မျက်မမြင်များအတွက် လက်စမ်းစာနဲ့ ဖတ်နိုင်မယ့် သတင်းစာ ပြန်ကြားရေးဝန်ကြီးဌာနထုတ်ဖို့ အစီအစဉ်ရှိ

မျက်မမြင်များအတွက် လက်စမ်းစာနဲ့ ဖတ်နိုင်မယ့် သတင်းစာ ပြန်ကြားရေးဝန်ကြီးဌာနထုတ်ဖို့ အစီအစဉ်ရှိ
January 11, 2018 Fame Asian

11:59 am
မျက်မမြင်များအတွက် လက်စမ်းစာနဲ့ ဖတ်နိုင်မယ့် သတင်းစာ ပြန်ကြားရေးဝန်ကြီးဌာနထုတ်ဖို့ အစီအစဉ်ရှိ

26815152_1660171774026781_6650805026345751837_n

ရန်ကုန် ၊ ဇန်န၀ါရီ ၁၁

မျက်မမြင်များအတွက် လက်စမ်းစာနဲ့ ဖတ်ရှုနိုင်တဲ့ သတင်းစာ စမ်းသပ်ထုတ်ဝေဖို့ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်မှ ဥက္ကဌဦးအောင်ကိုမြင့်က ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။ မနေ့ က ၃ နာရီခွဲအချိန်မှာ ပြန်ကြားရေးဝန်ကြီိးဌာနနဲ့ မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်တို့ တွေ့ ဆုံမှုမှာ အဲဒီအချက်အပါအ၀င် အချက်(၆)ချက်ကို ဆွေးနွေးခဲ့တာဖြစ်တယ်လို့ သူကဆိုပါတယ်။

”သူတို့ ကတော့ အဆင့်ဆင့်ဦးစာပေးအလိုက် ဆောင်ရွက်သွားမယ်လို့ ပြောတယ်။ အဲဒီလိုသတင်းစာထုတ်ပေးချင်တယ် ဒါပေမယ့် ဘယ်လိုလုပ်ရမလဲမသိဘူး ။ အဲဒါကို ကျွန်တော်တို့ က ထုတ်ဝေနိုင်ရေးအတွက် အကူအညီပေးမယ် ။ ဘယ်တော့ထုတ်မလဲဆိုတာက သူတို့ ရဲ့ ဦးစားပေးအဆင့်တွေအပေါ်မူတည်ပါတယ် ကျွန်တော်တို့ ကတော့ မြန်လေကြိုက်လေပဲ ” လို့ ဦးအောင်ကိုမြင့်ကပြောပါတယ်။

မနေ့ ကတွေ့  ဆုံမှုမှာ လက်ရှိထုတ်ဝေနေတဲ့ သတင်းစာ၊ ဂျာနယ် နဲ့ မဂဇင်းတွေမှာ မသန်စွမ်းသူများနဲ့ ပတ်သတ်ပြီးသုံးစွဲတဲ့အသုံးအနှုန်းတွေကို ပြန်ကြားရေးဝန်ကြီိးဌာနက ညွှန်ကြားချက်ထုတ်ပေးဖို့ နဲ့ အပိုင်း (၂) ပိုင်းခွဲပြီိး ပြန်ကြားရေးဝန်ကြီးဦးဖေမြင့်ကို တင်ပြခဲ့တယ်လို့ ဦးအောင်ကိုမြင့်ကပြောပါတယ်။

အဲဒါတွေကတော့ မိုးလေ၀သသတင်း၊ အရေးပေါ်သတင်းတွေတိုင်းမှာ လက်သင်္ကေတပြဘာသာစကားထည့်ပေးဖို့ ၊ မသန်စွမ်းသူများအတွက်အကူအညီပေးရေး Call Centre အကြောင်းကို ပြည်သူတွေသိဖို့ နိုင်ငံပိုင်ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပေးဖို့ ၊ မသန်စွမ်းမှုနဲ့ သက်ဆိုင်တဲ့ ဇာတ်လမ်းများကို ယခုထက်ပိုပြီးထုတ်လွှင့်ပေးဖို့ စတာတွေကို တင်ပြခဲ့တယ်လို့ သိရပါတယ်။

AF – 245

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*