မန္တလေးမြို့မှာကျင်းပပြုလုပ်မယ့် သံဃာတော်အပါး ၂၀၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲဟာ ပြည်သူလူထုကောင်းမှုသာ ဖြစ်ဟု မန်းဝန်ကြီးချုပ်ပြော

မန္တလေးမြို့မှာကျင်းပပြုလုပ်မယ့် သံဃာတော်အပါး ၂၀၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲဟာ ပြည်သူလူထုကောင်းမှုသာ ဖြစ်ဟု မန်းဝန်ကြီးချုပ်ပြော
January 18, 2018 Fame Asian

4:13 pm
မန္တလေးမြို့မှာကျင်းပပြုလုပ်မယ့် သံဃာတော်အပါး ၂၀၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲဟာ ပြည်သူလူထုကောင်းမှုသာ ဖြစ်ဟု မန်းဝန်ကြီးချုပ်ပြော

26904124_1688487624546846_8596661807150056724_n

မန္တလေး၊ဇန်န၀ါရီ ၁၈

မန္တလေးမြို့မှာကျင်းပပြုလုပ်မယ့် သံဃာတော်အပါး ၂၀၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲဟာ ပြည်သူလူထုကောင်းမှု ပြည်သူ့အလှူဒါနအတွက် အစိုးရကပစ္စည်းလေးပါးထောက်ပံ့လှူဒါန်းပေးတာဖြစ်တယ်လို့ မန္တလေးမြို့တော်ခန်းမမှာ ဒီနေ့မနက် ၁၁ နာရီကပြုလုပ်တဲ့ သံဃာတော်အပါးနှစ်သောင်း ဆွမ်းဆန် စိမ်းလောင်းလှူပွဲအတွက် မန္တလေးမြို့ရှိဈေးများ၊ ကားကွင်းများနှင့် ကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းမှ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားမှာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကပြောပါတယ်။

“ပြည်သူလူထုထည့်ဝင်လှူဒါန်းငွေ တတ်နိုင်သလောက်နဲ့အလှူဒါနပြုတာပါ ။ကျွန်တော်တို့က ပစ္စည်းလေးပါးဒါယကာအဖြစ်နဲ့ထောက်ပံ့ချင်တဲ့ အတွက်စီစဉ်ခဲ့တာပါ ။အဓိကကတော့ ကျွန်တော်တို့ဟာ သာသနာနဲ့ပတ်သက်ရင် အားပေးချီး မြှင့်တယ်ဆိုတာရယ် ။နောက်တစ်ခုက ပြည်သူနဲ့ အစိုးရ လက်တွဲညီညီလုပ်ဆောင်တတ်တယ်ဆိုတာရယ် ။နောက်တစ်ခုက မန္တလေးပြည်သူလူထုဟာ အစိုးရနဲ့လက်တွဲပြီး မြို့ဂုဏ်ကိုဖော်ဆောင်တယ်ဆိုတာရယ်ကို ပြချင်တာပါ” လို့ မန္တလေးဝန်ကြီးချုပ်ကဆိုပါတယ်။

26733513_1688487627880179_6821117959466624546_n

မြန်မာထိုင်းချစ်ကြည်ရေး သံဃာအပါးနှစ်သောင်းဆွမ်းဆန်စိမ်းလောင်းလှူ ပွဲကို လာမယ့်ဇန်န၀ါရီလ ၂၁ ရက်နေ့မှာ ချမ်းမြသာစည်လေယာဉ် ကွင်းဟောင်းမှာကျင်းပပြုလုပ်သွားဖို့ တိုင်းဒေသကြီးအစိုးရကဦးဆောင်စီစဉ်နေတာပါ ။

အစိုးရဘက်ကအလှူငွေကျပ် သိန်း ၄၀၀၀၊ ထိုင်းဘက်က ကျပ်သိန်း ၄၀၀၀ မတည်လှူဒါန်းတာဖြစ်ပြီး ပြည်သူလှူဒါန်းငွေအနေနဲ့ ဒီနေ့(ဇန်န၀ါရီ ၁၈ ရက်)မနက် ၁၁ နာရီအချိန်အထိ ကျပ်သိန်း ၄၀၀၀ ကျော်ရရှိထားတယ်လို့သိရပါတယ်။

သံဃာတစ်ပါးကို အလှူငွေကျပ် ၃ သောင်းစီ နဲ့ ဆွမ်းကပ်လှူဒါန်းမှာဖြစ်ပြီး ပြည်သူလူထုရဲ့ ဆွမ်းဆန်စိမ်းအလှူဒါနတွေလည်းပါဝင်မှာဖြစ် တယ်လို့သိရပါတယ်။

“ထိုင်းဘက်က သိန်းလေးထောင် ကျွန်တော်တို့ ဘက်က သိန်းလေးထောင်နဲ့ သံဃာတစ်ပါးကို ၃ သောင်းကျပ်စီလှူမှာပါ၊ န၀ကမ္မ ၃ သောင်းနဲ့ ဆွမ်းလောင်းလှူပါမယ်၊ ၀က်သားဟင်း ပုဇွန်ခြောက်ကျော် ငရုတ်သီးကြော် ကြက်ဥပြုတ်စသဖြင့်ပေါ့ဗျာ အဲဒါတွေကိုသပ်သပ်ရပ်ရပ်ထုပ်ပိုးပြင်ဆင်ပြီးလောင်းလှူမှာပါ” လို့ လှူဒါန်းမှုနဲ့ပတ်သက်လို့ အခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဌဦးစိုးလင်း(မဟာမုနိဘုရားကြီးဂေါပက ဥက္ကဌ)က ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

မြန်မာ-ထိုင်းနှစ်နိုင်ငံချစ်ကြည်ရေး သံဃာအပါး ၂၀၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဇန်န၀ါရီလ ၂၁ ရက်နေ့ မနက် ၆ နာရီမှာစတင်ကျင်းပ ပြုလုပ်သွားမှာဖြစ်ပါတယ်။

သတင်း+ဓါတ်ပုံ- စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*