ထိုင်းရောက်အထောက်အထားမဲ့ရွှေ့ပြောင်းအလုပ်သမားအသစ်တွေကို အထောက်အထားလုပ်ပေးမယ် ၊ CI စာအုပ်လုပ်ဖို့အချိန် ၆ လထပ်တိုးပေးမယ်ပြောပြီး ထိုင်းအစိုးရကပြန်လည်ရုပ်သိမ်း

ထိုင်းရောက်အထောက်အထားမဲ့ရွှေ့ပြောင်းအလုပ်သမားအသစ်တွေကို အထောက်အထားလုပ်ပေးမယ် ၊ CI စာအုပ်လုပ်ဖို့အချိန် ၆ လထပ်တိုးပေးမယ်ပြောပြီး ထိုင်းအစိုးရကပြန်လည်ရုပ်သိမ်း
January 10, 2018 Fame Asian

12:11 pm
ထိုင်းရောက်အထောက်အထားမဲ့ရွှေ့ပြောင်းအလုပ်သမားအသစ်တွေကို အထောက်အထားလုပ်ပေးမယ် ၊ CI စာအုပ်လုပ်ဖို့အချိန် ၆ လထပ်တိုးပေးမယ်ပြောပြီး ထိုင်းအစိုးရကပြန်လည်ရုပ်သိမ်း

26196300_1659213597455932_3638387486512042920_n

မဟာချိုင် ၊ ဇန်န၀ါရီ ၁၀

ပြီးခဲ့တဲ့ရက်ပိုင်းလေးကတင် ထိုင်းအစိုးရက ထုတ်ပြန်ထားတဲ့ အထောက်အထားမဲ့နိင်ငံခြားသားအလုပ်သမားအသစ်တွေကို အထောက်အထားလုပ်ပေးမယ် ၊ CI စာအုပ်လုပ်ဖို့အချိန် ၆ လထပ်တိုးပေးမယ်ဆိုတာတွေကို ကြေညာပြီးတစ်ပတ်မပြည့်ခင်မှာပဲ ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။

ဇန်န၀ါရီလ ၉ ရက်နေ့ မှာ ထိုင်းအစိုးရက အခုလို ပြန်လည်ရုပ်သိမ်းလိုက်တာလည်းဖြစ်ပါတယ်။

အခု ပြန်လည်ရုပ်သိမ်းလိုက်တဲ့ အကြောင်းအရာတွေကို အကြမ်းဖျင်းပြန်ကြည့်ရရင် – ဇန်န၀ါရီလ ၅ ရက်နေ့မှာထိုင်းအစိုးရကိုယ်တိုင်ထုတ်ပြန်ထားတဲ့ ထိုင်းရောက် မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားတွေထဲက အထောက်အထားမဲ့ကြောင်းစာရင်းသွင်းထားပြီးသူများကို အထောက်အထားထုတ်ပေးမယ် ၊ ခုတလောမှာ သက်တမ်းကုန်မယ့်/သက်တမ်းကုန်သွားတဲ့ ပန်းရောင်ကဒ်ကိုင်ဆောင်သူတွေကို အသစ်ပြန်လုပ်ပေးမယ်ဆိုတဲ့ အချက်တွေ ပါဝင်နေပါတယ်။

အလားတူ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအကုန်မှာကြေညာခဲ့တဲ့ ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို CI စာအုပ်လုပ်ခွင့်အချိန် ၆ လထပ်တိုးပေးမယ်ဆိုတဲ့ အချက်လည်းပါဝင်နေပါတယ်။

အခုလို ကြေညာပြီးရက်ပိုင်းအတွင်းမှာပဲ ပြန်လည်ရုပ်သိမ်းလိုက်တဲ့အတွက် ကြေညာချက်တစ်စုံတစ်ရာမထွက်သေးမချင်း ယောင်ချာချာဖြစ်နေဦးမယ်လို့ ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမားအရေးဆောင်ရွက်သူတွေနဲ့ အလုပ်သမားတွေက ဝေဖန်နေကြပါတယ်။

ထိုင်းအခြေစိုက် အလုပ်သမားဟစ်တိုင် က ကိုစောမောင်က “ကြေညာချက် ၂ စောင်နဲ့ ရုပ်သိမ်းလိုက်တာ ။ တစ်စောင်မှာက ၆ လတိုးပေးတဲ့ကိစ္စကို ပြန်ရုပ်သိမ်းတာ ၊ နောက်တစ်စောင်မှာက အထောက်အထားမဲ့ နဲ့ပန်းရောင်ကဒ်သမားတွေကိစ္စကို ပြန်ရုပ်သိမ်းတာ ။ နောက်ကြေညာချက်ထွက်တဲ့အထိတော့စောင့်ရုံပေါ့ ” လို့ ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

ထိုင်းအစိုးရက သူ့နိုင်ငံကို ရောက်ရှိနေတဲ့ အထောက်အထားမဲ့ တရားမ၀င်အလုပ်သမားတွေကို ထိရောက်စွာအရေးယူဖို့ ဥပဒေတစ်ရပ်ကို ၂၀၁၇ ခုနှစ်အတွင်းမှာ ပြဌာန်းခဲ့ပြီး ဥပဒေအရအရေးယူဖမ်းဆီးမယ့်ကိစ္စကိုတော့ ၆ လဆိုင်းငံ့ပေးတာဖြစ်ပါတယ်။

ပထမအကြိမ် ၆ လဆိုင်းငံ့ပေးခဲ့တာဟာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့မှာ အချိန်ပြည့်ခဲ့ပြီးဒုတိယအကြိမ်အ နေနဲ့ နောက်ထပ် ၆ လ ဆိုင်းငံ့ပေးကြောင်း ကြေညာခဲ့ရာက အခု ဒုတိယအကြိမ် ဆိုင်းငံ့ပေးခြင်းကို ပြန်လည်ရုပ်သိမ်းလိုက်တာဖြစ်ပါတယ်။

ထိုင်းအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် MWRN ဥက္ကဌ ဦးစိန်ဌေး က” ဟိုတစ်လောကကြေညာထားတဲ့ ထုတ်ပြန်ချက်တွေမှာ CI လုပ်တာတို့ နိုင်ငံသားစီစစ်တဲ့လုပ်ငန်းစဉ်တွေ ၊ဘယ်သူတွေကို လုပ်ခွင့်ပေးတယ်ဆိုတဲ့အမိန့်စာကို ဖျက်သိမ်းတာနောက်ထပ် အထောက်အထားမရှိတဲ့သူတွေကို လည်း CI လာလုပ်ဖို့ အဲ့ဒါတွေကို ပြန်ဖျက်သိမ်းတာ။ သက်ရောက်မှုကတော့ ဘာမှ အထောက်အထားမရှိတဲ့မြန်မာအလုပ်သမားတွေ CI စာအုပ်လုပ်ခွင့်မရတော့ပြန်ဘူး ” လို့ ဆိုပါတယ်။

YL
Photo-Labour Hittai

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*