ပြည်ပ ခရီးသွား ၀င်ရောက်မှု ၃သန်းကျော် ရှိလာ

ပြည်ပ ခရီးသွား ၀င်ရောက်မှု ၃သန်းကျော် ရှိလာ
December 26, 2017 Asian Fame

12:10 pm
ပြည်ပ ခရီးသွား ၀င်ရောက်မှု ၃သန်းကျော် ရှိလာ

foreigner(ရန်‌ကုန်‌၊ ဒီဇင်‌ဘာ ၂၆)

ယခုနှစ်‌ ၁၁လတာ ကာလအတွင်း မြန်‌မာနိုင်‌ငံသို့ ပြည်‌ပ ခရီးသွားဝင်‌‌ရောက်‌မှု အရေအတွက်ဟာ ၃သန်းကျော် ရှိပြီလို့ ဟိုတယ်‌ နဲ့ခရီသွားဝန်‌ကြီး ဌာနက ပြောခွင့်ရ ဒုတိယညွှန်ကြားရေးမှူး အဆင့်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်နဲ့ နှိုင်းယှဉ် မယ် ဆိုရင် ယခင်‌နှစ်ကထက်‌၂၀ ရာခိုင်‌နှုန်း‌ကျော်‌ ပိုတိုးခဲ့တယ်‌လို့ သူက ပြောပါတယ်။

ပြည်ပခရီးသွားတွေ အများဆုံး သွားကြတာက ရန်‌ကုန်‌၊ မန္တ‌လေး၊ ပုဂံ ၊‌ညောင်‌ဦး ၊‌တောင်‌ကြီး နဲ့ အင်း‌လေး အစရှိတဲ့ အထင်‌က‌ရ‌‌နေရာ‌တွေ ဖြစ်တယ်လို့ အထက်ပါ ပုဂ္ဂိုလ်ထံ ကနေ သိရပါတယ်။

ရခိုင်အရေးကြောင့် ယခုနှစ်အတွင်း ပြည်ပခရီးသွား အရေအတွက်ဟာ ပါးနိုင်တယ်လို့ ထင်မြင်ယူဆသူတွေ ရှိခဲ့ကြပေမယ့် တကယ့်လက်တွေ့မှာတော့ လာလည်သူ ပိုများခဲ့တယ်လို့ ဟိုတယ်‌နဲ့ ခရီးသွားဝန်‌ကြီးဌာနက တာဝန်ရှိသူတစ်ဦး ကPopular News ကိုပြောပါတယ်။

သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*