အမေရိကန်တွင်နာမည်ရနေသည့်သံတောင်ဒေသထွက်ကော်ဖီများကိုသြဂဲနစ်နည်းစနစ်များဖြင့်စိုက်ပျိုးသွားမည်

အမေရိကန်တွင်နာမည်ရနေသည့်သံတောင်ဒေသထွက်ကော်ဖီများကိုသြဂဲနစ်နည်းစနစ်များဖြင့်စိုက်ပျိုးသွားမည်
December 19, 2017 Asian Fame

11:11 am
အမေရိကန်တွင်နာမည်ရနေသည့်သံတောင်ဒေသထွက်ကော်ဖီများကိုသြဂဲနစ်နည်းစနစ်များဖြင့်စိုက်ပျိုးသွားမည်

25442937_1637364406307518_4894734194444984392_nနေပြည်တော် ဒီဇင်ဘာ ၁၉

အမေရိကန်တွင်နာမည်ရနေသောကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်ထွက်ကော်ဖီများကိုသြဂဲနစ်နည်းစနစ်များဖြင့်စိုက်ပျိုးသွားမည်ဟုစိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှသိရသည်။ လက်ရှိတွင်သံတောင်ကြီးဒေသထွက်ကော်ဖီများသည်နိုင်ငံတကာကော်ဖီအရည်အသွေးစစ်ဆေးရာတွင် အမှတ်ပေါင်း(၈၆)မှတ်ရရှိထားကာနိုင်ငံတကာဈေးကွက်ဝင်ကော်ဖီအဖြစ်ရပ်တည်လျှက်ရှိကြောင်းသိရသည်။

“တန်းမြင့်ကော်ဖီက ဒေသတွင်းနိုင်ငံတွေနဲ့ယှဉ်ရင် ရှေ့တန်းမှာရှိနေပါတယ်။ဒါကြောင့်နည်းပညာပံ့ပိုးမှုတွေ လုပ်ပေးပြီးတောင်သူတွေအတွက်လည်း အခွင့်အလမ်းကောင်းတွေ ရလာစေမှာပါ။တန်းမြင့်အရည်အသွေးရအောင်လည်း မျိုးစေ့နဲ့ထုတ်လုပ်မှုအပိုင်းကိုလည်း ကူညီပေးဖို့ရှိနေပါတယ်”ဟု စိုက်ပျိုးရေးဦးစီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးကဆိုသည်။

ကရင်ပြည်နယ်သံတောင်ကြီးမြို့နယ်သည်ပင်လေရေမျက်နှာပြင်အထက်ပေပေါင်း(၄၂၀၀)မြင့်ကာသီးနှံများစိုက်ပျိုးရာတွင်လည်းဓာတ်မြေသြဇာနှင့်ပိုးသတ်ဆေး အသုံးပြုမှုအနည်းဆုံးဒေသတစ်ခုဖြစ်ကြောင်းလည်းသိရသည်။သြဂဲနစ်ကော်ဖီများကိုကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်လိပ်သိုဘောဂလိဒေသများရှိမြေဧက(၅၀၀၀)ကိုအသုံးပြုကာစိုက်ပျိုးသွားရန်စီစဉ်နေသည်။ သံတောင်ဒေသထွက်ကော်ဖီများကိုဒေသခံတောင်သူများဖြင့်ပူးပေါင်းကာ(၃)နှစ်စီမံကိန်းဖြင့်အကောင်အထည်ဖော်စိုက်ပျိုးသွားမည်ဖြစ်သည်။ လက်ရှိတွင် ရှမ်းပြည်နယ်တောင်ပိုင်း၌စိုက်ပျိုးထား သည့် တန်းမြင့်ကော်ဖီများကို ဥရောပဈေးကွက်များသို့ တင်ပို့ရောင်းချလျှက်ရှိနေသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*