ယခုနှစ်ကား တင်သွင်းရာတွင် စည်းကြပ်မည့် အခွန်နှုန်းထား သတ်မှတ်ချက်ကို ထုတ်ပြန်မည် မဟုတ်သော်လည်းဒေါ်လာငါးထောင်အောက်လျော့နည်းတင်ပြလာသည့်ကားတန်ဖိုးများကိုUnder valueအဖြစ်သတ်မှတ်မည်

ယခုနှစ်ကား တင်သွင်းရာတွင် စည်းကြပ်မည့် အခွန်နှုန်းထား သတ်မှတ်ချက်ကို ထုတ်ပြန်မည် မဟုတ်သော်လည်းဒေါ်လာငါးထောင်အောက်လျော့နည်းတင်ပြလာသည့်ကားတန်ဖိုးများကိုUnder valueအဖြစ်သတ်မှတ်မည်
January 5, 2018 Fame Asian

4:41 pm
ယခုနှစ်ကား တင်သွင်းရာတွင် စည်းကြပ်မည့် အခွန်နှုန်းထား သတ်မှတ်ချက်ကို ထုတ်ပြန်မည် မဟုတ်သော်လည်းဒေါ်လာငါးထောင်အောက်လျော့နည်းတင်ပြလာသည့်ကားတန်ဖိုးများကိုUnder valueအဖြစ်သတ်မှတ်မည်

26230377_1653976877979604_4735576715109228346_n

နေပြည်တော် ဇန်နဝါရီ ၅

ယခု(၂၀၁၈)ခုနှစ်အတွက်ပြည်ပမှ ကားတင်သွင်းလာသည့်အပေါ် အခွန်စည်းကြပ်မည့် (CIF)တန်ဖိုးကိုထုတ်ပြန်မည်မဟုတ်သော်လည်းအမေရိကန်ဒေါ်လာငါးထောင် အောက်လျော့နည်းတင်ပြလာသည့်ကားများကိုUnder Valueအဖြစ်သတ်မှတ်၍လက်ခံဆောင်ရွက်ခွင့်ပြုသွားမည်မဟုတ်ကြောင်းအကောက်ခွန်ဦးစီးဌာနမှသိရ သည်။

“အရင်နှစ်တွေကလိုဆိပ်ကမ်းရောက်(CIF) တန်ဖိုးအ ပေါ်မှာအခွန်စည်းကြပ်မှာ မဟုတ်တော့ဘဲ အမှန်တကယ် ဝယ်ယူရင်ပေးချေရတဲ့ Invoice နှုန်းအတိုင်း စည်းကြပ်မှာပါ။ဒါပေမယ့် အဲဒီနှုန်း ဒေါ်လာငါးထောင်အောက် လျော့နေရင်တော့မဖြစ်နိုင်ဘူးလို့သတ်မှတ်ပြီးလက်ခံဆောင်ရွက်ပေးမှာမဟုတ်ပါဘူး”ဟု အကောက်ခွန်ဦးစီးဌာနတာဝန်ရှိသူတစ်ဦးကဆိုသည်။

ကားတင်သွင်းခွင့် မူဝါဒအသစ်အရ မော်ဒယ်မြင့်နှင့်ဘယ်မောင်း အမျိုးအစားကားများ သာယခုနှစ်တွင်တင်သွင်း နိုင်တော့မည်ဖြစ်ပြီး(၂၀၁၄)မော်ဒယ်မှစ၍သာတင် သွင်းနိုင်မည်ဖြစ်သဖြင့်အနိမ့်ဆုံးဈေးနှုန်းမှာအမေရိကန်ဒေါ်လာငါးထောင်အောက်မရှိနိုင်ကြောင်းသတ်မှတ် ထားခြင်းဖြစ်သည်။

ယခုနှစ်တွင် အကောက်ခွန်ဦးစီးဌာန အနေနှင့် CIF တန်ဖိုးအစား WTO သဘောတူညီချက်အရ ဝယ်ယူသူ ကိုယ်တိုင်တင်ပြလာသည့်ဈေးနှုန်းများအတိုင်း တွက်ချက်ကောက်ခံသွားမည်ဖြစ်သည်။ကားတင်သွင်းသူများအနေနှင့် ဝယ်ယူရသည့် အမှန်တကယ်တန်ဖိုး ကိုသာ တင်ပြရမည်ဖြစ်ပြီး တန်ဖိုးလျော့တင်ပြလာပါက ထောင်ဒဏ်ဆယ်နှစ်အထိ အမြင့်ဆုံးပြစ်ဒဏ်ချမှတ်နိုင်ကြောင်းသိရသည်။

အောင်ပြည့်စုံ