က မြောက်ဦးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သတ်ပြီး ဒဏ်ရာရရှိခဲ့တဲ့ လူ ၁၂ ဦးကို စစ်တွေဆေးရုံမှာ ၈ ဦး ၊ မြောက်ဦး ဆေးရုံမှာ ၄ ဦး ထားရှိပြီး ကုသပေးနေတာဖြစ်ပါတယ်။

အဆိုပါ ၁၂ ဦးစလုံးကို ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ပုဒ်မ ၆(၁) နဲ့ အမှုဖွင့်ပြီး စစ်တွေဆေးရုံမှာတက်ရောက်ကုသနေတဲ့ ၈ ဦးကို ဇန်န၀ါရီ ၂၃ ရက်နေ့က ဆေးရုံအချုပ်မှာပဲ ထိန်းသိမ်းထားရှိခဲ့ပါတယ်။

အဆိုပါ ဖမ်းဆီးထိန်းသိမ်းခံရမှုဖြစ်စဉ်အပြီး မြောက်ဦးဆေးရုံမှာတက်ရောက်ကုသနေတဲ့ ၄ ဦးထွက်ပြေးမှုဖြစ်စဉ်ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။

ဇန်န၀ါရီ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မြောက်ဦးပစ်ခတ်မှုဖြစ်စဉ်ကြောင့် အရပ်သား ၇ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

အလားတူ ရဲတပ်ဖွဲ့ဝင် ၂၀ ဒဏ်ရာရရှိခဲ့တယ်လို့ အစိုးရကထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ထွေအုပ်ရုံးအတွင်းက ပစ္စည်းတွေပျက်စီးခဲ့ပြီး စာရေးဆရာဝေဟင်အောင် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်တို့ လည်း ရခိုင်ပြည်နယ်ရသေ့တောင်မြို့မှာ ဒီလ ၁၅ ရက်က ပြုလုပ်ခဲ့တဲ့ ဟောပြောမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

YL + သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*