ဘင်္ဂါလီ ၆ ဦးအား ကားဖြင့် သယ်ဆောင်လာသည့် ကြေးမုံသတင်းစာ သတင်းထောက် ကဒ်ပြားကိုင်ဆောင်လာသူအား ကျွန်ပြုရန်လူခိုးမှုဖြင့် အမှုဖွင့်ထားကြောင်း ပြည်ထဲရေးသတင်းထုတ်ပြန်

ဘင်္ဂါလီ ၆ ဦးအား ကားဖြင့် သယ်ဆောင်လာသည့် ကြေးမုံသတင်းစာ သတင်းထောက် ကဒ်ပြားကိုင်ဆောင်လာသူအား ကျွန်ပြုရန်လူခိုးမှုဖြင့် အမှုဖွင့်ထားကြောင်း ပြည်ထဲရေးသတင်းထုတ်ပြန်
December 29, 2017 Fame Asian

3:11 pm
ဘင်္ဂါလီ ၆ ဦးအား ကားဖြင့် သယ်ဆောင်လာသည့် ကြေးမုံသတင်းစာ သတင်းထောက် ကဒ်ပြားကိုင်ဆောင်လာသူအား ကျွန်ပြုရန်လူခိုးမှုဖြင့် အမှုဖွင့်ထားကြောင်း ပြည်ထဲရေးသတင်းထုတ်ပြန်

26166013_1646758268701465_1779947852099266115_n

ပန်းတောင်း၊ ဒီဇင်ဘာ ၂၉

ဘင်္ဂါလီ ၆ ဦးအား ကားဖြင့်သယ်ဆောင်လာသဖြင့် ယမန်နေ့က ပန်းတောင်းမြို့နယ်တွင် ဖမ်းဆီးခဲ့သည့် ကြေးမုံသတင်းစာ သတင်းထောက်ကပ်ပြားကိုင်ဆောင်လာသူအား ရာဇသတ်ကြီးပုဒ်မ ၃၆၇(ကျွန်ပြုရန်လူခိုးမှု)ဖြင့် အမှုဖွင့်ထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့သတင်းထုတ်ပြန်လိုက်သည်။

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ၂၈ ရက်နေ့၊ ၁၂၅၅ အချိန် ပန်းတောင်းမြို့နယ် ညောင်ကျိုးကျေးရွာ နိုင်ငံခြားသားများ တရားမဝင် ဝင်ရောက်မှု တားဆီးကာကွယ်ရေးအဖွဲ့(မကဖ)စစ်ဆေးရေးဂိတ်၌ ညောင်ကျိုးရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ပိတ်ဆို့စစ်ဆေးရေး ဆောင်ရွက်စဉ် တောင်ကုတ်မှ ပြည်သို့ မောင်းနှင်လာသည့် 2E-xxxx TOYOTA Mark II ယာဉ်မှာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားသဖြင့် ဥသျှစ်ပင်နယ်မြေ ရဲစခန်းသို့ အကြောင်းကြားခဲ့ သတင်းရရှိပါသည်။၁၃၀၅ အချိန်တွင် ပြည်-တောင်ကုတ်ကားလမ်း မိုင်တိုင်(၂၃/၂-၃)ကြား ညောင်ခြေထောက် ကျေးရွာအနီး၌ ဥသျှစ်ပင်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ သတင်းရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ၊ ပန်းတောင်းမြို့နယ် ဒုလဝကမှူး ဦးဝင်းမြင့် အပါအဝင် ၃ ဦးနှင့် တပ်မတော်သားများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ စောမိုးကျော်(၅၂)နှစ် ကြေးမုံသတင်းထောက် မောင်းနှင်ပြီး မျိုးလွင်(၃၄)နှစ် အပါအဝင် ဘင်္ဂါလီလူမျိုး ၆ ဦး(ကျား ၂၊ မ ၄)လိုက်ပါလာသည့် 2E- xxxx ယာဉ်အား ပိတ်ဆို့ ဖမ်းဆီးရမိခဲ့ပါသည်။

စောမိုးကျော်အား စစ်မေးရာ ဒီဇင်ဘာလ ၂၇ ရက်နေ့၊ ၁၉၀၀ အချိန် ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံးကယ် ဆယ်ရေးစခန်းမှ မျိုးလွင်အပါအဝင် ဘင်္ဂါလီလူမျိုး ၆ ဦးအား ငွေကျပ် ၂၀ သိန်းဖြင့် ပြည်မြို့(အဝေးပြေး ကားဝင်းထိ)ပို့ဆောင်ရန် ခေါ်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုသဖြင့် ၁၈၅၀ အချိန်တွင် စောမိုးကျော်(ဖမ်းမိ) အား ဥသျှစ်ပင်နယ်မြေရဲစခန်းမှ (ပ)၂၁၁/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၆၇ (ကျွန်ပြုရန် လူခိုးမှု)ဖြင့် အမှုဖွင့်ပြီး မျိုးလွင်ပါ ဘင်္ဂါလီလူမျိုး ၆ ဦးအား လဝကအက် ၆(၂)/၆(၃)ဖြင့် ပန်းတောင်းမြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက် တရားစွဲရန် စီစဉ် ထားရှိကြောင်း သတင်းရရှိပါသည်။

အဆိုပါ စောမိုးကျော်သည် ကျောက်ဖြူမြို့နယ် သတင်းထောက်အဖြစ် ၂၀၁၆ ခုနှစ်အထိ ဆောင်ရွက်ခဲ့ပြီး၊ ၂၀၁၇ ခုနှစ်တွင် သတင်းပေးပို့ခြင်းမရှိတော့သဖြင့် ၇-၇-၂၀၁၇ နေ့မှစ၍ မြို့နယ် သတင်းထောက် အဖြစ်မှ ရပ်ဆိုင်းထားပြီဖြစ်ကြောင်း၊ သူ၏ မြို့နယ်သတင်းထောက်အသိအမှတ်ပြုကပ်ကိုလည်း သတင်းစာတိုက်မှ ပြန်လည်သိမ်းထားပြီးဖြစ်ကြောင်းနှင့် ၄င်းထံတွင် ယခုတွေ့ရှိသော ကပ်မှာ မိတ္တူဖြစ်ကြောင်း ကြေးမုံသတင်းဌာနမှ ယမန်နေ့ညက သတင်းထုတ်ပြန်ခဲ့သည်။

PN

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*