ဒေါက်တာအေးမောင်ရဲ့ အမ်းမြို့ နယ်၊ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်နေရာ ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်အဖြစ်ပါဝင်လာဖို့ မသေချာ

ဒေါက်တာအေးမောင်ရဲ့ အမ်းမြို့ နယ်၊ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်နေရာ ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်အဖြစ်ပါဝင်လာဖို့ မသေချာ
January 19, 2018 Fame Asian

12:13 pm
ဒေါက်တာအေးမောင်ရဲ့ အမ်းမြို့ နယ်၊ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်နေရာ ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်အဖြစ်ပါဝင်လာဖို့ မသေချာ

26805088_1667542089956416_5668189283974768310_n

ရန်ကုန် ၊ ဇန်န၀ါရီ ၊ ၁၉

ဒေါက်တာအေးမောင်ကို ဖမ်းဆီးထိန်းသိမ်းလိုက်ပေမယ့် တရားရေးပိုင်းက အမိန့့်မချသေးတဲ့အတွက် သူ့ ရဲ့အမ်းမြို့ နယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်နေရာကို လစ်လပ်မဲဆန္ဒနယ်တစ်ခုအဖြစ် လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ထည့်သွင်းသွားဖို့ က မသေချာသေးဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

မနေ့ က ရခိုင်ပြည်နယ်၊စစ်တွေမြို့ နယ်မှာ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ ဒေါက်တာအေးမောင်ကို တရားရေးပိုင်းက အမိန့် မချသေးတဲ့အတွက် လက်ရှိအချိန်အထိ လွှတ်တော်ကိုယ်စားလှယ်အဖြစ်သာရှိနေသေးပြီိး အမိန့် ချမယ့်အပေါ်မူတည်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပြောရေးဆိုခွင့်ဖြစ်သူ ဦးအောင်မြင့်ကပြောပါတယ်။

” အမိန့် မချသေးတဲ့အတွက် အခုထိ သူက လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ မဆုံးရှုံးသေးပါဘူး။ တကယ်လို့ပြစ်ဒဏ်ကျခံရဖို့ အမိန့်် ချလိုက်မှသာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခွင့်မရှိတဲ့ အချက်တွေအရပြန်ကြည့်ရမှာပေါ့။ အမှုက ဘယ်လောက်ကြာဦးမယ်မှန်းမသိသေးတော့သူ့ ရဲ့ နေရာကိုလစ်လပ်ထဲထည့်သွားဖို့ က မစဉ်းစားရဲသေးပါဘူး ။ ကြားဖြတ်လုပ်မယ့်အချိန်နဲ့ မီရင်တော့ ထည့်သွင်းသွားမှာပေါ့။ တကယ်လို့ ပြစ်ဒဏ်ချရင်တောင် ရွေးကောက်ပွဲလုပ်ဖို့ တစ်လအလိုလောက်မှကပ်နေရင် ထည့်သွင်းလို့ မရတော့ပါဘူး။ ဘာလို့ လဲဆိုတော့ အဲဒီနေရာကိုမဲရုံတွေဆောင်ရွက်ရမှာတွေအပါအ၀င်အများကြီးဆောင်ရွက်ရမှာတွေရှိလို့ မမီနိုင်ဘူး” လို့ သူကပြောပါတယ်။

ဒေါက်တာအေးမောင်ဟာ ပြီိးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်၊ အမ်းမြို့ နယ်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်နေရာကို ရခိုင်အမျိုးသားပါတီိမှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ၊ ပြည်ထောင်စုကြုံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီိ၊ တစ်သီးပုဂလတို့ ကို ကျော်ဖြတ်ပြီိးအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ ဇန်န၀ါရီ ၁၅ ရက်က ပြုလုပ်ခဲ့တဲ့ ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း (၂၃၃) နှစ်မြောက် ၀မ်းနည်းဖွယ်အထိမ်းအမှတ် စာပေဟောပြောပွဲမှာ ဟောပြောခဲ့လို့ မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇ (၁) နဲ့ ရသေ့ တောင်မြို့နယ် ရဲစခန်းက အမှုဖွင့်အရေးယူထားပြီး နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု ရာဇသတ်ကြီးပုဒ်မ ၁၂၁ (ခ) (ဂ) ၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) (ဂ) ၊ မတရားအသင်းအက်ဥပဒေပုဒ်မ (၁၇) (၁) (၂) တို့ဖြင့် အမှုဖွင့်တရားစွဲဆိုသွားဖို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က အစည်းအဝေး အမှတ်စဉ် (၄/၂၀၁၈) မှာ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဖြိုးထက်အောင်

 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*