NLD ပါတီက ပြည်နယ် နှင့် တိုင်းပြန်ကြားရေးအဖွဲ့ များ ဖွဲ့ စည်းမည်

NLD ပါတီက ပြည်နယ် နှင့် တိုင်းပြန်ကြားရေးအဖွဲ့ များ ဖွဲ့ စည်းမည်
December 26, 2017 Fame Asian

4:59 pm
NLD ပါတီက ပြည်နယ် နှင့် တိုင်းပြန်ကြားရေးအဖွဲ့ များ ဖွဲ့ စည်းမည်

nyan-win (2)
ရန်ကုန်၊ ဒီဇင်ဘာ ၂၆

အမျိုးသားဒီမိုကရေစီအဖွဲ့  ချုပ်ပါတီက ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် ပြန်ကြားရေးကော်မတီိအဖွဲ့ များ ဖွဲ့ စည်းရန် ရှိနေကြောင်း ဒီချုပ်ပါတီိမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဝင် ဦးဥာဏ်ဝင်းက ပေါ်ပြူလာနယူးစ်ကိုပြောသည်။

” အခုက အဖွဲ့  ရယ်လို့ မရှိဘူး။ပြန်ကြားရေးတာဝန်ခံဆိုပြီိး တာဝန်ယူနေတဲ့သူတွေပဲရှိတယ်။အဖွဲ့ ကပျက်နေတယ်။အဲဒါကြောင့် အဖွဲ့  အနေနဲ့ ပြန်လည်ဖွဲ့ စည်းဖို့ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီးပြန်ကြားရေးအဖွဲ့ တွေဟာ ဗဟိုပြန်ကြားရေးကော်မတီနဲ့ ချိတ်ဆက်ပြီး သတင်းပြန်ကြားမှုတွေကိုဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်” ဟု ဦိးဥာဏ်ဝင်းကပြောသည်။

၂၀၁၈ ခုနှစ်၊ဇန်န၀ါရီလ ၂ ရက်နေ့ နောက်ဆုံးထားပြီိး ကော်မတီအဖွဲ့ဝင် စာရင်းကို ဗဟိုပြန်ကြားရေးကော်မတီထံ ပေးပို့ကြရန် ပါတီက ညွှန်ကြားထားသည်ဟု ၎င်းက ပြောသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီိး ပြန်ကြားရေးအဖွဲ့  များကို တစ်ဖွဲ့ (၃)ဦိးနှင့် ဖွဲ့ စည်းသွားမှာဖြစ်ကာ၊လက်ရှိ ပြန်ကြားရေးတာဝန်ခံအဖြစ် ဆောင်ရွက်နေသူများက အဖွဲ့  ခေါင်းဆောင်အဖြစ် ဆက်လက်ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း ဦးဥာဏ်ဝင်းက ဆက်ပြောသည်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*