ရှစ်လေးလုံးနာမည်နဲ့ ပါတီထောင်တာကို ကန့် ကွက်စာပေးပို့ သွားမည်ဟု ပဲခူးတိုင်းအနောက်ခြမ်း ရှစ်လေးလုံးအထွေထွေသပိတ်ကော်မတီဆို

ရှစ်လေးလုံးနာမည်နဲ့ ပါတီထောင်တာကို ကန့် ကွက်စာပေးပို့ သွားမည်ဟု ပဲခူးတိုင်းအနောက်ခြမ်း ရှစ်လေးလုံးအထွေထွေသပိတ်ကော်မတီဆို
December 26, 2017 Fame Asian

3:38 pm
ရှစ်လေးလုံးနာမည်နဲ့ ပါတီထောင်တာကို ကန့် ကွက်စာပေးပို့ သွားမည်ဟု ပဲခူးတိုင်းအနောက်ခြမ်း ရှစ်လေးလုံးအထွေထွေသပိတ်ကော်မတီဆို

25994980_1644042125639746_8276171757479239182_n

ပဲခူး ၊ ဒီဇင်ဘာ ၂၆

၈ လေးလုံးနာမည်နဲ့ နိုင်ငံရေးပါတီထောင်တာကို လုံးဝဆန့် ကျင်ကန့် ကွက်တယ်လို့ ပဲခူးတိုင်းအနောက်ခြမ်း (၈၈၈၈)ရှစ်လေးလုံးအထွေထွေသပိတ်ကော်မတီနဲ့ ဗ.က.သ ကျောင်းသားဟောင်းများက မနေ့ ကထုတ်ပြန်လိုက်ပါတယ်။ ရှစ်လေးလုံးမှာပါဝင်ခဲ့ကြတဲ့ ပဲခူးတိုင်းအနောက်ခြမ်း (၈၈၈၈)ရှစ်လေးလုံးအထွေထွေသပိတ်ကော်မတီမှ အဖွဲ့ ဝင်(၇)ဦးအပါအ၀င် ဗ.က.သ ကျောင်းသားဟောင်းများဟာ ရှစ်လေးလုံးနာမည်ကို ပြည်သူလူထုတစ်ရပ်လုံးပိုင်ဆိုင်တဲ့ သမိုင်းမော်ကွန်းနာမည်ဖြစ်တာကြောင့် ယင်းနာမည်အသုံးပြုပြီိးဖွဲ့ စည်းခြင်းကိုလုံးဝကန့်  ကွက်ကြောင်းနဲ့ အခြားနိုင်ငံရေးဆန်တဲ့ပါတီနာမည်တစ်ခုကိုပြောင်းလဲသုံးစွဲဖို့ အကြံပြုလိုတယ်လို့ ထုတ်ပြန်လိုက်တာပါ။

” ကျွန်တော်တို့ အနေနဲ့  ကော်မရှင်ကိုလည်းကန့် ကွက်ဖို့ ရှိတယ် ဒီိနိုင်ငံရေးပါတီကို ကန့် ကွက်ရန်ရှိပါသလားဆိုပြီိး တက်လာရင် တစ်ဦးချင်းလည်းကန့့်ကွက်မယ်။ အဖွဲ့အစည်းအရလည်းကန့် ကွက်သွားမယ် ” လို့ ပဲခူးတိုင်းအနောက်ခြမ်း (၈၈၈၈)ရှစ်လေးလုံးအထွေထွေသပိတ်ကော်မတီမှ အဖွဲ့  ၀င် ဦးချစ်ဆောင်ဦးကပြောပါတယ်။

ဒါ့အပြင် ရှစ်လေးလုံးငွေရတုကြေညာစာတမ်းမှာလည်း ၂၀၀၈ ဖွဲ့  စည်းပုံအခြေခံဥပဒေပြင်ရေးဖျက်ရေးဆိုတဲ့အချက်ကို အကုန်သဘောတူထားကြောင်း၊ယခုလို ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေအောက်မှာ နိုင်ငံရေးပါတီထောင်ခြင်းဟာ ဆန့် ကျင်နေကြောင်းသူကဆိုပါတယ်။ ဒါပေမယ့်လည်း နိုင်ငံရေးအရလွတ်လပ်စွာကွဲလွဲနိုင်တာကြောင့် နိုင်ငံရေးပါတီိထောင်ခြင်းကို ဘာမှမပြောလိုဘဲ ထူထုတိုက်ပွဲအရေးတော်ပုံကြီးရဲ့နာမည်ကိုယူသုံးတာကိုသာ ကန့့်ကွက်တာဖြစ်ကြောင်း ဦးချစ်ဆောာင်ဦိးကပြောပါတယ်။

”နိုင်ငံရေးအရ ပါတီဖွဲ့ စည်းတာကို သဘောမတူလို့ ကန့် ကွက်တာမဟုတ်ဘူး။ ထောင်ထဲမှာ ညီအစ်ကိုလိုနေလာခဲ့ကြတဲ့သူတွေ အများကြီးပါပါတယ်ဖွဲ့ တဲ့အထဲမှာ။ အဓိကက နိုင်ငံရေးသမိုင်းမကွဲအောင်လို့ ပါ။ ရှစ်လေးလုံးဆိုတာ အားလုံးနဲ့ဆိုင်တာပဲ။ တစ်ပြည်လုံးလုပ်ခဲ့တဲ့မျက်နှာဖုံးကို ပုဂ္ဂလိကတစ်ခုအနေနဲ့  ယူလုပ်ရင် ဒါဟာ မလုပ်သင့်တဲ့ကိစ္စပါ” လို့  သူကဆိုပါတယ်။

ယခုကန့် ကွက်မှုကို ရှစ်လေးလုံးအရေးတော်ပုံတုန်းက ဖွဲ့  စည်းထားတဲ့ ပဲခူးတိုင်းအနောက်ခြမ်း (၈၈၈၈)ရှစ်လေးလုံးအထွေထွေသပိတ်ကော်မတီမှ အဖွဲ့ ဝင် ၃၀ ကျော်အနက်မှ လူစုနိုင်သလောက်ပြန်လည်စုစည်းပြီးထုတ်ပြန်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် နိုင်ငံရေးပါတီများနဲ့  ဒီိမိုကရက်တစ်အင်အားစုအဖွဲ့ အစည်းပေါင်း ၂၀ ကျော်ပါဝင်စုစည်းထားတဲ့ တိုးတက်သောဒီမိုကရက်တစ်အင်အားစုကလည်း နိုင်ငံရေးပါတီထောင်တာကို ကန့်ကွက်စရာမရှိပေမယ့် တစ်တိုင်းပြည်လုံးနဲ့ သက်ဆိုင်တဲ့နာမည်ကိုတော့ရွေးချယ်ရန်မသင့်တော်ဘူးလို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ ကပြုလုပ်ခဲ့တဲ့ ၎င်းတို့ ရဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*