၁၅ နှစ်အောက်လူငယ် ၂ ဦးပါတဲ့ မူးယစ်ဆေးသုံး အဖွဲ့ကို ရဲဖမ်း

၁၅ နှစ်အောက်လူငယ် ၂ ဦးပါတဲ့ မူးယစ်ဆေးသုံး အဖွဲ့ကို ရဲဖမ်း
January 15, 2018 Fame Asian

4:10 pm
၁၅ နှစ်အောက်လူငယ် ၂ ဦးပါတဲ့ မူးယစ်ဆေးသုံး အဖွဲ့ကို ရဲဖမ်း

26230287_1660356310674994_3590039643296794641_n

ရန်ကုန် ၊ ဇန်န၀ါရီ ၁၅

ရန်ကုန်မြို့တောင်ဒဂုံမြို့နယ်အထဲမှ နေအိမ်တစ်ခုထဲ အုပ်စုဖွဲ့ မူးယစ်ဆေးသုံးနေတဲ့ လူငယ်တစ်သိုက်ကို ရဲတပ်ဖွဲ့က တက်ဖမ်းရာ မူးယစ်ဆေးသုံးနေတဲ့ အသက် ၁၄ နှစ်နဲ့ ၁၅ နှစ်အရွယ် လူငယ် ၂ ဦးအပါအ၀င် စုစုပေါင်း ၄ ဦး ဖမ်းဆီးခံလိုက်ရပါတယ်။

ဇန်န၀ါရီလ ၁၂ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ဒီဖြစ်စဉ်ဟာ တောင်ဒဂုံမြို့နယ် ၂၀ ရပ်ကွက် ၊ ဇမ္ဗူအေး(၁) လမ်း ရှိနေအိမ်တစ်ခုမှာဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။

နေအိမ်ကို ရဲက၀င်ရောက်ရှာဖွေစဉ် နေအိမ်ဧည့်ခန်းအတွင်း အိမ်ရှင် မောင်နိုင်လင်းအောင် (အသက် ၁၅ နှစ်) ၊ မောင်နိုင်ရဲအောင် ( အသက် ၁၄ နှစ်) ၊ မစန်းခိုင်(အသက် ၂၈ နှစ်) ၊ ဦးသန်းဇော်ဝင်း(အသက် ၃၈ နှစ်) တို့ကို မူးယစ်ဆေးပြား ၈ ပြားနဲ့အတူ မူးယစ်ဆေးဝါးသုံးစွဲနေတဲ့ ပစ္စည်းတွေနဲ့ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကနေသိရပါတယ်။

“အသက်မပြည့်သေးတဲ့ကောင်လေးတွေက ကျောင်းသားတော့မဟုတ်ဘူး။ ကြုံရာကျပန်းအလုပ်လုပ်နေတဲ့ သူတွေပါ ” လို့ တောင်ဒဂုံရဲစခန်း ရဲ့တာဝန်ကျ တာဝန်မှူးက ရှင်းပြပါတယ်။

သူတို့ ၄ ဦးကို လက်ရှိ ရဲစခန်းမှာ မယ(ပ) ၅/၂၀၁၈ မူးစိတ်ပုဒ်မ ၁၅/၁၆(ဂ)/၂၁ နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့သိရပါတယ်။

PN

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*