မြေထိန်းနံရံလုပ်ရင်း မြေပြိုကျလို့ နတ်တလင်း – လက်ပံတန်းလမ်းပိုင်း(မိုးညိုမြို့နယ်အတွင်း)ခေတ္တပိတ်ထားရ

မြေထိန်းနံရံလုပ်ရင်း မြေပြိုကျလို့ နတ်တလင်း – လက်ပံတန်းလမ်းပိုင်း(မိုးညိုမြို့နယ်အတွင်း)ခေတ္တပိတ်ထားရ
January 8, 2018 AsianFame MediaGroup

4:01 pm
မြေထိန်းနံရံလုပ်ရင်း မြေပြိုကျလို့ နတ်တလင်း – လက်ပံတန်းလမ်းပိုင်း(မိုးညိုမြို့နယ်အတွင်း)ခေတ္တပိတ်ထားရ

26196266_1657269570983668_3149907524351195467_n

မိုးညို၊ ဇန်န၀ါရီ ၈

နတ်တလင်း-လက်ပံတန်းလမ်းပိုင်း (မိုးညိုမြို့နယ်အတွင်း) နေရာတစ်ခုမှာ ကျောက်စီမြေထိန်းနံရံလုပ်နေရင်း ဒီကနေ့မနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားလို့ လမ်းကို ခေတ္တပိတ်ထားလိုက်ရပါတယ်။

အဆိုပါလမ်းဟာ ပဲခူးတိုင်းဒေသကြီးအတွင်းက နတ်တလင်း – တာပွန် – မိုးညို – ထိန်တော- လက်ပံတန်း ကိုဆက်သွယ်ထားတဲ့ ဗျူဟာလမ်းဖြစ်ပြီး ၂၀၁၇ ခုနှစ်အတွင်းမှာမှ ထပ်ပိုးလွှာခင်းပြီးပြင်ဆင်ထားတဲ့လမ်းလည်းဖြစ်တယ်လို့ မိုးညိုမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်း က ပြောပါတယ်။

ဒီကနေ့ မနက် ၈ နာရီလောက်က အဆိုပါလမ်းပိုင်း မိုးညိုမြို့နယ်အတွင်း ဆင်ခေါင်းအုပ်စု မိုင်တိုင် ၅၄/၃-၄ မှာရှိတဲ့ ငါးပြေမဘေလီတံတား အနားမှာ မြေထိန်းနံရံပြုလုပ်နေရင်းပြိုကျခဲ့တာဖြစ်ပါတယ်။

ဦးကျော်မျိုးမင်းက “ကျောက်စီနံရံလုပ်နေတာ ။ ဒါပေမဲ့ အောက်ကိုအတူးလွန်သွားတော့ အရမ်းနက်ကြီးဖြစ်သွားတော့မြေသားနံရံတွေနာကုန်တယ်။ အဲ့ဒီဘေလီတံတားက မနစ်က ဆောက်ထားတာ ဆောက်တော့ အောက်မှာပတ်လမ်းဖောက်ထားတယ်။ ကားကြီးတွေအတွက် အဲ့ဒီလမ်းကိုသုံးပါလို့လည်း ကျွန်တော်ပြောခဲ့တယ်။ အဲ့လိုမလုပ်ဘဲ ကားကြီးတွေကို အပေါ်ကပေးမောင်းတဲ့အခါကြတော့ တုန်ခါအားနဲ့ကြတော့ပြိုကျကုန်ရော ။ အခု ကားကြီးတွေလည်းမောင်းလို့မရတော့ဘူး ” လို့ ပြောပါတယ်။

အဆိုပါ မြေထိန်းနံရံကို ဆောက်လုပ်ရေးကတာဝန်ယူဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။

လက်ရှိ မြေသားနံရံတွေ ပြိုကျသွားတဲ့အတွက် လမ်းကို ခေတ္တပိတ်ထားရပြီး တံတားဆောက်စဉ်အသုံးပြုခဲ့တဲ့ ပတ်လမ်းကို ပြန်လည်ပြင်အသုံးပြုနေကြောင်း ဦးကျော်မျိုးမင်းကဆိုပါတယ်။

အဆိုပါလမ်းပိုင်းမှာရှိတဲ့ လမ်းတွေ တံတားတွေကို ကောင်းမွန်စွာဆောင်ရွက်ပေးဖို့ ၊ တံတားတွေကိုလည်း သတ်မှတ်ထားတဲ့ တန်နှုန်းအတိုင်းကားတွေဖြတ်သန်းခွင့်ပေးဖို့ ဒေသခံတွေက တောင်းဆိုထားဖူးပါတယ်။

YL

ဓာတ်ပုံ – ဦးကျော်မျိုးမင်း

26231255_1657269567650335_5025791373358400714_n

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*