လူထုအတွက်မှတ်ကျောက်တင်ပေးနိုင်မယ့်မြန်မာ့ရုပ်ရှင်ကားတွေလိုလာပြီလို့ ရန်ကုန်မြို့တော်ဝန်ဆို

လူထုအတွက်မှတ်ကျောက်တင်ပေးနိုင်မယ့်မြန်မာ့ရုပ်ရှင်ကားတွေလိုလာပြီလို့ ရန်ကုန်မြို့တော်ဝန်ဆို
January 3, 2018 Fame Asian

5:16 pm
လူထုအတွက်မှတ်ကျောက်တင်ပေးနိုင်မယ့်မြန်မာ့ရုပ်ရှင်ကားတွေလိုလာပြီလို့ ရန်ကုန်မြို့တော်ဝန်ဆို

1

ရန်ကုန် ၊ ဇန်န၀ါရီ ၃

လူတိုင်းကို သမိုင်းကြောင်းဖော်ပြနိုင်တာဟာ ရုပ်ရှင်ဖြစ်တာကြောင့် လူထုအတွက်မှတ်ကျောက်တင်ပေးနိုင်မယ့်မြန်မာ့ရုပ်ရှင်ကားတွေလိုလာပြီလို့ ရန်ကုန်မြို့တော်ဝန်က ဒီကနေ့ ကျင်းပတဲ့ လွတ်လပ်ရေးလှုပ်ရှားမှု နိုင်ငံတကာရုပ်ရှင် မြန်မာနိုင်ငံပြပွဲမှာ ပြောပါတယ်။

ရန်ကုန်မြို့ရှိ မြန်မာ့ရုပ်ရှင်အစည်းအရုံးမှာ (၃) ရက်တာပြုလုပ်သွားမယ့် အဆိုပါရုပ်ရှင်ပြပွဲမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့  မှ စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက အဖွင့်အမှာစကားမှာ ထည့်သွင်းပြောကြားသွားတာဖြစ်ပါတယ်။

2

ယင်းပြပွဲမှာ မြန်မာ၊ကိုရီးယားနဲ့ အမေရိကန်နိုင်ငံတို့ မှ လွတ်လပ်ရေးကျိုးပမ်းမှုနောက်ခံရိုက်ကူးထားတဲ့ ဇာတ်ကားတွေကိုပြသသွားမှာပါ။ ဒီရုပ်ရှင်ပွဲတော်ဟာ မြန်မာနိုင်ငံအစည်းအရုံးနဲ့ကိုရီးယားနိုင်ငံ ဟန်အီ ရုပ်သံသမိုင်းဖောင်ဒေရှင်းတို့မှ လွတ်လပ်ရေးနေ့ ဂုဏ်ပြုအစီအစဉ် တစ်ခုအဖြစ် ပူးပေါင်းတင်ဆက်တာဖြစ်ပြီး မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပတာဖြစ်ပါတယ်။

3

”ကျွန်တော်တို့ မကြောက်အောင်နဲ့ မအ အောင်ဥပဒေပညာရပ်တွေနဲ့ သမိုင်းတွေကိုလေ့လာရတယ်။သမိုင်းကိုလေ့လာတဲ့အခါကျတော့ တော်တော်များများက စာအုပ်လောက်ပဲကြည့်ပြီး စာအုပ်ထဲမှာမရှိရင် သမိုင်းမရှိတော့ဘူးလို့ ထင်နေတဲ့အတွေးမျိုးက ကျွန်တော်တို့ ဖောက်ထွက်ရပါမယ်။တကယ်တော့ သမိုင်းကြောင်းကို အထင်ကရပြောနိုင်တာ လူတိုင်းလူတိုင်း စာတက်တဲ့လူရော စာမတက်တဲ့လူရောကို သမိုင်းကြောင်းကိုဖော်ပြတာဟာ ရုပ်ရှင်ပါပဲ” လို့ ဦးမောင်မောင်စိုးကပြောပါတယ်။

4

အခမ်းအနားကို မြန်မာ့ရုပ်ရှင်အစည်းအရုံးမှ နာယက ဒါရိုက်တာဦးကြည်စိုးထွန်းကလည်း အမှတ်တရစကားပြောကြားပေးခဲ့ပြီး ကိုရီးယားနိုင်ငံမှ ဟန်အီးရုပ်သံသမိုင်းဖောင်ဒေးရှင်း ဥက္ကဌ ရီဝန်ဟြောက်နဲ့ အတူ ရုပ်ရှင်ပွဲတော်ကိုဖွင့်လှစ်ပေးခဲ့ပါတယ်။

5

လွတ်လပ်ရေးနေ့ဖြစ်တဲ့ ဇန်န၀ါရီ ၄ ရက်နေ့ နေ့လယ် ၂ နာရ်ီမှာ အိုင်ယာလန် လွတ်မြောက်ရေး ခေါင်းဆောင် မိုက်ကယ်ကောလင်းစ် အကြောင်းရိုက်ကူးထားတဲ့ Michael Collins အမည်ရှိ ရုပ်ရှင်ဇာတ်ကားနဲ့ သူလျှိုအမည်ရှိဇာတ်ကား၊ ဇန်န၀ါရီ ၅ ရက်နေ့ နေ့လယ် ၂ နာရီမှာ ဗီယက်နမ် ဟိုချီမင်းရဲ့ လွတ်လပ်ရေးလှုပ်ရှားမှုအကြောင်း The Prophecy အမည်ရှိဇာတ်ကားနဲ့ ညနေ ၅ နာရီမှာ ဂျပန်ခေတ် ဂျပန်စစ်သားတို့ ရဲ့ ကိုရီးယား အမျိုးသမီးငယ်များကို လိင်ကျွန်အဖြစ် အသုံးပြုခံရခြင်း အကြောင်း Spirits Homecoming အမည်ရှိ ရုပ်ရှင်ဇာတ်ကားတို့ ကို ပြသသွားမှာဖြစ်ပါတယ်။

သတင်း + ဓာတ်ပုံ – ဖြိုးထက်အောင်

6

7

8

9

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*