ရိုက်တာသတင်းထောက်နှစ်ဦးအမှု တရားလိုပြသက်သေတွေကို စတင်စစ်ဆေးပြီ

ရိုက်တာသတင်းထောက်နှစ်ဦးအမှု တရားလိုပြသက်သေတွေကို စတင်စစ်ဆေးပြီ
January 23, 2018 Fame Asian

4:18 pm
ရိုက်တာသတင်းထောက်နှစ်ဦးအမှု တရားလိုပြသက်သေတွေကို စတင်စစ်ဆေးပြီ

1
ရန်ကုန် ၊ ဇန်န၀ါရီ ၊ ၂၃

နိုင်ငံတော်လျှို့ ဝှက်ချက်အက်ဥပဒေပုဒ်မနဲ့ ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးကို အင်းစိန်မြို့ နယ်၊ မြောက်ပိုင်းခရိုင်တရားရုံးမှာ တတိယအကြိမ်မြောက်ရုံးထုတ်အဖြစ် ဒီကနေ့ ရုံးထုတ်လာခဲ့ပြီး တရားလိုပြသက်သေ ၂၅ ယောက်ရှိတဲ့အနက်က တရားလို ဒုတိယရဲမှူးကြီး ယုနိုင်ကို ဒီကနေ့ စတင်စစ်ဆေးပါတယ်။

2

ပြီးခဲ့တဲ့ ဒုတိယအကြိမ်မြောက်ရုံးထုတ်မှာ သူတို့ နှစ်ဦးကို မူလစွပ်စွဲထားတဲ့ နိုင်ငံတော်လျှို့ ဝှက်ချက်အက်ဥပဒေပုဒ်မနဲ့ တရားစွဲဆိုလိုက်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရုံးချိန်းက တရားရုံးကိုတင်သွင်းခဲ့တဲ့ အာမခံပေးဖို့ ကိစ္စကိုတော့ မြောက်ပိုင်းခရိုင်တရားရုံးက လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့ရုံးထုတ်ကျမှသာ ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။

3

ဒီကနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်လောက်မှာ သတင်းထောက်နှစ်ဦးဟာ မြောက်ပိုင်းခရိုင်တရားရုံးကိုရောက်ရှိလာခဲ့ကြပြီး ကျန်းကျန်းမာမာနဲ့ တွေ့ ရှိရပါတယ်။

ရိုက်တာသတင်းထောက်ဖြစ်သူ ကိုဝလုံးကတော့ ဒီိအမှုနဲ့ ပတ်သတ်ပြီး အမှားတစ်စုံတစ်ရာမပြုလုပ်ထားတဲ့အတွက် ယုံကြည်ချက်ရှိပြီိး မတုန်လှုပ်ဘူးလို့ သတင်းထောက်တွေကိုပြောသွားပါတယ်။

5
ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ကိုကျော်စိုးဦးတို့ ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက စာရွက်စာတမ်းအချို့ လက်ဝယ်တွေ့ ရှိမှုနဲ့ နိုင်ငံတော်ရဲ့လျှို့ဝှက်ချက် အက်ဥပဒေ ကို ဖောက်ဖျက်တယ်ဆိုပြီး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။

6
သူတို့ နှစ်ဦးကို ရဲတပ်ဖွဲ့  ဘက်မှ သတင်းပေးဖို့ ရှိတယ်ဆိုပြီိး စတင်လှမ်းခေါ်ခဲ့ကာ စာရွက်စာတမ်းတွေပေးခဲ့တာဖြစ်တယ်လို့ သတင်းထောက်နှစ်ဦးကပြောကြောင်း သူတို့ ရဲ့မိသားစုဝင်တွေနဲ့ ရှေ့  နေများက သတင်းမီဒီယာများကိုထုတ်ဖော်ပြောဆိုထားပါတယ်။

4

မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေဟာ မြန်မာနိုင်ငံ ကိုလိုနီနိုင်ငံအဖြစ်ရှိနေစဉ်ကတည်းက ရှိခဲ့တဲ့ဥပဒေတစ်ခုဖြစ်ပါတယ်။ ဒီိဥပဒေနဲ့ တရားစွဲဆိုတဲ့အမှုဟာ ဒီအစိုးရလက်ထက်မှာ ဒါပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဦိးသိန်းစိန်အစိုးရလက်ထက်က ယူနတီဂျာနယ်ကို ဒီဥပဒေနဲ့  တရားစွဲဆိုပြီး အလုပ်ကြမ်းနဲ့  ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ဖူးတဲ့ အလားတူဖြစ်ရပ်ရှိထားပါတယ်။ ဒီအမှုနဲ့ ပတ်သတ်ပြီး ဗြိတိန်၊ ကနေဒါ၊ အမေရိကန်၊ ယူအန် အပါအဝင် ကမ္ဘာ့နိုင်ငံအချို့ မှအစိုးရ အရာရှိများက ဖမ်းဆီိးခံရိုက်တာာသတင်းထောက်တွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

ဖြိုးထက်အောင်
ဓါတ်ပုံ – အောင်နိုင်စိုး(ကစ္ဆပ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*