NLD ပါတီကို တစ်နိုင်ငံလုံးမှ လူငယ် (၇) သောင်းကျော် ပါတီဝင်အသစ်ဝင်ရောက်လာခဲ့ပြီး ပညာတက်လူငယ်အများအပြားပါဝင်လာဟုဆို

NLD ပါတီကို တစ်နိုင်ငံလုံးမှ လူငယ် (၇) သောင်းကျော် ပါတီဝင်အသစ်ဝင်ရောက်လာခဲ့ပြီး ပညာတက်လူငယ်အများအပြားပါဝင်လာဟုဆို
January 5, 2018 Fame Asian

4:33 pm
NLD ပါတီကို တစ်နိုင်ငံလုံးမှ လူငယ် (၇) သောင်းကျော် ပါတီဝင်အသစ်ဝင်ရောက်လာခဲ့ပြီး ပညာတက်လူငယ်အများအပြားပါဝင်လာဟုဆို

ရန်ကုန် ၊ ဇန်န၀ါရီ ၅

ယခုလပိုင်းတွေမှာ NLD ပါတီကို လူငယ် (၇) သောင်းကျော် ပါတီဝင်အဖြစ် အသစ်ဝင်ရောက်လာခဲ့ပြီိး ပညာတက်လူငယ် အများအပြားဝင်ရောက်လာတယ်လို့  ဒီချုပ်ပါတီမှ ဒုတိယအကြိမ်လူငယ်ညီလာခံကျင်းပရေးဗဟိုကော်မရှင်ဥက္ကဌဦိးမောင်မောင်ဦိးက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။ ပါတီလူငယ်ညီလာခံတွေကို တစ်နိုင်ငံလုံးအနှံ့ မြို့ နယ် ၃၁၈ မြို့ နယ်မှာ ပြုလုပ်ကျင်းပလျက်ရှိနေတဲ့ ဒီချုပ်ပါတီဟာ ၂၀၁၈ ခုနှစ် ၊ ဇန်န၀ါရီလကုန်မှာ အဲဒီလူငယ်ညီလာခံကျင်းပမှုတွေကို မြို့ နယ်အဆင့်အပြီိးလုပ်ဆောင်သွားမှာဖြစ်တယ်လို့ သူကဆိုပါတယ်။

” ကျွန်တော်တို့အရင်ကစိုးရိမ်ခဲ့တယ် ။ အခုအခေါက်က လူငယ်ကို အရင်ထက် အသက်ကန့် သတ်ချက်လျော့ချလိုက်တာဆိုတော့ လူငယ်ပါတီိဝင်အသစ်တွေရှာရခက်မယ်ဆိုပြီိးစိုးရိမ်ခဲ့တယ်။ အရင်က လူငယ်ပါတီိဝင်ကို အသက်၃၅အထိထားတယ် အခု ၃၀ အထိကိုပဲခေါ်တာကြောင့်လေ။တကယ်တမ်းကျ ကျွန်တော်တို့ မျှော်လင့်ထားတာထက် အများကြီိးပိုပြီိး ကောင်းလာပါတယ်။

လူငယ်ပညာတက်တွေအများအပြား ပါတီဝင်လာကြတယ်။ ကျွန်တော်တို့ သူတို့ နဲ့ ဆွေးနွေးပွဲတွေ အများကြီးလုပ်ပြီိး စကားတွေပြောကြည့်တဲ့အခါ သူတို့ တွေဟာ နိုင်ငံရေးအဆင့်မြင့်ပြီိးသားတွေဆိုတာ တွေ့  ရတယ်။သူတို့ ပြန်လှန်မေးခွန်းတွေ ကောင်းကောင်းမေးနိုင်တယ်။နိုင်ငံရေးဗဟုသုတ ရော နည်းပညာ၊ခေတ်ပညာတက်လူငယ်တွေအများကြီး အခုလိုဝင်လာတာ အများကြီးမျှော်လင့်ထားတယ်။ သူတို့ ကို ကျွန်တော်တို့ ထက်ပိုပြီး တော်တဲ့သူတွေဖြစ်စေချင်တယ်” လို့ ဦးမောင်မောင်ဦိးကပြောပါတယ်။

လက်ရှိမြို့ နယ်အဆင့် ကျင်းပနေတဲ့ ဒုတိယအကြိမ်လူငယ်ညီလာခံတွေကို ကျင်းပအပြီိး တစ်ပတ်အတွင်း တိုင်ကြားမှုတွေကိုလက်ခံကာ ပြန်လည်ဖြေရှင်းပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ညီလာခံကျင်းပမှုစည်းမျဉ်းစည်းကမ်းနဲ့ မကိုက်ညီဘဲဆောင်ရွက်မှုတွေရှိခဲ့ပါကလည်း မိမိမြို့ နယ်မှာကျင်းပအပြီိး တစ်ပတ်အတွင်း တိုင်ကြားနိုင်တယ်လို့ သူုကဆိုပါတယ်။မြို့ နယ်အဆင့်များပြီးစီးပါက ခရိုင်၊တိုင်းအဆင့်များဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး ဗဟိုအဆင့်ထိကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

NLD ပါတီရဲ့ ပထမအကြိမ်လူငယ်ညီလာခံကို ပြီးခဲ့တဲ့၂၀၁၄ ခုနှစ်က ကျင်းပခဲ့ပါတယ်။ အဲဒီတုန်းက လူငယ်ပါတီဝင် အင်အား တစ်သိန်းကျော်အသစ်ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*