ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယ က ကန်ဒေါ်လာ ၂၅သန်း ထောက်ပံ့

ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယ က ကန်ဒေါ်လာ ၂၅သန်း ထောက်ပံ့
December 22, 2017 Fame Asian

4:46 pm
ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယ က ကန်ဒေါ်လာ ၂၅သန်း ထောက်ပံ့

25552393_1661086097286999_1735403249916637459_n

နေပြည်တော်၊ ဒီဇင်ဘာ ၂၂

ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယနိုင်ငံက အမေရိကန်ဒေါ်လာ ၂၅သန်းကို ထောက်ပံ့ပေးသွားဖို့ ရှိတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားပေးရေး ဝန်ကြီးက Popular News ကိုပြောပါတယ်။

အိန္ဒိယဘက်က မြန်မာကို ထောက်ပံ့ငွေပေးဖို့အတွက် မြန်မာနိုင်ငံနှင့် အိန္ဒိယအကြား နားလည်မှုစာချွန်လွှာတစ်ရပ်ကို ၂၀၁၇ခုနှစ် ဒီဇင်ဘာလ၂၀ရက် နေ့မှာ ရေးထိုးခဲ့ကြပြီးဖြစ်ပါတယ်။

အဲဒီ့ ထောက်ပံ့ငွေဟာ ရခိုင်ပြည်နယ်ရဲ့ ပညာရေး ၊ ကျန်းမာရေး ၊ စီးပွားရေး ၊ လူမှုရေး ၊ လျှပ်စစ်ရရှိရေးတွေ အတွက် ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ရှင်းပြပါတယ်။

အိန္ဒိယနိုင်ငံဟာ ထောက်ပံ့ငွေ အမေရိကန် ၂၅သန်းကို တစ်နှစ် ငါးသန်းနှုန်းနဲ့ ထောက်ပံ့မှာဖြစ်ပြီး၊ငွေကြေးအစား ပစ္စည်းများသာ ထောက်ပံ့မှာဖြစ်တယ်လို့ သိရပါတယ်။

“ဆိုလိုတဲ့ သဘောက ပိုက်ဆံထောက်ပံ့တာမဟုတ်ဘူး။အမေရိကန်ဒေါ်လာ ၅သန်းနဲ့ ညီတဲ့ ပစ္စည်းတွေထောက်ပံ့မှာ ၊ ဒီနှစ် ကျောင်းဆောက်ဖို့ဆို နောက်ဘာလိုလည်းအဲလိုပစ္စည်းတွေထောက်ပံ့ဖို့ပါ”လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးပြောပါတယ်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*