တောင်ကြီးမှ ကျောင်းဆရာမတစ်ဦး ရေကန်ထဲသေဆုံး

တောင်ကြီးမှ ကျောင်းဆရာမတစ်ဦး ရေကန်ထဲသေဆုံး
January 24, 2018 Fame Asian

12:26 pm
တောင်ကြီးမှ ကျောင်းဆရာမတစ်ဦး ရေကန်ထဲသေဆုံး

27066728_1694831367245805_5961551749833481140_n (1)

တောင်ကြီး ၊ ဇန်န၀ါရီ ၂၄

တောင်ကြီးမြို့ ညောင်ရွှေဟော်ကုန်းရပ်ကွက်မှာရှိတဲ့ မြကန်သာပန်းခြံအတွင်းက ရေကန်ထဲ သေဆုံးနေတဲ့ ကျောင်းဆရာမအမှုဟာ ရေကန်ထဲခုန်ချသတ်သေတာဖြစ်နိုင်တယ်လို့ ရဲက ပြောပါတယ်။

ယမန်နေ့ ဇန်န၀ါရီလ ၂၃ ရက်နေ့မနက်ပိုင်းက ယင်းရေကန်အတွင်း ကျောင်းဆရာမ အလောင်းတစ်လောင်းတွေ့ရှိမှု တစ်ခု ဖြစ်ခဲ့ပါတယ်။

မိမိကိုယ်ကို သတ်သေသူလို့ ရဲယူဆထားသူဟာ ယင်းပန်းခြံအနားမှာရှိတဲ့ အလယ်တန်းကျောင်း တစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ အသက် ၅၀ အရွယ်ရှိ အလယ်တန်းပြကျောင်းဆရာမတစ်ဦးပါ။

လုပ်သက် ၂၅ ရှိသူတစ်ဦးဖြစ်ပြီး၊အလယ်တန်းပြရာထူးနဲ့ လူမှုရေးဘာသာရပ်ကို သင်ကြားပေးနေသူ ပါ။

အဆိုပါအမှုကို ကိုယ်တွယ်ဆောင်ရွက်နေတဲ့ တောင်ကြီးနယ်မြေ ၂ရဲစခန်းမှ အမှုစစ်ရဲအရာရှိက “အခင်းဖြစ်နေရာ ကိုသွားစစ်တော့ ရုန်းရင်းဆန်ခတ်ဖြစ်တဲ့အနေအထားမတွေ့ရဘူး။ ဖိနပ် ၂ဖက် ကိုချွတ်ထားတာပဲတွေ့တယ် ” လို့ ပြောပါတယ်။

သေဆုံးသွားတဲ့ ကျောင်းဆရာမဟာ အခင်းမဖြစ်မှီတစ်ရက်က နေအိမ်ကနေပျောက်သွားလို့ မိသားစုက တောင်ကြီးမြို့မရဲစခန်းမှာ လူပျောက်တိုင်ချက်ဖွင့်ထားတယ်လို့ ရဲတပ်ဖွဲ့ထံကနေသိရပါတယ်။

သေဆုံးသူရဲ့ အမျိုးသားကို ဆက်သွယ်မေးမြန်းရာ ”သူ့မှာ သတ်သေစရာ အကြောင်းရင်းမရှိဘူး။လူမှုရေးပြဿနာ လည်းမရှိဘူး။ကျွန်တော်နဲ့ လဲ ပြဿနာမဖြစ်ဘူး၊ဒါပေမယ့် သူ့စိတ်ထဲ ဘာရှိလဲ လို့တော့ မသိနိုင်ဘူး”လို့ ပြောပါတယ်။

ရဲက အမျိုးသမီးကို သတ်သေတာဖြစ်နိုင်တယ်လို့ သုံးသပ်တဲ့အပေါ် ၎င်းက သံသယ မရှိဘူးလို့ ပြောပါတယ်။

”ရင်ခွဲရုံကို မနေ့က ရောက်တယ်။ပြင်ပဒဏ်ရာ မတွေ့ရဘူး။အဆုတ်ထဲ ရေ၀င်တာပဲ တွေ့တယ်”လို့ သူက ဆက်ပြောပါတယ်။

လောလောဆယ် ဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီး တောင်ကြီးနယ်မြေ ၁ ရဲစခန်းမှာ သေမှုသေခင်းဖွင့်လှစ်စစ်ဆေးနေတယ်လို့ သိရပါတယ်။

သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*