လာမယ့်စာသင်နှစ်မှာ ကျောင်းသားဦးရေတိုးပြီး ပညာသင်ထောက်ပံ့ကြေးပေးသွားရန် အစိုးရသစ်စီစဉ်နေ

လာမယ့်စာသင်နှစ်မှာ ကျောင်းသားဦးရေတိုးပြီး ပညာသင်ထောက်ပံ့ကြေးပေးသွားရန် အစိုးရသစ်စီစဉ်နေ
December 19, 2017 Asian Fame

4:38 pm
လာမယ့်စာသင်နှစ်မှာ ကျောင်းသားဦးရေတိုးပြီး ပညာသင်ထောက်ပံ့ကြေးပေးသွားရန် အစိုးရသစ်စီစဉ်နေ

aရန်ကုန် ၊ ဒီဇင်ဘာ ၁၉

လာမယ့်စာသင်နှစ်မှာ ယခင်နှစ်တွေထက် ကျောင်းသားဦးရေတိုးပြီး ပညာသင်ထောက်ပံ့ကြေးပေးဖို့ ရှိတယ်လို့ ပညာရေးဝန်ကြီးဌာန၊အခြေခံပညာဦးစီးဌာနမှ ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

၂၀၁၂ ခုနှစ်မှစတင်ပြီး ထူးချွန်ကျောင်းသားကျောင်းသူများကိုနှစ်စဉ်ပေးနေကျဖြစ်တဲ့ ပညာရေးဝန်ကြီးဌာနရဲ့ ပညာသင်ထောက်ပံ့ကြေးပေးအပ်မှုမှာ လူဦးရေတိုးခေါ်သွားမှာဖြစ်ပြီး ဘတ်ဂျတ်အနေအထားအရ လူဦးရေတိုးခေါ်တာဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်နိုင်စိုးကပြောပါတယ်။

” ထောက်ပံ့ကြေးကိုတော့ တိုးပေးဖို့ မရှိသေးဘူး ။ဒါပေမယ့် လူဦးရေကိုတော့ တိုးပေးသွားမယ် ။ မြို့ နယ်တွေက တင်ပြလာတဲ့လူဦးရေစာရင်းတွေထဲကပဲ တိုးခေါ်သွားမှာဖြစ်ပါတယ်။ တိုးမြှင့်ခေါ်သွားဖို့ က အစောပိုင်းကတည်းက တင်ပြထားတာပါ” လို့ ညွှန်ကြားရေးမှူးချုပ်ကပြောပါတယ်။

ပညာထူးချွန်ပြီး အလယ်တန်း၊အထက်တန်းကျောင်းနေဖို့ အခက်အခဲရှိနေတဲ့ မြို့ နယ်အသီးသီးမှ တင်ပြလာတဲ့ ကျောင်းသား၊ကျောင်းသူများကို ယခင်သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၂ ခုနှစ်ကစတင်ပြီး ယခုလိုပညာသင်ထောက်ပံ့ကြေးပေးအပ်ခဲ့တာဖြစ်ပြီး ၂၀၁၆
ခုနှစ်အထိ စုစုပေါင်း (၁၆၀၂၂) ဦးရေရှိပါတယ်။

ဒါ့အပြင် ပညာသင်ဆုအနေနဲ့ လည်း မြို့ နယ် တစ်ခုကို ၃ ဦးစီနဲ့ မြို့ နယ်ခွဲတစ်ခုကို ၂ ဦးစီပေးအပ်တာဖြစ်ပါတယ်။ ပေးအပ်ရာမှာ အလယ်တန်းကျောင်းသားတစ်ဦးကို ၂ သိန်းစီနဲ့ အထက်တန်းကျောင်းသားတစ်ဦးကို ၃ သိန်းစီပေးအပ်ချီးမြှင့်တာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်အထိ ကျောင်းသား(၃၂၄၆) ဦးကိုပေးအပ်ခဲ့တယ်လို့ သိပါတယ်။

PHA

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*