ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ တိမ်းရှောင်သွားသူတွေကို မြန်မာအစိုးရ က ၂၀၁၈ခုနှစ် ဇန်နဝါရီ ၂၂ ရက်ကနေ စတင်ပြီး လက်ခံသွားဖို့ ရှိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ တိမ်းရှောင်သွားသူတွေကို မြန်မာအစိုးရ က ၂၀၁၈ခုနှစ် ဇန်နဝါရီ ၂၂ ရက်ကနေ စတင်ပြီး လက်ခံသွားဖို့ ရှိ
December 22, 2017 AsianFame MediaGroup

5:52 pm
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ တိမ်းရှောင်သွားသူတွေကို မြန်မာအစိုးရ က ၂၀၁၈ခုနှစ် ဇန်နဝါရီ ၂၂ ရက်ကနေ စတင်ပြီး လက်ခံသွားဖို့ ရှိ

25507931_1661125777283031_3055830013649612615_n

ရန်ကုန် ၊ ဒီဇင်ဘာ ၂၃

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ တိမ်းရှောင်သွားသူတွေကို မြန်မာအစိုးရ က ၂၀၁၈ခုနှစ် ဇန်နဝါရီ ၂၂ ရက်ကနေ စတင်ပြီး လက်ခံသွားဖို့ ရှိတယ်လို့ ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာထောက်ထားမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊
ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက Popular News ကို ယနေ့နေ့လည်ပိုင်းမှာ ပြောပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲက တောင်ပြိုလက်ဝဲ နဲ့ ငါးခူရ ကျေးရွာတွေမှာ သူတို့တွေကိုထားဖို့ လက်ခံရေးစခန်းတွေ တည်ဆောက်ပြီးစီးသွားတဲ့ အခြေအနေကိုလည်း သွားရောက်ကြည့်ရှု ပြီးပြီလို့ ၀န်ကြီးက ပြောပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ ၂နိုင်ငံစာချုပ်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားသူတွေကို မြန်မာဘက်က ၂၀၁၈ခုနှစ် ဇန်နဝါရီ ၂၂ကနေစပြီး လက်ခံသွားရမှာပါ။

”သူတို့လာမှ လက်ခံလို့ရမယ်။လာမယ်မလာဘူးဆိုတာက လာချင်တဲ့သူရဲ့ဆန္ဒပေါ်မှာမူတည်တယ်။ဆိုလိုတာကသူတို့ဆန္ဒအလျောက်တာ လက်ခံလို့ရမယ်။လာပါလို့အတင်းခေါ်လို့မရသလို ဟိုဘက်ကနေ နင်တို့ သွားတော့လို့ နှင်ထုတ်လို့မရဘူး”လို့
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ရှင်းပြပါတယ်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*