ရပ်ကျေး အုပ်ချုပ်ရေးမှူး အသစ် ရွေးချယ်ပွဲတွေမှာ အနိုင်ရပါတီရဲ့ ၀င်ရောက်စွက်ဖက် ဖိအားပေးမှုတွေကိုပြည်ခိုင်ဖြိုးမှတ်တမ်းတင်ထားမည်

ရပ်ကျေး အုပ်ချုပ်ရေးမှူး အသစ် ရွေးချယ်ပွဲတွေမှာ အနိုင်ရပါတီရဲ့ ၀င်ရောက်စွက်ဖက် ဖိအားပေးမှုတွေကိုပြည်ခိုင်ဖြိုးမှတ်တမ်းတင်ထားမည်
December 28, 2017 Fame Asian

5:05 pm
ရပ်ကျေး အုပ်ချုပ်ရေးမှူး အသစ် ရွေးချယ်ပွဲတွေမှာ အနိုင်ရပါတီရဲ့ ၀င်ရောက်စွက်ဖက် ဖိအားပေးမှုတွေကိုပြည်ခိုင်ဖြိုးမှတ်တမ်းတင်ထားမည်

24296390_1623620334348592_5039944236085222779_n

ရန်ကုန် ၊ ဒီဇင်ဘာ ၂၈

ရပ်ကျေးအုပ်ချုပ်ရေးမှူးရွေးပွဲတွေမှာ အနိုင်ရပါတီမှ ၀င်ရောက်စွက်ဖက်၊ဖိအားပေးမှုတွေကို မှတ်တမ်းတင်ထားမှာဖြစ်တယ်လို့ ပြည်ခိုင်ဖြိုးပါတီိမှ ပြောရေးဆိုခွင့်ဖြစ်သူ ဒေါက်တာာနန္ဒာလှမြင့်က ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

လက်ရှိပြုလုပ်နေတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးရွေးပွဲတွေမှာ အနိုင်ရပါတီမှ လွှတ်တော်ကိုယ်စားလှယ်များက ၎င်းတို့ လူနေရာရရေးဆောင်ရွက်နေမှုတွေကို မှတ်တမ်းတင်ထားမှာဖြစ်ပြီး ပြောဖို့ လိုလာရင် အတိုက်အခံပါတီိအနေနဲ့  ထုတ်ဖော်ပြောကြားမယ်လို့ သူကဆိုပါတယ်။

”ကျွန်တော်တို့ အစိုးရလက်ထက်တုန်းကလည်း ကျင်းပခဲ့တာပါ သူတို့ ဘာသာရပ်ကွက်နဲ့ အထွေထွေအုပ်ချုပ်ရေးပိုင်းက ဥပဒေနဲ့ အညီိဆောင်ရွက်သွားကြတာပဲ။ဘယ်သူ့ လူဖြစ်ရေးဆိုပြီး ဘယ်တုန်းကမှမလုပ်ခဲ့ဘူး။အခု အွန်လိုင်းမှာရော မီဒီယာမှာပါ လွှတ်တော်ကိုယ်စားလှယ်တွေက ၀င်ရောက်စွက်ဖက်လို့ ဖိအားပေးလို့ ပြသနာတက်နေတယ်ဆိုတဲ့သတင်းတွေ့ နေရတယ်။ဒါတွေကို သူတို့ အနိုင်ရပါတီကလူတွေ အရွေးခံလိုက်ရတဲ့သူတွေထဲမှာ နေရာဘယ်လောက်ယူသွားတယ်ဆိုတာ မှတ်တမ်းအဖြစ်ထားရှိဖို့ ဥက္ကဌကြီးက ညွှန်ကြားထားပါတယ်။ တကယ်တော်ပြီးရပ်ကွက်အတွက် အကျိုးရှိတဲ့လူကို ပြည်ခိုင်ဖြိုးလူဖြစ်နေလို့ ဆိုတဲ့အမြင်နဲ့ ဖိအားပေးဖယ်ရှားရင်တော့ သူတို့ တရားခံဖြစ်သွားပြီ” လို့ ဒေါက်တာနန္ဒာလှမြင့်ကပြောပါတယ်။

အပတ်စဉ်ပုံမှန်ကျင်းပနေကျ ပြည်ခိုင်ဖြိုးပါတီရဲ့ မနေ့ကအစည်းအဝေးမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးအသစ်ရွေးချယ်ပွဲတွေမှာ ပါတီိတစ်ခုရဲ့အသုံချခံမဖြစ်ရေး၊လက်ရှိရွေးချယ်ပြီိးစီးသွားတဲ့ ရပ်ကွက်၊ကျေးရွာတွေက အုပ်ချုပ်ရေးမှူးအသစ်တွေထဲမှာ အနိုင်ရပါတီိက မည်မျှနေရာဝင်ယူသွားတယ်ဆိုတာကို မှတ်တမ်းပြုစုတင်ပြဖို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ က ပါတီိဝင်တွေကိုညွှန်ကြားလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အစိုးရတစ်ရပ်ရဲသက်တမ်းနဲ့ ညီမျှတဲ့ အုပ်ချုပ်ရေးမှူးတွေကို တစ်ကြိမ်ရွေးချယ်ထားပြီးဖြစ်ပေမယ့် နောက်တစ်ကြိမ်ထပ်မံရွေးချယ်မှုပြုလုပ်တာဟာ ဘယ်လိုရည်ရွယ်ချက်နဲ့လုပ်ဆောင်သလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ဒေါက်တာနန္ဒာလှမြင့်ကဆိုပါတယ်။ပြည်ခိုင်ဖြိုးပါတီရဲ့ ညွှန်ကြားမှုတွေထဲမှာ ယခုကိစ္စရပ်အပါအ၀င် အနောက်တံခါးကိစ္စ၊နိုင်ငံ့စီိးပွားရေးစိုးရိမ်ဖွယ်ကျဆင်းနေတဲ့ကိစ္စ စတာတွေကို ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

AF-245

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*