ကျွဲ/နွားများပြည်ပသို့တရားဝင်တင်ပို့ခွင့်လိုင်စင်ထုတ် ပေးနေ

ကျွဲ/နွားများပြည်ပသို့တရားဝင်တင်ပို့ခွင့်လိုင်စင်ထုတ် ပေးနေ
January 8, 2018 Fame Asian

4:02 pm
ကျွဲ/နွားများပြည်ပသို့တရားဝင်တင်ပို့ခွင့်လိုင်စင်ထုတ် ပေးနေ

နေပြည်တော် ဇန်နဝါရီ ၈

ကျွဲ/နွားများပြည်ပသို့တရားဝင်တင်ပို့ခွင့်လိုင်စင်ထုတ်ပေးနေပြီးလိုင်စင်(၁)စောင်လျှင်အကောင်ရေ(၁၀၀) အထိခွင့်ပြုထားကြောင်းစီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှသိရသည်။

“အခုလက်ရှိကတော့ကျွဲနွားတွေကိုexport certificateထုတ်ပေးနေပါပြီနောက်တစ်ခုကဒါကို ကျန်းမာရေးစစ်ဆေးပြီးပြီဆိုတဲ့ထောက်ခံချက်တွေ ထုတ်ပေးတာပေါ့လိုင်စင်ထုတ်ပေးတာ(၁၀)စောင် ကျော်လောက်တော့ရှိသွားပြီဒါပေမဲ့လိုင်စင်(၁)စောင်ကိုတော့ကျွဲနွားအကောင်ရေ(၁၀၀)ပဲခွင့်ပြုထားပါတယ်”ဟုစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှလက်ထောက်အတွင်းဝန်ဦးခင်မောင်လွင်ကဆိုသည်။

ကျွဲတစ်ကောင်လျှင်ကီလို(၃၀၀)အထက်သတ်မှတ်ကာလိုင်စင်ထုတ်ပေးလျှက်ရှိပြီးလိုင်စင်သက်တမ်းမှာ(၃)လအထိခွင့်ပြုပေးထားပြီးလက်ရှိတွင်ပြည်ပသို့တရားဝင်ကျွဲ/နွားအကောင်ရေ(၁၀၀၀)ခန့်တင်ပို့ထားသည်။

ယခင်ကကျွဲနွားများကိုတရားမဝင်လမ်းကြောင်းများမှ တင်ပို့နေပြီးနိုင်ငံတော်အတွက်အခွန်ဘဏ္ဍာငွေများဆုံးရှုံးနေသလိုမွေးမြူရောင်းချသူများအတွက်လည်ူနစ်နာမှုများရှိနေသဖြင့်ယခုကဲ့သို့တရားဝင်တင်ပို့ခွင့်လိုင်စင်များထုတ်ပေးခဲ့ခြင်းဖြစ်သည်။

ကျွဲနွားများတရားဝင်တင်ပို့ခွင်လိုင်စင်ရရှိရန်အတွက် မွေးမြူရေးဦးစီးဌာန၏ထောက်ခံချက်လိုအပ်ပြီးတရားဝင်တင်ပို့ခွင့်လိုင်စင်ရရှိပါကသက်ဆိုင်ရာတိုင်းဒေသ ကြီးနှင့်ပြည်နယ်အာဏာပိုင်များထံသို့အကြောင်းကြားထားပြီးလွတ်လပ်စွာသယ်ယူရောင်းဝယ်နိုင်မည်ဖြစ်သည်။

ကျွဲ/နွားများတင်ပို့ခွင့်ကိုယခင်နှစ်ဒီဇင်ဘာလအတွင်းကခွင့်ပြုပေးလိုက်ခြင်းဖြစ်ပြီးမူဆယ်မှတဆင့်တရုတ် နိုင်ငံသို့အများဆုံးတင်ပို့နေကြောင်းသိရသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*