ပဲခူးတိုင်းတရားရေးဦးစီးအရာရှိ၊မင်းလှမြို့နယ်ဥပဒေအရာရှိ နှင့် အထက်တန်းရှေ့နေ တစ်ဦးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် တရားစွဲအရေးယူ၊၃ဦးစလုံး ထွက်ပြေးတိမ်းရှောင်နေ

ပဲခူးတိုင်းတရားရေးဦးစီးအရာရှိ၊မင်းလှမြို့နယ်ဥပဒေအရာရှိ နှင့် အထက်တန်းရှေ့နေ တစ်ဦးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် တရားစွဲအရေးယူ၊၃ဦးစလုံး ထွက်ပြေးတိမ်းရှောင်နေ
January 17, 2018 Fame Asian

11:50 am
ပဲခူးတိုင်းတရားရေးဦးစီးအရာရှိ၊မင်းလှမြို့နယ်ဥပဒေအရာရှိ နှင့် အထက်တန်းရှေ့နေ တစ်ဦးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် တရားစွဲအရေးယူ၊၃ဦးစလုံး ထွက်ပြေးတိမ်းရှောင်နေ

26804842_1687305971331678_1882533956968243078_n

နေပြည်တော်၊ဇန်န၀ါရီ ၁၇

သစ်တောဥပဒေဖြင့် အမှုဖွင့်တရားစွဲခံထားရသူထံမှ လာဘ်ငွေ ၅၇သိန်းရယူခဲ့ကြသည့် ပဲခူးတိုင်းတရားရေးဦးစီးအရာရှိနှင့်မင်းလှမြို့နယ်ဥပဒေအရာရှိ တို့အပါအ၀င် လာဘ်ငွေရယူရာတွင် ကူညီဆောင်ရွက်ပေးခဲ့သည့် မုံရွာမြို့မှ အထက်တန်းရှေ့နေတစ်ဦး တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် ယမန်နေ့က အမှုဖွင့်တရားစွဲအရေးယူလိုက်သည်။

စစ်ကိုင်း၊ရေဦးမြို့နယ် ပလူဇဝကျေးရွာနေ နစ်နာသူမှ သက်သေခံမော်တော်ယာဉ် ကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမခံရရေး ကိစ္စနှင့် ပတ်သတ်ပြီး လာဘ်ငွေပေးခဲ့ရခြင်းအပေါ် အရေးယူပေးပါရန် ကော်မရှင်ထံသို့ တိုင်တန်းလာသည့်အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စစ်ဆေးပြီး ယခုကဲ့သို့ အမှုဖွင့်အရေးယူလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

လာဘ်ငွေ ၅၇သိန်းရယူခဲ့ကြသည့် ပဲခူးတိုင်းတရားရေး ဦးစီးအရာရှိဒေါ်—–နှင့်မင်းလှမြို့နယ်ဥပဒေအရာရှိဒေါ်—— တို့သည် လက်ရှိတာဝန်များထမ်းဆောင်စဉ်အတောအတွင်း ယင်းအမှုကို ကျူးလွန်ခဲ့ကြခြင်းမဟုတ်ဘဲ၊၎င်းတို့ ဘုတလင်မြို့နယ်တွင် မြို့နယ်တရားသူကြီးအဖြစ်၊မြို့နယ်ဥပဒေအရာရှိအဖြစ်တာဝန်ထမ်းဆောင်စဉ် စီရင်ဆုံးဖြတ်ချက်ချရမည့် ဘုတလင်မြို့နယ်တရားရုံး၊ရာဇဝတ်ကြီးမှုအမှတ် ၂၂၇/၂ဝ၁၆၊သစ်တော ဥပဒေပုဒ်မ ၄၁(က) အမှုနှင့်ပတ်သက်၍ လာဘ်ငွေ ယူခဲ့ကြ၍ အရေးယူခံရခြင်းဖြစ်သည်ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ပြောဆိုသည်။

လက်ရှိအရေးယူခံထားရသည့်အထဲမှ မုံရွာမြို့မှ အထက်တန်းရှေ့နေဒေါ်——–သည် ထိုစဉ်က တရားခံ၏ အကျိုးဆောင်ရှေ့နေဖြစ်ခဲ့ပြီး တရားခံများထံမှ ငွေကြေးများရယူပြီး ဘုတလင်မြို့နယ် တရားသူကြီး ဒေါ်——ကို ငွေကျပ် ၄၅ သိန်း၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်—–ကို ငွေကျပ် ၁၂ သိန်း စုစုပေါင်း ငွေကျပ် ၅၇ သိန်း ပေးခဲ့သူဖြစ်၍ လာဘ်ငွေရယူရာတွင် ကူညီဆောင်ရွက်ပေးခဲ့မှုမြောက်၍ အရေးယူခံထားရခြင်းဖြစ်သည်။

ကော်မရှင်က ဘုတလင်မြို့နယ် တရားရုံးတွင် အထက်ပါ ၃ဦးကို တရားစွဲဆို အရေးယူထားသည်။

ရဲက ထွက်ပြေးတိမ်းရှောင်လျက် ရှိနေသည့် ပဲခူးတိုင်းတရားရေးဦးစီးအရာရှိ၊မင်းလှမြို့နယ်ဥပဒေအရာရှိ နှင့် အထက်တန်းရှေ့နေတို့ကို ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်နေသည်ဟုသိရသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အသစ် တက်ပြီး နောက်ပိုင်း အမှုဖွင့်အရေးယူမှုသည် ၂ခုအထိရှိလာပြီး၊ပထမ အမှုမှာ မြေယာကိစ္စနှင့်ပတ်သတ်ပြီး လာဘ်ငွေ ယူခဲ့သည် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှုး တို့ကို အရေးယူသည့်အမှုဖြစ်သည်။

PNews

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*