မပြည့်စုံမှုနှင့် မှားယွင်းမှုများရှိပါက ခွင့်လွှတ်ပေးပါရန် ဂိုဏ်းပေါင်းစုံသံဃံနာယက ဆရာတော်ကြီးများရှေ့မှောက် ၌ ပြည်ထောင်စုအစိုးရအဖွဲ့တောင်းပန်

မပြည့်စုံမှုနှင့် မှားယွင်းမှုများရှိပါက ခွင့်လွှတ်ပေးပါရန် ဂိုဏ်းပေါင်းစုံသံဃံနာယက ဆရာတော်ကြီးများရှေ့မှောက် ၌ ပြည်ထောင်စုအစိုးရအဖွဲ့တောင်းပန်
January 5, 2018 Fame Asian

3:05 pm
မပြည့်စုံမှုနှင့် မှားယွင်းမှုများရှိပါက ခွင့်လွှတ်ပေးပါရန် ဂိုဏ်းပေါင်းစုံသံဃံနာယက ဆရာတော်ကြီးများရှေ့မှောက် ၌ ပြည်ထောင်စုအစိုးရအဖွဲ့တောင်းပန်

1

ရန်ကုန်၊ဇန်နဝါရီ၅

ရွှေတိဂုံစေတီတော်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်မင်္ဂလာပွဲ နှင့် သံဃာတော်အပါး ၁၈၀၀၀တို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲအတွင်း မပြည့်စုံမှုနှင့် မှားယွင်းမှုများရှိပါက ခွင့်လွှတ်ပေးပါရန် ဂိုဏ်းပေါင်းစုံသံဃံနာယက ဆရာတော်ကြီးများရှေ့မှောက် ၌ ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ယနေ့တွင်တောင်းပန်ခဲ့သည်။

တောင်းပန်ပွဲကို ရန်ကုန်ဗဟန်းမြို့နယ်ရှိ တိုင်းသံဃနာယကအဖွဲ့ရုံးတွင်ယနေ့နေ့လည်ပိုင်းကကျင်းပခဲ့သည်။

2.

ရန်ကုန်တိုင်းဝန်ကြီးချုပ်က “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့ကိုယ်စား တပည့်တော်တောင်းပန်အပ်ပါသည်”ဟု လျှောက်ထားတောင်းပန်ရာတွင်ထည့်သွင်း ပြောဆိုခဲ့သည်။

10

တောင်းပန်မှုအပေါ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင်ဆရာတော် သန်လျင်မင်းကျောင်း ဆရာတော်ကြီးက ကြီးကျယ်သည့်ပွဲကြီးများကျင်းပရာ၌ အနည်းငယ်သော မှားယွင်းမှုများသည် ရှိတတ်ကြောင်း၊တောင်းပန်လျှောက်ထားမှုအပေါ် ကျေနပ်လက်ခံပါကြောင်းမိန့်ကြားသည်။

15

နိုင်ငံတော်သံဃမဟာနာယက ဒုတိယဥက္ကဌ ဆရာတော် ဆင်မင်းဆရာတော်ကြီးက လည်း စိတ်ကောင်းစိတ်မြတ်ဖြင့်လုပ်သည့် ကိစ္စမှန်သမျှအပြစ်မရှိပါကြောင်းမိန့်ကြားခဲ့သေးသည်။

MTA

ဓါတ်ပုံ-ကောင်းစွမ်းသာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*