ပြည်နယ်၊ တိုင်းအဆင့်ပညာရေးမှူး (၃) ဦးကို အပြောင်းအရွှေ့ပြုလုပ်

ပြည်နယ်၊ တိုင်းအဆင့်ပညာရေးမှူး (၃) ဦးကို အပြောင်းအရွှေ့ပြုလုပ်
January 3, 2018 Fame Asian

3:54 pm
ပြည်နယ်၊ တိုင်းအဆင့်ပညာရေးမှူး (၃) ဦးကို အပြောင်းအရွှေ့ပြုလုပ်

popular pyitwinn

ရန်ကုန် ၊ ဇန်န၀ါရီ ၃

ပြည်နယ်၊တိုင်းအဆင့်ပညာရေးမှူး (၃) ဦးကို အဆင့်မြင့်ပညာဦးစီးဌာန၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့ (ပညာရေး) နဲ့ (သုတေသန) တို့ ဆီ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ကုန်ပိုင်းက ပြောင်းရွှေ့ ခန့် ထားလိုက်တယ်လို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က Popular News ကိုပြောပါတယ်။

ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့ က ပညာရေးဝန်ကြီးဌာနမှာကျင်းပခဲ့တဲ့ အစည်းအဝေးသဘောတူညီချက်အရ အခုလိုပြောင်းရွှေ့ လိုက်တာဖြစ်ပြီး ပြစ်ချက်ရှိလို့ ပြောင်းရွှေ့ တာမဟုတ်ဘူးလို့ အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်နိုင်စိုးက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

”အဆင့်မြင့်ပညာဦးင်္စီးဌာနဘက်ကိုပြောင်းရွှ့ လိုက်တာဆိုပေမယ့် တကယ်က အဆင့်မြင့်ပညာဦးစီးဌာနကဖွဲ့ ထားတဲ့ လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့ ကိုပြောင်းလိုက်တာပါ။ အဲဒီမှာက အဖွဲ့ (၃) ခုရှိတယ် ။ သုတေသန နဲ့ ပညာရေးနှစ်ဖွဲ့ နဲ့ ဆိုပြီးရှိပါတယ်။ ပညာရေးနဲ့ ပတ်သတ်ပြီးတော့ကျ အခြေခံပညာဘက်နဲ့ ဆိုင်ရင် ကျွန်တော်တို့ ဆီကလူတွေကပဲ အဆင်ပြေမယ်လေ အဲဒါကြောင့်ပြောင်းရွေ့  လိုက်တာဖြစ်ပါတယ် အခြားစီမံခန့် ခွဲမှုညံ့လို့ တို့ ပြစ်ချက်ကြောင့်ပြောင်းတာတို့ မဟုတ်ပါဘူး” လို့ သူကဆိုပါတယ်။

့အခြေခံပညာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ ) ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးဒေါ်မြင့်မြင့်သန်း၊ ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးဦးအောင်ကျော်ထွန်းနဲ့ ဧရာဝတီတိုင်းဒေသကြီိးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးဦးဝင်းမောင်တို့ ကို အခုလိုပြောင်းရွှေ့ လိုက်တာဖြစ်ပါတယ်။ဒေါ်မြင့်မြင့်သန်းကို အဆင့်မြင့်ပညာဦးစီးဌာန၊ဗန်းမော်တက္ကသိုလ်မှ စာကြည့်တိုက်နဲ့  သုတေသနပညာဌာနမှာ ပါမောက္ခရာထူးကိုရယူပြီး လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့ (ပညာရေး)မှာ ညွှန်ကြားရေးအဖြစ်လည်းကောင်း၊ ဦးအောင်ကျော်ထွန်းကို အဆင့်မြင့်ပညာဦးစီးဌာန၊ရွှေဘိုတက္ကသိုလ်မှ မနုဿဗေဒဌာနမှာ ပါမောက္ခရာထူးကိုရယူပြီး လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့ (သုတေသန) မှာ ညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း၊ ဦးဝင်းမောင်ကို အဆင့်မြင့်ပညာဦးစီးဌာန၊ရွှေဘိုတက္ကသိုလ်မှ မနုဿဗေဒဌာနမှာပါမောက္ခရာထူးကိုရယူပြီးလေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့ (သုတေသန) မှာ ညွှန်ကြားရေးမှူးအဖြစ်လည်းကောင်းပြောင်းရွှေ့ ချထားပေးလိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံဆရာများသမဂ္ဂအဖွဲ့ ချုပ်မှ ဦးဇော်မျိုးလှိုင်က ”ကျောင်းငယ်တွေမှာကျ နယ်တက္ကသိုလ်တွေပေါ့ အဲဒီက ဌာနတွေမှာ ဌာနမှူးကို ပါမောက္ခလောက်အထိမထားဘူး ကထိက၊တွဲဖက်ပါမောက္ခလောက်ပဲထားပါတယ်။ အဲဒီတော့ အခြေခံပညာက ညွှန်ကြားရေးမှူးနဲ့ ပါမောက္ခနဲ့ က ရာထူးလစာပေးစကေးအတူတူပါပဲ။ ဒါကြောင့် အဲဒီကိုပြောင်းရွေ့စေပြီိးတော့ တကယ်အလုပ်လုပ်ရတာကျတော့ လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့ မှာလုပ်ရတာပေါ့။ လစာရတာကကျတော့ ဟိုဘက်ကလစာပဲရပါတယ်။ လစာပေးစကေးချင်းတူလို့ ပါမောက္ခအဖြစ်ပြောင်းရုံသက်သက်ပါ” လို့ ရှင်းပြပါတယ်။

လက်ရှိပြောင်းရွေ့ လိုက်တဲ့ ၎င်းတို့ (၃)ဦးရဲ့နေရာတွေမှာ ဒုတိယညွှန်ကြားရေးမှူးများကို ပြန်လည်ဖြည့်ဆည်းသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိတယ်လို့ အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်နိုင်စိုးကပြောပါတယ်။

AF – 245

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*