၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရလိုတာဟာ စေတနာနဲ့တာဝန်ကြောင့်သာ အနိုင်ရလိုခြင်းဖြစ်တယ်လို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဌဆို

၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရလိုတာဟာ စေတနာနဲ့တာဝန်ကြောင့်သာ အနိုင်ရလိုခြင်းဖြစ်တယ်လို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဌဆို
January 15, 2018 Fame Asian

5:49 pm
၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရလိုတာဟာ စေတနာနဲ့တာဝန်ကြောင့်သာ အနိုင်ရလိုခြင်းဖြစ်တယ်လို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဌဆို

img

ကျိုက်မရော၊ ဇန်န၀ါရီ ၁၅

ပြည်ခိုင်ဖြိုးပါတီိအနေနဲ့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိလိုပြီိး ဒါဟာ ၀န်ကြီး ဒုဝန်ကြီးမလုပ်ဖူးလို့ မဟုတ်ဘူး စေတနာနဲ့တာဝန်ကြောင့်သာ အနိုင်ရလိုခြင်းဖြစ်တယ် လို့ အတိုက်အခံပါတီဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီမှ ဥက္ကဌ ဦးသန်းဌေးက ဒီကနေ့ ပြောပါတယ်။ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ ဝင်များဟာ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှ သူတို့ ရဲ့ပါတီဝင်များနဲ့ ဒီကနေ့တွေ့ ဆုံပါတယ်။ တွေ့ ဆုံရာမှာ ဦးသန်းဌေးက အခုလိုပြောတာပါ။ ၂၀၂၀ မှာ အနိုင်ရလိုတာဟာ စေတနာနဲ့ တာဝန်ပေးအပ်ခြင်းခံရလို့ ဖြစ်တယ်လို့သူကဆိုပါတယ်။

”လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ နိုင်ချင်တယ်ဆိုတာ ၀န်ကြီးမလုပ်ဖူးလို့ မဟုတ်ဘူး။ ဒုဝန်ကြီိးမလုပ်ဖူးလို့ မဟုတ်ဘူး။ ဗိုလ်ချုပ်မဖြစ်ဖူးလို့ မဟုတ်ဘူး။ အဲဒီိဟာတွေ ဘယ်လောက်တာဝန်ကြီးသလဲဆိုတာလည်း အခုထိ ကျွန်တော်တို့ ခေါင်းကျအောင်မအိပ်ရသေးဘူး။ တကယ်ဆိုရင် ကျွန်တော်အသက် ၆၀ ကျော်ပါပြီိ။ ကျွန်တော်တို့ တောသူတောင်သားဘ၀ ကိုယ်နဲ့ အတူတူ သူငယ်ချင်းတွေတောင် အဘိုးကြီးတွေဖြစ်ကုန်ပြီ။ ကျွန်တော်တို့ဒီတာဝန်ကိုဆက်ပြီိးလုပ်နေရသေးတယ်။ တကယ်ပြောရမယ်ဆိုရင်တော့အေးအေးချမ်းချမ်း နေရတဲ့ဘ၀က ကောင်းတာပေါ့။ ဒါပေမယ့်လည်း မိမိရဲ့စေတနာနဲ့ မိမိတာဝန်က မိမိဒီတာဝန်ကိုထမ်းဆောင်ဖို့ ရွေးချယ်တာဝန်ပေးတဲ့အခါမှာ နေလို့မရဘူး။ ဒါကြောင့် ပါတီဥက္ကဌအနေနဲ့၂၀၂၀ မှာနိုင်အောင်လုပ်ဖို့က ကျွန်တော့်တာဝန်ပဲ။ နိုင်ဖို့လဲ ယုံကြည်ချက် ပြင်းပြင်းထန်ထန်ရှိတယ်” လို့ ဦးသန်းဌေးကပြောပါတယ်။

မွန်ပြည်နယ်ဘက်ကို ဖြတ်သန်းစဉ်က ဒေသခံလူတစ်ရာလောက်က ပြည်ခိုင်ဖြိုးပါတီယာဉ်တန်းကို တားကာ ခံစားနေရတဲ့ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးအခြေအနေတွေကို ပြောပြခဲ့ကြတယ်လို့ သူကဆိုပါတယ်။

ဒီအတွက်ကြောင့် အဲဒီခရီးစဉ်အပြန်မှာ ထုတ်ပြန်ချက်တစ်ခုထုတ်ပြန်ခဲ့ပြီး ပြည်သူလူထုခံစားနေရတဲ့ အထွေထွေကျပ်တည်းမှု၊ လုံခြုံမှုကင်းမဲ့လာမှုတွေနဲ့ အနိုင်အထက်ပြုခံနေရတာတွေကို အစိုးရကိုမေးခွန်းထုတ်ခဲ့တယ်လို့ ဆိုပါတယ်။

”ဒီကနေ့ အတိုက်အခံပါတီခေါင်းဆောင်ဖြစ်တဲ့ ကျွန်တော်က အစိုးရကိုမေးခွန်းထုတ်ခဲ့တယ်။ ပြောရရင်တော့ လက်တွေ့မှာပြောနေတာက တိုင်းပြည်စီးပွားရေး ဂျက်ပါဝါနဲ့ ပျံတက်မှာတို့ ဂေါ်ဇီလာလိုဖြစ်မှာတို့ ကျားတွေဖြစ်မှာတို့ ထား။ အဲဒီဟာတွေအသာထား လောလောဆယ်ဖြစ်နေတဲ့ဆန်ဈေး၊ ဆီဈေး၊ ကြက်သွန်ဈေးတို့ ကျအောင်အစိုးရဘယ်လိုလုပ်မတုန်း။ ဒီနေ့ ပြည်သူလူထုအတွက် ခုနပြောတဲ့လုံခြုံမှုတွေပိုပြီးစိတ်ချယုံကြည်ရအောင် ခင်ဗျားတို့ ဘယ်လိုလုပ်ပေးမှာတုန်း။ လူတွေရဲ့ကိုးကွယ်ယုံကြည်မှုနဲ့ ပတ်သတ်လို့နောက်ကြောင်းအေးအောင်၊ ရှေ့ရေးစိတ်အေးရအောင် ဘယ်လိုလုပ်မှာတုန်း။ ဒီကနေ့ တိုင်းရင်းသားတွေ စိတ်ပူနေရတဲ့ ခုန ရိုဟင်ဂျာဆိုတဲ့ကိစ္စ။ အရင်အစိုးရတွေပြောသလို ခင်ဗျားတို့ မရှိဘူးလို့ ပြောပါလား။ ပြောဖို့ ရော အစီအစဉ်ရှိသလား ကျွန်တော်မေးခွန်းတွေထုတ်ခဲ့တယ် ” လို့လဲ ဦးသန်းဌေးကပြောပါသေးတယ်။

ဒါ့အပြင် ပြည်သူလူထုခံစားနေရတဲ့အခက်အခဲတွေကို ယခုထက်ပိုပြီိး အဆင့်မြင့်မြင့်ပြောချင်တဲ့အတွက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ကို တွေ့ ဆုံခွင့်တောင်းထားတယ်လို့ လည်းသူဆိုပါတယ်။

”ဒီနေ့ ဒီိအစည်းအဝေးမှာ အဲဒီိအဆင်မပြေတာတွေမပြောပေမယ့် ကျွန်တော်ပါတီဥက္ကဌအနေနဲ့ သိနေတယ်။ သိတဲ့အတွက်လည်း အတိုက်အခံပါတီိခေါင်းဆောင်တစ်ယောက်အနေနဲ့ နှုတ်ဆိတ်မနေဘူး။ ပါးစပ်ပိတ်မနေဘူး။ ကျွန်တော်ပြောသင့်တာတွေပြောတယ်။ အစိုးရကိုမေးခွန်းထုတ်သင့်တာတွေထုတ်တယ်။ ဒီထက်ပိုပြီးတော့ အဆင့်မြင့်မြင့်ပိုပြီိးတော့ပြောချင်တဲ့အတွက် နိုင်ငံတော်သမ္မတကြီးကို တွေ့ပါရစေလို့ ကျွန်တော်တို့ ခွင့်တောင်းထားတယ်။ ပေးခြင်းမပေးခြင်းကသူ့ အလုပ်”လို့ သူကဆိုပါတယ်။

AF -245

ှSource – Union Solidarity and Development Party(Live Video)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*