နှစ်စဉ် သေဆုံးမှုရဲ့ ၇၀ရာခိုင်နှုန်းလောက်ဟာ မကူးစက်တဲ့ရောဂါတွေကြောင့် ဖြစ်

နှစ်စဉ် သေဆုံးမှုရဲ့ ၇၀ရာခိုင်နှုန်းလောက်ဟာ မကူးစက်တဲ့ရောဂါတွေကြောင့် ဖြစ်
December 28, 2017 Fame Asian

6:00 pm
နှစ်စဉ် သေဆုံးမှုရဲ့ ၇၀ရာခိုင်နှုန်းလောက်ဟာ မကူးစက်တဲ့ရောဂါတွေကြောင့် ဖြစ်

26056111_1666863340042608_8910369471990368484_n

ရန်ကုန် ၊ ဒီဇင်ဘာ ၂၈

မြန်မာနိုင်ငံက နှစ်စဉ် သေဆုံးမှုရဲ့ ၇၀ရာခိုင်နှုန်းလောက်ဟာ မကူးစက်တဲ့ရောဂါတွေနဲ့ သေဆုံးနေကြရတယ်လို့ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊မကူးစက်နိုင်တဲ့ရောဂါများ ကာကွယ်ရေး နှိမ်နှင်းရေးဌာန ညွှန်ကြားရေးမှုး (အငြိမ်းစား) ဒေါက်တာမြင့်ရွှေက Popular News ကို ပြောပါတယ်။

မကူးစက်တဲ့ရောဂါတွေ ဆိုတာကို ၂ပိုင်းခွဲထားပြီး၊အဓိကမကူးစက်တဲ့ရောဂါကြောင့် သေဆုံးကြတာက ၅၉ရာခိုင်နှုန်း၊ မကူးစက်တဲ့ရောဂါကြောင့်က ၁၁ရာခိုင်နှုန်းလို့ ဒေါက်တာမြင့်ရွှေက ပြောပါတယ်။

”အဓိက မကူးစက်နိုင်တဲ့ ရောဂါတွေက ကင်ဆာရောဂါအမျိုးမျိုး၊ နှလုံးရောဂါအမျိုးမျိုး၊ ဆီးချို ၊ သွေးချို ၊နာတာရှည် အသက်ရှုကြပ်ရောဂါ( TB ရောဂါ မပါ) စတဲ့ ရောဂါတွေ ဖြစ်ပါတယ်။
မကူးစက်တဲ့ရောဂါတွေဆိုတာက မြွေကိုက်လို့ သေဆုံးတာ၊ယာဉ်တိုက်မှုဖြစ်တာ၊ရေနစ်သေတာ၊မတော်တဆမှု အမျိုးမျိုးကြောင့် သေတာကိုပြောတာပါ”လို့ ဒေါက်တာမြင့်ရွှေက ရှင်းပြပါတယ်။

ဒီရောဂါတွေ ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အသံတိတ်လူသတ်သမားတွေလို့ ခေါ်ပါတယ်။

ထိုရောဂါတွေကို ကုသဖို့ထက် ကာကွယ်ခြင်းသာအကောင်းဆုံးဖြစ်ကြောင်းနဲ့ ဆေးလိပ် ၊အရက် ၊ကွမ်းယာ အဲ့ဒါတွေမလုပ်
ဖို့ ၊မသောက်ဖို့ ၊ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ပေးဖို့ ဒေါက်တာမြင့်ရွှေကအကြံပြုပါတယ်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*