ပြည်တွင်း ထုတ်မြွေဆိပ်ဖြေဆေး ပြည်ပတင်ပို့နိုင်တော့မည်

ပြည်တွင်း ထုတ်မြွေဆိပ်ဖြေဆေး ပြည်ပတင်ပို့နိုင်တော့မည်
December 20, 2017 Fame Asian

2:44 pm
ပြည်တွင်း ထုတ်မြွေဆိပ်ဖြေဆေး ပြည်ပတင်ပို့နိုင်တော့မည်

25507841_1638387042871921_180544805903054731_n

နေပြည်တော် ဒီဇင်ဘာ၂၀

စက်မှုဝန်ကြီးဌာန အောက်ရှိ BPIဆေးဝါးစက်ရုံ (အင်းစိန်)မှထုတ်လုပ်နေသော မြွေဆိပ်ဖြေဆေးများကို အာစီယံနိုင်ငံအချို့သို့ တင်ပို့ရောင်းချရန်စီစဉ်နေ ကြောင်း စက်မှုဝန်ကြီးဌာနမှသိရသည်။

“ပြည်တွင်းလိုအပ်ချက်ထက်ပိုထုတ်နိုင်ပြီဆိုတဲ့အခြေအနေမှာ ပြည်ပကိုရောင်းချဖို့လည်းစီစဉ်တာပါ။ အာစီယံနိုင်ငံတွေထဲကကမ္ဘောဒီးယားနဲ့လာအိုကို တင်ပို့ မှာပါ”ဟု အင်းစိန်ဆေးဝါးစက်ရုံမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကိုကိုအောင်ကဆိုသည်။

အင်းစိန်ဆေးဝါးစက်ရုံမှ မြွေဆိပ်ဖြေဆေးကို (၂၀၁၅) ခုနှစ်နောက်ပိုင်းတွင်အရေအတွက်ပိုမိုထုတ်လုပ်နိုင်ခဲ့ ခြင်းဖြစ်သည်။ပြည်တွင်းလိုအပ်ချက်မှာတစ်နှစ်လျှင် မြွေဆိပ်ဖြေဆေးအလုံးရေ(၈၀၀၀၀)ခန့်ရှိနေပြီးယခုထုတ်လုပ်နိုင်မှုပမာဏမှာလိုအပ်ချက်ကိုကျော်လွန်နေသည့်အတွက် ပြည်ပတင်ပို့ရန်စီစဉ်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံရှိမြွေမျိုးစိတ်နှင့်တူညီသောကမ္ဘောဒီးယားနှင့်လာအိုတို့မှ မြေဆိပ်ဖြေဆေးကိုဝယ်ယူရန် လာရောက်ဆွေးနွေးမှုများလုပ်ဆောင်နေပြီးလာမည့်နှစ်ဆန်းပိုင်းတွင် စတင်တင်ပို့နိုင်မည်ဟု စက်မှုဝန်ကြီး ဌာနက ခန့်မှန်းထားသည်။

အင်းစိန်ဆေးဝါးစက်ရုံမှ လက်ရှိမြွေဆိပ်ဖြေဆေးများ ကို ထုတ်လုပ်ရာတွင် သယ်ဆောင်ရလွယ်ကူစေရန် အရည်ပုံစံသာမက အမှုန့်အဖြစ်ပါ ထုတ်လုပ်လျှက်ရှိ နေသည်။စက်မှုဝန်ကြီးဌာနမှထုတ်လုပ်နေသည့်မြွေဆိပ်ဖြေဆေးနှစ်မျိုးဖြစ်သည့်Liquid Form ၏ ရောင်းဈေးနှုန်းမှာ ၄၅၀၀၀ ကျပ်နှင့် Freeze-Dried Form ၏ ရောင်းဈေးနှုန်းမှာ ၄၈၀၀၀ ကျပ်ဖြစ်သည်။

အောင်ပြည့်စုံ

ဓါတ်ပုံ BPI(အင်းစိန်)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*