နေပြည်တော်စည်ပင်၊တိရစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများ ဌာန ရုံးခန်း အတွင်း သောက်သုံးရေ အဆိပ်သင့်မှုကြောင့် လူ၃ဦးဆေးရုံတက်ကုသခံနေရ

နေပြည်တော်စည်ပင်၊တိရစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများ ဌာန ရုံးခန်း အတွင်း သောက်သုံးရေ အဆိပ်သင့်မှုကြောင့် လူ၃ဦးဆေးရုံတက်ကုသခံနေရ
December 20, 2017 Fame Asian

2:37 pm
နေပြည်တော်စည်ပင်၊တိရစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများ ဌာန ရုံးခန်း အတွင်း သောက်သုံးရေ အဆိပ်သင့်မှုကြောင့် လူ၃ဦးဆေးရုံတက်ကုသခံနေရ

နေပြည်တော်၊ဒီဇင်ဘာ ၂၀

နေပြည်တော်စည်ပင်၊တိရစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများ ဌာန ရုံးခန်း အတွင်း သောက်သုံးရေ အဆိပ်သင့်မှုဖြစ်ပွားမှုကြောင့် ရုံးဝန်ထမ်း ၃ဦး ဆေးရုံတက် ကုသမှုခံနေကြကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်ထားသည့် သတင်းတစ်ရပ်အရ သိရသည်။

ယမန်နေ့ မနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ် ညောင်ပင်ကြီးစု ကျေးရွာရှိ ယင်းဌာန ရုံးခန်း အတွင်း ထားရှိသည့် လှိုင် သောက်ရေသန့်တံဆိပ်ပါ ရေသန့်ဗူးတပ်ဆင်ထားသော Water Coolerမှ ရေကို အဆိုပါရုံးမှဝန်ထမ်း တစ်ဦး သောက်သုံးစဉ် ရေမှာ“ခါး”နေကြောင်း ပြောဆိုသဖြင့် အဆိုပါဌာန ရုံးအကူ၂ ဦးတို့က အဆိုပါရေကို စမ်း၍ ငုံကြည့်ရာ ခါးနေသဖြင့် ထွေးထုတ်ခဲ့ကြောင်း၊မနက် ၁၀နာရီခွဲ အချိန်တွင် အဆိုပါ ရေကို သောက်သုံးသူ ၃ ဦးစလုံး အော့အန်ခဲ့ပြီး တစ်ဦးမှာ တစ်ကိုယ်လုံး အေးစက်လာပြီး မလှုပ်နိုင်တော့သဖြင့် ၃ ဦးစလုံးကို နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံသို့ ပို့ဆောင် ကုသခဲ့ရကြောင်း ထုတ်ပြန်ချက်ထဲ ဖော်ပြထားသည်ကိုတွေ့ရသည်။

စီစစ်ချက်များအရ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းက အဆိုပါဌာနမှ ဒုတိယ တိရိစ္ဆာန်ဆေးကုမှူး ဒေါက်တာ အောင်မြင့်ဇော်၊ (၃၅)နှစ်မှ သောက်သုံးရေ အဆိပ်သင့်မှုကြောင့် ဆေးရုံတက်ကုသမှုခံယူနေသည့် အမျိုးသားတစ်ဦးကို ကြွပ်ကြွပ် အိတ်ဖြင့်ထုပ်ထားသော ခွေးသတ်ရန် အဆိပ်လူးထားသည့် အမဲသား ၂၀ ကျပ်သားခန့်အား Water Cooler အောက်ရှိ အအေးခန်းထဲတွင် ထည့်သိမ်းခိုင်းခဲ့ကြောင်း၊ ရုံးရှေ့ဝရန်တာရှိ လှိုင် သောက် ရေသန့် တံဆိပ်ပါ ၂၀ လီတာဆံ့ ရေသန့်ဗူး ၂ ဗူး အနက် ၁ ဗူးတွင် အဖုံးလပ်စတစ်ပါကင် ပွင့်နေပြီး ရေသန့်ဗူးအောက်ခြေတွင် အဖြူရောင်အမှုန့်များ တွေ့ရှိသဖြင့် ၎င်းရေသန့်ဗူးကို ချိပ်ပိတ်သိမ်းဆည်း ခဲ့ကြောင်း၊အရေးယူပေးရန် လာရောက်တိုင်တန်းပါက ဥပဒေအရ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ချိပ်ပိတ်ထားသည့် ရေသန့်ဗူးအား ဓာတုဗေဒဝန်ရုံးသို့ ပို့ဆောင်စစ်ဆေးသွားမည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါသည်။

PN

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*