မန်းမြို့နယ် ၈ ခုမှာ ၀န်ထမ်းအိမ်ရာ ၁၈ လုံး ၆လအတွင်း ဆောက်ပေးသွားမယ်

မန်းမြို့နယ် ၈ ခုမှာ ၀န်ထမ်းအိမ်ရာ ၁၈ လုံး ၆လအတွင်း ဆောက်ပေးသွားမယ်
January 9, 2018 Fame Asian

3:41 pm
မန်းမြို့နယ် ၈ ခုမှာ ၀န်ထမ်းအိမ်ရာ ၁၈ လုံး ၆လအတွင်း ဆောက်ပေးသွားမယ်

26220180_1658303130880312_3124980048617068008_n

မန္တလေး၊ ဇန်န၀ါရီ ၉

အခုဘဏ္ဍာနှစ်ရဲ့ ပထမ ၆ လပတ်အတွင်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၈ ခုမှာ ၀န်ထမ်းအိမ်ရာ ၁၈ လုံး ဆောက်ပေးသွားမှာ ဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးရုံးဆီက သိရပါတယ်။

“ညောင်ဦး မြင်းခြံ ကျောက်ပန်းတောင်း မိုးကုတ် ရမည်းသင်း မလှိုင် သာစည် မိတ္ထီလာ တို့မှာ ဆောက်ပေးမှာပါ၊ ၂၀၁၈ ပထမဘတ်ဂျက် ၆ လ ပေါ့၊ ဧပြီလကနေစက်တင်ဘာလအတွင်း ဆောက်မှာပါ၊ စုစုပေါင်း ၁၈ လုံးပါ” လို့ မန္တလေးတိုင်းဒေသကြီး၊မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူးဦးခင်မောင်ထွန်းကပြောပါတယ်။

၂၀၁၈ ခုဘဏ္ဍာရေးနှစ် မန္တလေးတိုင်းဒေသကြီးငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေနဲ့ဆောက်လုပ်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

ဝန်ထမ်းအိမ်ရာ ၁၈ လုံးအတွက် ညောင်ဦးမြို့ မှာ ၂ လုံး၊ မြင်းခြံမြို့မှာ ၂ လုံး၊ ကျောက်ပန်း တောင်းမြို့မှာ ၂ လုံး၊ မိုးကုတ်မြို့မှာ ၂ လုံး၊ ရမည်းသင်းမြို့မှာ ၂ လုံး၊ မလှိုင်မြို့မှာ ၂ လုံး၊ သာစည်မြို့မှာ ၃ လုံး နဲ့ မိတ္ထီလာမြို့မှာ ၃ လုံး လျာထားချက်ရှိတယ်လို့သိရပါတယ်။

“မြင်းခြံ သာစည် မိတ္ထီလာမှာက ၄ ခန်းတွဲ ၄ ထပ်၊ ညောင်ဦးမှာက ၆ ခန်းတွဲ ၂ ထပ်၊ ကျန်တဲ့မြို့တွေမှာတော့ ၄ ခန်းတွဲ ၃ ထပ်ပါ” လို့ မန္တလေးတိုင်းဒေသကြီး၊ မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးရုံးမှ အင်ဂျင်နီယာတစ်ဦးကပြောပါတယ်။

အခု ဆောက်လုပ်ပေးသွားမယ့်ဝန်ထမ်းအိမ်ရာတွေအတွက် ဆောက်လုပ်ရေးလုပ်ငန်းရှင် (မြန်မာနိုင်ငံသားတိုင်းရင်းသားလုပ်ငန်းရှင်) တွေကိုတင်ဒါခေါ်ယူထားပြီး လျှောက်လွှာတွေကို အခုလ ၁၅ ရက်ကနေ ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ မန္တလေးတိုင်းဒေသကြီး၊မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးရုံးမှာရောင်းချပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*