၂၀၁၇ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲလိုပဲ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲလုပ်မယ့်နေ့ ကို ၆ လခန့် ရွေးကော် ကြိုပြောမယ်

၂၀၁၇ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲလိုပဲ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲလုပ်မယ့်နေ့ ကို ၆ လခန့် ရွေးကော် ကြိုပြောမယ်
January 25, 2018 AsianFame MediaGroup

11:59 am
၂၀၁၇ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲလိုပဲ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲလုပ်မယ့်နေ့ ကို ၆ လခန့် ရွေးကော် ကြိုပြောမယ်

26991772_1673694359341189_1827434603090497189_n

ရန်ကုန် ၊ ဇန်န၀ါရီ ၊ ၂၅

ပြုလုပ်မယ်လို့ ကြေညာထားတဲ့ ကြားဖြတ်ရွေးကောက်ပွဲကို မပြုလုပ်မီ ၆ ခန့် ကကြိုတင်ကြေညာပေးသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကပြောတယ်လို့ ရွေးကောက်ပွဲမူဘောင်ပြုပြင်ပြောင်းလဲရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ( ERCB) က ပေါ်ပြူလာနယူးစ်ကိုတစ်ဆင့်ပြန်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီိလ ၂၃ ရက်နေ့ က နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာ ကော်မရှင်နဲ့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်တဲ့ အရပ်ဘက်လူမှုအဖွဲ့ အစည်း(၁၀)ဖွဲ့ စုပေါင်းဖွဲ့ စည်းထားတဲ့ ရွေးကောက်ပွဲမူဘောင်ပြုပြင်ပြောင်းလဲရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (ERCB) တို့ တွေ့  ဆုံခဲ့ကြပြီး ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သတ်တဲ့ အရပ်ဘက်အဖွဲ့  အစည်းများ ၊ နိုင်ငံရေးပါတီိများ တွေ့  ကြုံရနိုင်တဲ့အခက်အခဲတွေကို တင်ပြစဉ်မှာ ရွေးကော် ဥက္ကဌ ဦးလှသိန်းက အခုလိုပြောကြားခဲ့တာဖြစ်တယ်လို့ တွေ့ ဆုံမှုမှာပါဝင်ခဲ့တဲ့ ERCB မှစိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။

”ကျွန်တော်တို့ ကို မဲဆန္ဒနယ် ၈ ခုမှာ ကြားဖြတ်လုပ်သွားမယ်ဆိုတာကိုအတည်ပြုတယ်။ အချိန်ဇယားအတိအကျကတော့ သူတို့ ရဲ့ စီမံခန့် ခွဲမှုတွေလုပ်ဆောင်နေတာကြောင့် လောလောဆယ်မထုတ်ပြန်နိုင်သေးဘူးလို့ ပြောတယ်။ ဒါပေမယ့် ၂၀၁၇ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲလိုပဲ အနည်းဆုံး ၆ လကြိုပြီး ကြေညာပေးမယ် ။ သူတို့ ကြိုးစားနေပါတယ်လို့ ကျွန်တော်တို့ ကို ပြောပါတယ်” လို့ သူကဆိုပါတယ်။

ရွေးကောက်ပွဲမူဘောင်ပြုပြင်ပြောင်းလဲရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (ERCB) ဟာ ပြီိးခဲ့တဲ့ ဇန်န၀ါရီလ ၁၇ ရက်နေ့  က ရန်ကုန်မြို့ မှာ သတင်းစာရှင်းလင်းပွဲတစ်ခုကိုပြုလုပ်ခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲရဲ့ ကျင်းပမယ့်နေ့ နဲ့ လုပ်ငန်းအသေးစိတ်ကို အနည်းဆုံး(၆)လ ကြိုတင်ကြေညာပေးဖို့  ၊ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ်လို့ လျာထားတဲ့ ဇွန်လဟာ မိုးရာသီဖြစ်နေတာကြောင့် လစ်လပ်နေရာအများစုမှာ ပြည်သူများ ၊ အရပ်ဘက်အဖွဲ့ အစည်းများ၊ ပါတီများက ပူးပေါင်းပါဝင်ဖို့ အခက်အခဲကြုံနိုင်တာနဲ့ စီမံခန့် ခွဲမှုအဆင်မပြေဖြစ်မှာတွေရှိတာကြောင့်ပွင့်လင်းရာသီလိုကာလမျိုးမှာ ကျင်းပဖို့ စတာတွေကို သတင်းမီဒီယာတွေရှေ့ မှာ ရွေးကော်ကို တောင်းဆိုခဲ့ကြပါတယ်။

” ဇွန်လမှာ မကျင်းပဖို့ တင်ပြမှုကိုတော့ သူတို့ က မကျင်းပဘူးလို့ ယတိပြတ်တော့မပြောသေးဘူး။ ဒါပေမယ့် လက်ခံတယ်။ ဇွန်လက မိုးရာသီဖြစ်တယ် ပြီးတော့ ကျောင်းဖွင့်ချိန်ဖြစ်နေတော့ ကျောင်းစာသင်ဆောင်တွေကို မဲရုံအဖြစ်ယူလုပ်ရမှာတွေမှာ အခက်အခဲတွေရှိနိုင်တယ်ဆိုပြီိးပြောပါတယ်” လို့ စိုင်းရဲကျော်စွာမြင့်က ဆက်ပြောပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့်နေ့ ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတိအကျ မကြေညာသေးတာနဲ့ ပတ်သတ်ပြီး အရပ်ဘက်အဖွဲ့ အစည်းများက ယခုလိုမကြေညာသေးတာဟာ လက်ရှိအာဏာရပါတီအနေနဲ့ နိုင်ငံရေးအရ အသာရနေသလိုဖြစ်နေပြီိး အခြားပါတီများအနေနဲ့ ပြင်ဆင်ချိန်မရဖြစ်နိုင်တယ်လို့  ထုတ်ပြန်ထားပါတယ်။

ဒီအချက်နဲ့ ပတ်သတ်ပြီး လက်ရှိ အာဏာရပါတီဖြစ်တဲ့ NLD ပါတီိကတော့ ငြင်းဆိုပါတယ်။ ” သူတို့ တွေးသလို မဟုတ်ပါဘူး။ ရွေးကောက်ပွဲကော်မရှင်မှာလည်း သူတို့ စီမံခန့် ခွဲမှုတွေရှိနေသေးလို့မကြေညာသေးတာနေမှာပါ။ ရွေးကော်က သီိးခြားလွတ်လပ်တဲ့အဖွဲ့  အစည်းပဲကို။ ကျွန်တော်တို့ လွှမ်းမိုးလို့မရပါဘူး။ ကျွန်တော်တို့ ပါတီိအနေနဲ့ အသာစီိးရသလိုဖြစ်နေမယ်ဆိုတာာ မဖြစ်နိုင်ဘူး” လို့ NLD ပါတီရဲ့ ပြန်ကြားရေးတာဝန်ခံ မုံရွာအောင်ရှင်ကဆိုပါတယ်။

လာမယ့်ကြားဖြတ်ရွေးကောက်ပွဲကို သပိတ်ကျင်းမြို့နယ်မဲဆန္ဒနယ်အမှတ် (၁) ၊ မတူပီမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ၊ အုတ်တွင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)ရသေ့တောင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ၊ တမူးမဲဆန္ဒနယ် အမှတ် (၂) ၊ မင်းဘူးမဲန္ဒနယ်အမှတ် (၂) ၊ ကန်ပက်လက်မဲဆန္ဒနယ်နဲ့ လဲချားမဲဆန္ဒနယ်တို့ မှာ ကျင်းပသွားမှာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။ မကြာသေးခင်က ဆုံးပါးသွားတဲ့ မန္တလေးတိုင်းဒေသာကြီးအစိုးရအဖွဲ့ မှ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ မန္တလေးတိုင်းဒေသကြီး လူမျိုးစုမဲဆန္ဒနယ်မြေ(ရှမ်းတိုင်းရင်းသား) ကတော့ ယခုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ မပါဝင်ဖြစ်ဖို့ များတယ်လို့ UEC ကပြောကြောင်း ရွေးကောက်ပွဲမူဘောင်ပြုပြင်ပြောင်းလဲရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ( ERCB) ပြောပါတယ်။

သတင်း + ဓာတ်ပုံ – ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*