လွတ်လပ်ရေးနေ့အခမ်းအနားအတွက် ပန်းခြံဘေးရှိလမ်းများကို ယာယီ လမ်းပိတ်/လမ်းလွှဲပြုလုပ်သွားမည်

လွတ်လပ်ရေးနေ့အခမ်းအနားအတွက် ပန်းခြံဘေးရှိလမ်းများကို ယာယီ လမ်းပိတ်/လမ်းလွှဲပြုလုပ်သွားမည်
January 2, 2018 Fame Asian

5:33 pm
လွတ်လပ်ရေးနေ့အခမ်းအနားအတွက် ပန်းခြံဘေးရှိလမ်းများကို ယာယီ လမ်းပိတ်/လမ်းလွှဲပြုလုပ်သွားမည်

1
ရန်‌ကုန်‌၊ ဇန်‌နဝါရီ ၂

နှစ်(၇၀)ပြည့်လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပရန်အတွက် မဟာဗန္ဓုလပန်းခြံဘေးပတ်လည်ရှိ လမ်းမများကို ယာယီ လမ်းပိတ်/လမ်းလွှဲပြုလုပ်သွားမည်ဖြစ်ပြီး ယာဉ်ကြောရှင်းလင်းရန် ယာဉ်ထိန်းအင်အား ၇၀ နီးပါးအသုံးပြုသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး၊အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့  မှူးရုံးမှ ပေါ်ပြူလာနယူးစ်ကိုပြောသည်။

2
မဟာဗန္ဓုလပန်းခြံဘေးပတ်လည်ရှိ ဆူး‌လေဘုရားလမ်းမှ ပန်းဆိုးတန်းလမ်း၊ကမ်းနားလမ်းမှ မဟာဗန္ဓုလမ်း၊ကုန်‌သည်‌လမ်းနှင့် ဘဏ်‌လမ်းတို့ ကို အခမ်းအနားကျင်းပမည့်နေ့ ရက်မတိုင်ခင်တစ်ရက်အလိုမှာ ကြိုတင် လမ်းပိတ်/လမ်းလွှဲပြုလုပ်သွားမှာဖြစ်ပြီး နှစ်‌၇၀ပြည့်‌ လွတ်‌လပ်‌‌ရေး‌အခမ်းအနားဖွင့်‌ပွဲ မိန့်‌ခွန်း‌ပြောပြီးချိန်‌အထိ လမ်းပိတ်/လမ်းလွှဲပြုလုပ်ထားမည်ဟု ဒုတိယရဲမှူးဆန်းလင်းက‌ပြောသည်။

3

”ပန်းခြံပတ်‌လည်‌က လမ်း‌တွေအကုန်‌ပိတ်‌ထားမှာပါ။ ပုံစံမူကြမ်းက‌တော့ ပန်းခြံ‌ဘေးက လမ်း‌တွေကို ‌လေး‌ထောင့်‌ပုံစံပိတ်‌ထားမယ့်ပုံစံပေါ့။ ဒီနှစ် ၇၀ ပြည့်လွတ်လပ်ရေးနေ့ အခမ်းအနားကို လာမယ့်ယာဉ်တွေကိုတော့ ကမ်းနားလမ်းမှာ ရပ်နားနိုင်အောင်စီစဉ်ထားပါတယ်”ဟု ၎င်းက‌ပြောသည်။

4
လက်ရှိတွင် လွတ်လပ်ရေးအခမ်းအနားကျင်းပနိုင်ရေးအတွက် ပြင်ဆင်မှုများကိုလွန်ခဲ့သည့် ၃ ရက်ခန့် ကတည်းက စတင်ဆောင်ရွက်နေပြီး မဟာဗန္ဓုလပန်းခြံဘေးရှိ ညဈေးတန်းကိုလည်း ယခုရက်ပိုင်းအတွင်း ပိတ်ထားသည်ကိုတွေ့ ရသည်။ ယခုနှစ်လွတ်လပ်ရေးနေ့ အခမ်းအနားကိုဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်ရေးအတွက် ဒီမိုကရေစီိစံချိန်စံညွှ့န်းများနှင့်အညီ နိုင်ငံတော်နှင့်သင့်တော်သည့် ဖွဲ့ စည်းပုံအခြေခံဥပဒေတစ်ရပ်ပေါ်ပေါက်ရန် ကြိုးပမ်းဆောင်ရွက်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ရန်၊ နိုင်ငံရေးဆွေးနွေးပွဲများမှတစ်ဆင့် ထာဝရငြိမ်းချမ်းရေးပန်းတိုင်သို့ ရောက်ရှိအောင် ပြည်ထောင်စုတိုင်းရင်းသားအားလုံးမှ နိုင်ငံတော်နှင့်အတူပူးပေါင်းပါဝင်ရေး၊ စီးပွားရေး၏အဓိက မောင်းနှင်အားဖြစ်သည့် ပုဂလိကကဏ္ဍကို အားပေးမြှင့်တင်ခြင်းဖြင့်ပြည်သူများ၏ လူမှုစီိးပွားရေးဘ၀တိုးတက်ကောင်းမွန်လာအောင်ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရေးတို့ အပါအ၀င် လွတ်လပ်ရေးနေ့ အမျိုးသားဦးတည်ချက် ၄ ရပ်ကို ချမှတ်ထားသည်။

5

6

7

8

9

10

11

12

13

14

15

သတင်း – သီဟ၊AF – 245
ဓါတ်ပုံ – ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*