ငွေသွင်းပြီး CI လာမလုပ်သေးတဲ့ မြန်မာလုပ်သား ၈ သောင်းခွဲ ခန့်ရှိ

ငွေသွင်းပြီး CI လာမလုပ်သေးတဲ့ မြန်မာလုပ်သား ၈ သောင်းခွဲ ခန့်ရှိ
January 12, 2018 Fame Asian

2:22 pm
ငွေသွင်းပြီး CI လာမလုပ်သေးတဲ့ မြန်မာလုပ်သား ၈ သောင်းခွဲ ခန့်ရှိ

26229566_1661134827263809_8425218247629433171_n

နေပြည်တော် ၊ ဇန်န၀ါရီ ၁၂

7 eleven ဆိုင်တွေမှာ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်(CI)စာအုပ်နဲ့ အလုပ်ပါမစ်ကြေးပေးသွင်းထားပြီး စင်တာတွေမှာ CI လာမပြုလုပ်သေးတဲ့ မြန်မာလုပ်သား ၈ သောင်းခွဲ လောက်ရှိနေတယ်လို့ အလုပ်သမားနဲ့ လ၀က ၀န်ကြီးဌာနက နေသိရပါတယ်။

၂၀၁၇ ခုနှစ် ၃ လပိုင်းကတည်းက ထိုင်းနို်င်ငံကို ရောက်ရှိအလုပ်လုပ်ကိုင်နေတဲ့ ယာယီနေထိုင်ခွင့်လက်မှတ်TR-38 ကိုင်မြန်မာအလုပ်သမားတွေ ၊ ယာယီမြန်မာနိုင်ငံကူးလက်မှတ်သက်တမ်းကုန်ဆုံးတော့မယ့်မြန်မာလုပ်သားတွေ ၊ ထိုင်းနိုင်ငံအလုပ်အကိုင်ဌာနမှာ မှတ်ပုံတင်ထားတဲ့ အထောက်အထားမဲ့မြန်မာလုပ်သားတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်(CI) ထုတ်ပေးလျက်ရှိရာမှာ အလုပ်သမား ၈၄၀၇၄ ဦးဟာ 7 eleven ဆိုင်တွေမှာ CIစာအုပ်နဲ့ အလုပ်ပါမစ်ကြေးပေးသွင်းထားပြီးဖြစ်ပေမယ့် စင်တာတွေမှာ CI စာအုပ်လာမပြုလုပ်ကြသေးဘူးလို့ အလုပ်သမားနဲ့လ၀က ၀န်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးထံက နေသိရပါတယ်။

“လာမလုပ်ကြသေးတာပေါ့နော်။ CI ထုတ်ပေးဖို့ကျန်နေတာပေါ့နော် ။ ငွေတွေသွင်းထားပြီးပြီ။ အမြန်လာလုပ်ဖို့လိုပါတယ်” လို့ အဆိုပါအကြီးတန်းအရာရှိက ဆိုပါတယ်။

ဒီနှုန်းထားဟာဆိုရင် အခု ဇန်န၀ါရီလ ၉ ရက်နေ့အထိ ပြုစုထားတဲ့ စာရင်းလည်းဖြစ်ပါတယ်။

အခုတလောမှာ ထိုင်းနိုင်ငံအစိုးရက ကြေညာချက်တွေမှာ အချို့ဟာ ကြေညာပြီးရက်ပိုင်းအတွင်း ပြန်လည်ရုပ်သိမ်းလိုက်တာတွေလည်းရှိနေတဲ့ အတွက် ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့မြန်မာလုပ်သားတွေအနေနဲ့ CI စာအုပ်အမြန်ဆုံးသွားလုပ်ကြဖို့ကို လည်း ထိုင်းအခြေစိုက် အလုပ်သမားအရေးဆောင်ရွက်တဲ့အဖွဲ့ တစ်ခုဖြစ်တဲ့ အလုပ်သမားဟစ်တိုင်အဖွဲ့က တိုက်တွန်းထားတယ်လို့သိရပါတယ်။

အလားတူ ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားသံအရာရှိရုံးကလည်း မြန်မာအလုပ်သမားတွေအနေနဲ့ CI စာအုပ်တွေ အမြန်ဆုံးလုပ်ကြဖို့တိုက်တွန်းနှို်းဆော်ထားပါတယ်။

ဒီကနေ့ အထိဆိုရင် ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့မြန်မာလုပ်သား ၉၂၅၁၃၅ ဦးကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် CI စာအုပ်တွေ ထုတ်ပေးထားပြီးဖြစ်တယ်လို့ လည်း အလုပ်သမားနဲ့လ၀က ၀န်ကြီးဌာနရဲ့ စာရင်းတွေအရသိရပါတယ်။

အခု ထိုင်းနိုင်ငံ မဟာချိုင် ၊ စမုပရာကန် ၊ မယ်ဆိုင် ၊ မဲဆောက် ၊ ရနောင်း စတဲ့မြို့တွေမှာ CI ထုတ်ပေးရေးစခန်းတွေ ဖွင့်လှစ်ပြီး CI ထုတ်ပေးနေပါတယ်။

အလားတူ ရွှေ့လျားစနစ်နဲ့ ပထုံဌာနီ ၊ နွမ်ထဘူရီတို့မှာ Mobile Team စနစ်နဲ့ CI ထုတ်ပေးနေပါတယ်။

နောက်ဆုံးရရှိထားတဲ့သတင်းတွေအရတော့ ဖူးခတ်မှာလည်း ရွှေ့လျားစနစ်သုံး CI ထုတ်ပေးရေးစင်တာဖွင့်လှစ်တော့မယ်လို့ သိရပါတယ်။

YL
Photo-Labour Hittai

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*