အချစ်ရေး အိမ်ထောင်ရေးအတွက် အသက်ပေးကြလေသလော

အချစ်ရေး အိမ်ထောင်ရေးအတွက် အသက်ပေးကြလေသလော
January 11, 2018 AsianFame MediaGroup

5:52 pm
အချစ်ရေး အိမ်ထောင်ရေးအတွက် အသက်ပေးကြလေသလော
26230287_1660356310674994_3590039643296794641_n
ရန်ကုန်၊ဇန်န၀ါရီ ၁၁

အိမ်ထောင်ရေးကိစ္စ၊ သမီးရည်းစားကိစ္စနဲ့ပတ်သတ်ပြီး ကြိုးဆွဲချသေဆုံးမှုနဲ့ တိုက်ပေါ်မှ ခုန်ချသတ်သေတဲ့ အမှုတွေ ရန်ကုန် သာကေတနဲ့ အလုံတို့မှာ တစ်ရက်စီဖြစ်ပွားခဲ့တယ်လို့သက်ဆိုင်ရာကနေသိရပါတယ်။

သာကေတမှာ ဇန်န၀ါရီ ၉ရက်နေ့က ဖြစ်တဲ့ ဖြစ်ရပ်မှာတော့ အသက်၃၆နှစ်အရွယ် သဘောင်္သားတစ်ဦး သေဆုံးခဲ့ပြီး၊အလုံမှာ ဇန်န၀ါရီ ၁၀ရက်နေ့ကဖြစ်တဲ့ ဖြစ်စဉ်မှာတော့ အသက် ၂၇နှစ်အရွယ် စည်ပင်နေ့စားဝန်ထမ်းတစ်ဦးသေဆုံးသွားခဲ့တာပါ။

ရဲမှတ်တမ်းနဲ့ နိုင်ငံပိုင်မီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ သာကေတမှ အသက်၃၆နှစ်အရွယ် သဘောင်္သားတစ်ဦး ကြိုးဆွဲချသေဆုံးမှုဟာ ဇနီးဖြစ်သူနဲ့ အိမ်ထောင်ရေးကိစ္စ စကားများရန်ဖြစ်ပြီး အရက်အလွန်အကျွံသောက်ကာ လျှပ်စစ်ဝိုင်ယာကြိုးနဲ့ ကြိုးဆွဲချသေဆုံးခဲ့တာလို့သိရပြီး၊ အလုံမြို့နယ်ထဲမှာဖြစ်တဲ့ အသက် ၂၇နှစ်အရွယ် စည်ပင်နေ့စားဝန်ထမ်းတစ်ဦး ၅လွှာတိုက်ပေါ်ကနေ ခုန်ချ သတ်သေ သေဆုံးခဲ့တာကတော့ ရည်စားနဲ့စကားများပြီး သေဆုံးခဲ့တာလို့ ဆိုပါတယ်။

သက်ဆိုင်ရာ ရဲတွေကတော့ ဓမ္မတာအတိုင်းသေဆုံးတာဟုတ်/မဟုတ် စုံစမ်းစစ်ဆေးနေကြပြီး၊အမှု ၂ခုစလုံးကို သေမှုသေခင်းတွေ ဖွင့်ပြီးစစ်ဆေးနေကြပါတယ်။

အလုံမြို့မ ရဲစခန်းက အမှုစစ်အရာရှိကတော့ သူ့နယ်က အသက် ၂၇နှစ်အရွယ် စည်ပင်နေ့စားဝန်ထမ်းတစ်ဦး ၅လွှာတိုက်ပေါ်ကနေ ခုန်ချ သတ်သေ သေဆုံးခဲ့တာကတော့ ရည်စားနဲ့စကားများပြီး သေဆုံးတာဟုတ်/မဟုတ် တပ်အပ် မပြောနိုင်သေးဘူးလို့ Popular News ကိုပြောပါတယ်။

PNews

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*