မလွှဲမရှောင်သာဆောက်ရမည့် ဆေးရုံဆေးခန်းအသစ်များမှလွဲပြီး ရှိသမျှ ဘက်ဂျက်အကုန်လုံးဖြင့် ၀န်ထမ်းအိမ်ရာဆောက်မည်

မလွှဲမရှောင်သာဆောက်ရမည့် ဆေးရုံဆေးခန်းအသစ်များမှလွဲပြီး ရှိသမျှ ဘက်ဂျက်အကုန်လုံးဖြင့် ၀န်ထမ်းအိမ်ရာဆောက်မည်
January 19, 2018 Fame Asian

3:56 pm
မလွှဲမရှောင်သာဆောက်ရမည့် ဆေးရုံဆေးခန်းအသစ်များမှလွဲပြီး ရှိသမျှ ဘက်ဂျက်အကုန်လုံးဖြင့် ၀န်ထမ်းအိမ်ရာဆောက်မည်

myint htweနေပြည်တော်၊ဇန်န၀ါရီ ၁၉

၂၀၁၈-၂၀၁၉ တွင် မလွှဲမရှောင်သာ ဆောက်ရမည့် ဆေးရုံဆေးခန်းအသစ်များမှလွဲပြီး ရှိသမျှ ဘက်ဂျက်အကုန်လုံးဖြင့် ၀န်ထမ်းအိမ်ရာများကို ဆောက်လုပ်သွားမည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက အမျိုးသားလွှတ်တော်တွင် ယမန်နေ့က ပြောသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကို ၀န်ထမ်းအိမ်ရာနှစ်ဟု သတ်မှတ်ထားကြောင်း နှင့် ၀န်ထမ်းအိမ်ရာများဆောက်လုပ်မည့်ကိစ္စနှင့်စပ်လျဉ်း၍လည်း တိုင်းနှင့်ပြည်နယ် အကုန်လုံးကို စာထုတ်အသိပေးအကြောင်းကြားထားပြီးဖြစ်သည်ဟု ၀န်ကြီးကပြောသည်။

ကျန်းမာရေးဝန်ထမ်းများကို အပြောင်းအရွှေ့ပြုလုပ်သည့်အခါ ၀န်ထမ်းအိမ်ရာ မရှိ၍ မသွားချင်ကြကြောင်း၊၀န်ထမ်းအိမ်ရာသာ ပြီးသွားမည်ဆိုလျှင် အပြောင်းအရွှေ့လုပ်သည့်ကိစ္စမှာ အဆင်ပြေသွားမည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးက လွှတ်တော်ကို ရှင်းပြသည်။

”၀န်ထမ်းအိမ်ရာလိုအပ်ချက် တွေကို အကုန်လုံးတောင်းထားပါတယ်၊ဒီစာရင်းတွေကိုရရင် ဒါကိုတစ်ခါတည်းသုံးသပ်ပြီး တစ်ပြည်လုံးကို တစ်ပြိုင်တည်း ဆောက်ပါ့မယ်။တစ်နှစ်အတွင်းကိုပြီးနိုင်ပါတယ်၊၀န်ထမ်းအိမ်ရာဆိုတာအရမ်းလွယ်ပါတယ်။ဆေးရုံနဲ့မတူပါဘူး”ဟု ၀န်ကြီးက ဆက်ပြောသည်။

၂၀၁၅ခုနှစ် စစ်တမ်းများအရ နိုင်ငံတွင် ပြည်သူ့ဆေးရုံ ၁၀၈၅ရုံ၊ကျေးလက်ကျန်းမာရေးဌာန၁၇၃၈၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၉၀၈၃ရုံ ရှိနေသော်လည်း ကျေးလက်ကျန်းမာရေးဌာနတစ်ခုကိုပင် ကျေးလက်လူဦးရေ ၂သောင်းကျော် က အသုံးပြုနေရသည့် အခြေအနေတွင် ရှိနေသေးသည်။

PNews

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*