ရန်ကုန်-မန္တလေး ရထားလမ်းကို အဆင့်မြှင့်တင်မှုတွေ လုပ်နေပြီး ပြီးစီးရင် ကီလို ၁၀၀ နှုန်း အမြန်ရထားတွေပြေးမယ်

ရန်ကုန်-မန္တလေး ရထားလမ်းကို အဆင့်မြှင့်တင်မှုတွေ လုပ်နေပြီး ပြီးစီးရင် ကီလို ၁၀၀ နှုန်း အမြန်ရထားတွေပြေးမယ်
December 21, 2017 Fame Asian

4:23 pm
ရန်ကုန်-မန္တလေး ရထားလမ်းကို အဆင့်မြှင့်တင်မှုတွေ လုပ်နေပြီး ပြီးစီးရင် ကီလို ၁၀၀ နှုန်း အမြန်ရထားတွေပြေးမယ်

t1

ရန်ကုန် ၊ ဒီဇင်ဘာ ၂၁

ရန်ကုန်-မန္တလေးရထားလမ်းကို အဆင့်မြှင့်တင်မှုတွေပြုလုပ်နေပြီး ပြီးစီးပါက ကီလို ၁၀၀ နှုန်းအမြန်ရထားတွေပြေးဆွဲသွားမယ်လို့ မြန်မာ့မီးရထားက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

လက်ရှိ မြန်မာ့မီးရထားတွေရဲ့ ပြေးဆွဲမှုအရှိန်ဟာ ပျှဉ်းမျှအားဖြင့် ၁နာရီကို ကီလိုမီတာ ၅၀နဲ့၆၀ကြား မှာပဲ ပြေးဆွဲလျှက်ရှိနေပါတယ်။

မြန်မာ့မီးရထားက အခုဆောင်ရွက်နေတဲ့ အဆင့်မြှင့်တင်တာတွေ ပြီးစီးသွားပြီဆိုရင် ၁၄ နာရီကြာ ခုတ်မောင်းနေတဲ့ ရန်ကုန်မှမန္တလေးခရီးကို ၈ နာရီလောက်ပဲကြာတော့မှာဖြစ်တယ်လို့ မြန်မာ့မီးရထားမှ အကြီးတန်းအရာရှိတစ်ဦးကပြောပါတယ်။

ရန်ကုန်-မန္တလေးအမြန်လမ်းဟာ အစုန်-အဆန် ၃၈၅ မိုင်ရှည်လျားပါတယ်။ပြီးစီးမယ့်ကာလက ၂၀၂၃ခုနှစ်ထဲ မှာလို့ အထက်ပါအရာရှိက ရှင်းပြပါတယ်။

train-(2)

” ကျွန်တော်တို့ အပိုင်း ၂ ပိုင်းခွဲပြီးဆောင်ရွက်နေပါတယ် ။ရန်ကုန်-တောင်ငူ အပိုင်းနဲ့ တောင်ငူ-မန္တလေးအပိုင်းဆိုပြီးတော့။ အခု ရန်ကုန်-တောင်ငူအပိုင်းက လုပ်ငန်းတွေတောင်စနေပြီ တင်ဒါ(၈) ခုခေါ်ပြီးလုပ်ပါတယ် အခု (၆) ခုလောက်က လုပ်နေပြီ။ ဂျပန်နိုင်ငံ JICA ရဲ့ချေးငွေနဲ့ ဆောင်ရွက်တာဖြစ်ပါတယ် အခုက ပျမ်းမျှ ၅၅- ၆၀ ကီလိုလောက်နဲ့ ပြေးနေတာပေါ့ ။အဲဒီကျရင် ကီလို ၁၀၀ နဲ့ ပြေးဆွဲသွားမယ် highspeed တွေမဟုတ်သေးပါဘူး အရင်ထက်တော့ ၃ ဆလောက်မြန်သွားမယ် ” လို့ သူကပြောပါတယ်။

မြန်မာ့မီးရထားဟာ အဓိက လမ်းကြောင်း ၄ ခုဖြစ်တဲ့ ရန်ကုန်-မန္တလေး၊ရန်ကုန်-ပြည်၊ရန်ကုန်-မြစ်ကြီးနား၊ ရန်ကုန်-မော်လမြိုင်လမ်းကြောင်းတို့ ကို တစ်ခုချင်းစီအဆင့်မြှင့်တင်သွားမှာဖြစ်ပြီး ရန်ကုန်-တောင်ငူရထားလမ်းအဆင့်မြှင့်တင်မှုကို ၂၀၂၁၊မန္တလေးအထိအဆင့်
မြှင့်တင်မှုကို ၂၀၂၃ အမီဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်-မန္တလေးရထားလမ်းကို သံလမ်းအဆင့်မြှင့်ခြင်း၊ အချက်ပြစနစ်၊နံဘေးရှိတူးမြောင်း၊ဇလီဖာတုံးစတာတွေကို ပြုပြင်လဲလှယ်ခြင်းများဆောင်ရွက်သွားမှာဖြစ်ပြီး လုံခြုံရေးအတွက် ရထားလမ်းခြံစည်းရိုးပါ ခတ်သွားမယ်လို့ ၎င်းကပြောပါတယ်။

” အဲဒါပြီးရင် ကျွန်တော်တို့  ရထားအသစ် ၂၁ တွဲ တစ်စီးနဲ့ အတွဲ ၁၈၀ တစ်စီးဝယ်ယူသွားမှာဖြစ်ပါတယ်။အမြန်ရထားပြေးဆွဲရင် ရထားစီးနှုန်းထားကိုလည်း နည်းနည်းတော့ တိုးသွားမယ် အများကြီးမဟုတ်ပါဘူး ဆီဖိုးနဲ့ ပြန်တွက်ရပါဦးမယ် အရင်ထက်ဝန်ဆောင်မှုလည်း အများကြီးပိုကောင်းလာမှာပါ ” လို့ ဆိုပါတယ်။

AF-245

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*