NSCN-K ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင် ငြိမ်းချမ်းရေးကိစ္စဆွေးနွေး

NSCN-K ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင် ငြိမ်းချမ်းရေးကိစ္စဆွေးနွေး
December 28, 2017 Fame Asian

4:45 pm
NSCN-K ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင် ငြိမ်းချမ်းရေးကိစ္စဆွေးနွေး

26165145_1645876032123022_7749298774325947277_n

ရန်ကုန် ၊ ဒီဇင်ဘာ ၂၈

နာဂတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN-K ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ဟာ ဒီကနေ့ ရန်ကုန်မြို့ မှာ အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့တွေ့ဆုံခဲ့ပါတယ်။

NSCN-K ဘက်ကတွေ့ဆုံခွင့်တောင်းခံခဲ့တာဖြစ်ပြီး အထူးသဖြင့်တော့ နာဂဒေသငြိမ်းချမ်းဖို့ကိစ္စကို ဆွေးနွေးခဲ့တယ်လို့ ဒီကနေ့တွေ့ဆုံမှုမှာပါဝင်ခဲ့တဲ့ NSCN-K ရဲ့ ၀န်ကြီးတစ်ဦးဖြစ်သူ ဦးကျော်ဝမ်းစိန်က ပြောပါတယ်။

26195840_1645876028789689_1375532160316333964_n

“မတွေ့တာ တစ်နှစ်ကျော်လောက်ရှိပြီဆိုတော့ အဓိကကချစ်ကြည်ရင်းနှီးမှုပါ။ ဦးသိန်းစိန်လက်ထက်မှာထားရှိခဲ့တဲ့အပြစ်အခတ်ရပ်စဲရေးကို ဆက်လက်ထိန်းသိမ်းဖို့ နာဂဒေသငြိမ်းချမ်းဖို့ ဒီလောက်ပါပဲ။ ထွေထွေထူးထူးသဘောတူညီချက်တွေ ဘာတွေချမှတ်တာတော့မရှိခဲ့ပါဘူး။ ညီလာခံနဲ့ပတ်သတ်လို့တော့ ဖိတ်မယ်လို့ပြောတယ်။ ဖိတ်ရင်လည်းလာရောက်ပြီးတက်ဖို့ ” လို့ သူက ဆိုပါတယ်။

ဒီကနေ့ တွေ့ဆုံပွဲကို ငြိမ်းချမ်းရေးကော်မရှင်ဘက်က ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယဥက္ကဌ ဦးသိန်းဇော်နဲ့ အဖွဲ့ဝင်တွေ ၊ အကြံပေးနဲ့ အထောက်အကူပြုအဖွဲ့ဝင်တွေ တက်ရောက်ကြပြီး နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီဥက္ကဌ ဦးအန်ကန့်၊ ဗဟိုကောင်စီဝင် ဦးကျော်ဝမ်းစိန်၊ ဦးစောထင် နဲ့ ရုံးအဖွဲ့ဝင်တွေ တက်ရောက်ခဲ့တယ်လို့ ငြိမ်းချမ်းရေးကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်တွေ ၊ ၂၀၁၈ ဇန်နဝါရီလကုန်မှာ ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံ တတိယအစည်းအဝေးတက်ရောက်နိုင်ရေး ကိစ္စတွေ ၊ ဒေသတည်ငြိမ်အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးရေးကိစ္စရပ်တွေကိုဆွေးနွေးခဲ့တယ်လို့ ငြိမ်းချမ်းရေးကော်မရှင်က ဆိုထားပါတယ်။

PN

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*