အကျဉ်းသူအကျဉ်းသားများ၏ နေ့စဉ်စားသောက်စရိတ်ကိုတိုးမြှင့်ပေး

အကျဉ်းသူအကျဉ်းသားများ၏ နေ့စဉ်စားသောက်စရိတ်ကိုတိုးမြှင့်ပေး
January 8, 2018 Fame Asian

6:03 pm
အကျဉ်းသူအကျဉ်းသားများ၏ နေ့စဉ်စားသောက်စရိတ်ကိုတိုးမြှင့်ပေး

Prison

ရန်ကုန် ၊ ဇန်န၀ါရီ ၈

နိုင်ငံအတွင်းက အကျဉ်းထောင်များနှင့်အလုပ်စခန်းများတွင် အကျဉ်းကျခံထားရသော အကျဉ်းသူ/သားများ၏ နေ့စဉ်စားသောက်စရိတ်ကို ၁.၁.၂၀၁၈ ခုနှစ်မှစ၍ ယခင်ကထက်တိုးမြှင့်ပေးလိုက်သည်ဟု နေပြည်တော်အခြေစိုက် အကျဉ်းဦးစီးဌာနမှ ပြောရေးဆိုခွင့်ရသူက ပေါ်ပြူလာနယူးစ်သို့ပြောသည်။

“အရင်က သတ်မှတ်ပေးထားတဲ့ တစ်နေ့စားသောက်စရိတ်က ခေတ်ကာလနဲ့မညီတော့ဘူးလေ။ အခု ခေတ်ကာလနဲ့ လျော်ညီအောင်တိုးပေးလိုက်တဲ့သဘောပါပဲ ” ဟု ၎င်းကဆိုသည်။

အလုပ်စခန်းတွင် အကျဉ်းကျခံထားရသည့် အကျဉ်းသားတစ်ဦးကို ယခင်က တစ်ရက် ၆၂၅ ကျ့ပ် သတ်မှတ်ပေးထားရာမှ ၁.၁.၂၀၁၈ ခုနှစ်မှစ၍ တစ်ရက်လျှင် ၁၀၀၀ ကျပ်အထိ စားသောက်စရိတ်တိုးမြှင့်ပေးလိုက်ကြောင်း ၊ အကျဉ်းထောင်များတွင် အကျဉ်းကျခံနေရသောအကျဉ်းသား/သူ တစ်ဦးကို ယခင် ၆၀၀ ကျပ်အထိ သတ်မှတ်ပေးထားရာမှ ၁.၁.၂၀၁၈ ခုနှစ်မှစ၍ တစ်ရက်လျှင် ၉၇၅ကျပ်ဖိုးအထိစားသောက်စရိတ်တိုးမြှင့်ပေးလိုက်ကြောင်း အဆိုပါ ပြောရေးဆိုခွင့်ရှိသူကပြောသည်။

လက်ရှိ မြန်မာတစ်နိုင်ငံလုံးတွင် အကျဉ်းထောင် ၄၄ ထောင်နှင့် အလုပ်စခန်းပေါင်း ၃၀ ရှိသည်။

အဆိုပါ အကျဉ်းထောင်များနှင့်အလုပ်စခန်းများတွင် အကျဉ်းသူ/သား စုစုပေါင်း ၈ သောင်းမှ ၉ သောင်းကြားရှိကြောင်း အကျဉ်းဦးစီးဌာနမှ ရရှိသောစာရင်းများအရသိရသည်။

PN

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*