အင်းဝအမှု ၄ဦးပြစ်ဒဏ်ကျ၊ ၂ဦးကွင်းလုံးကျွတ်​လွတ်

အင်းဝအမှု ၄ဦးပြစ်ဒဏ်ကျ၊ ၂ဦးကွင်းလုံးကျွတ်​လွတ်
December 15, 2017 Fame Asian

2:47 pm
အင်းဝအမှု ၄ဦးပြစ်ဒဏ်ကျ၊ ၂ဦးကွင်းလုံးကျွတ်​လွတ်

1

ရန်ကုန်၊ ဒီဇင်ဘာ – ၁၅

တစ်နှစ်ကျော်ကြာစစ်ဆေးခဲ့တဲ့ အင်းဝအပ်ချုပ်ဆိုင်အမှုကို ယနေ့ (ဒီဇင်ဘာလ ၁၅ရက်)နေ့မှာ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက ပြစ်ဒဏ်အသီးသီး ချမှတ်လိုက်ပြီဖြစ်ပါတယ်။

ဒေါ်တင်သူဇာနဲ့ဒေါ်စုမွန်လတ်တို့ကို ထောင်ဒဏ်၁၆နှစ်၁လစီ၊ ဦးရာဇာထွန်းကို ၁၃နှစ်၁လ၊ ဦးတင်မင်းလတ်ကို ၉နှစ်၁လတို့ ကျခံစေဖို့ချမှတ်လိုက်ပြီး ဦးကိုလတ်နဲ့ ဒေါ်သီရိလတ်တို့ကိုတော့ အမှုမှကွင်းလုံးကျွတ်လွှတ်ပေးလိုက်ပါတယ်။

ဒေါ်တင်သူဇာနဲ့ဒေါ်စုမွန်လတ်တို့ဟာ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မနဲ့၁၀နှစ်စီ၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဥပဒေအရ တစ်နှစ်စီ၊ အပြင်းအထန်နာကြင်စေမှု နဲ့ ၅နှစ်စီနဲ့အိမ်တွင်းပိတ်လှောင်ထားမှုနဲ့ ၁လစီချမှတ်လိုက်ပါတယ်။

3

ဦးရာဇာထွန်းနဲ့ ဦးတင်မင်းလတ်ကိုတော့ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေရဲ့အားပေးကူညီမှုပုဒ်မနဲ့၇နှစ်စီ၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဥပဒေအရ ၁နှစ်စီ၊ အိမ်တွင်းပိတ်လှောင်ထားမှု ၁လစီနဲ့ အပြင်းအထန်နာကြင်စေမှုနဲ့ ဦးရာဇာထွန်းကို ၅နှစ် နဲ့ဦးတင်မင်းလတ်ကို သာမန်နာကြင်စေမှု ၁နှစ်ချမှတ်လိုက်တာဖြစ်ပါတယ်။

“ကျွန်မဒီအမှုကိုစလိုက်ကတည်းက ဒေါ်သီရိလတ်ကိုပြောခဲ့တယ် ကလေးနှစ်ယောက်ကို ရင်ခွင်ထဲပြန်ထည့်ပေးမယ် အခု ကျွန်မကတိပေးထားတဲ့အတိုင်းပြန်ထည့်ပေးနိုင်ခဲ့ပြီ ၊ ကျန်တဲ့လေးယောက်အတွက်လည်းစိတ်မကောင်းပါဘူး ပြစ်ဒဏ်ကိုအဲဒီလောက်ချမယ်ထင်မထားဘူး။ စဖြစ်တုန်းကလည်း နှစ်ဖက်လျော်ကြေးနဲ့ကြေအေးခဲ့တာလည်းရှိထားတယ်”လို့ အမှုမှလွတ်သွားတဲ့ဒေါ်သီရိလတ်နဲ့ ဦးကိုလတ်တို့ရဲ့အထက်တန်းရှေ့နေ ဒေါ်နှင်းစုအောင်ကပြောပါတယ်။

Myanmar Now သတင်းဌာနမှ မနှစ်က ဖော်ထုတ်ရေးသားခဲ့မှုကြောင့် ပေါ်ပေါက်ခဲ့တဲ့ အင်းဝအပ်ချုပ်ဆိုင်မှ မိသားစုဝင်များက ၄င်းတို့အိမ်မှာ လာရောက်အလုပ်လုပ်ကိုင်နေတဲ့ အိမ်အကူမိန်းကလေးနှစ်ဦးကို လူ့ဂုဏ်သိက္ခာကျစေလောက်တဲ့ ညှင်းပန်းနှိပ်စက်မှု ပြုလုပ်ခဲ့တာနဲ့ပတ်သတ်ပြီး တရားရုံးက ယခုပြစ်ဒဏ်ကို ချမှတ်လိုက်တာဖြစ်ပါတယ်။

ဦးရာဇာထွန်းရဲ့မိခင်ဖြစ်သူကတော့ ” ကျွန်မသားလေးမှာ အပြစ်မရှိပါဘူး အမေကိုတောင်အော်ပြောတဲ့သူမဟုတ်ပါဘူး ဘယ်နိုင်ငံခြားကိုလူကုန်ကူးလို့ လူကုန်ကူးနဲ့အခုလောက်ချရတာလဲ၊ကျွန်မတို့ အယူခံဆက်တက်မှာပါ။သိန်း၅၀နဲ့ ကြေအေးပေးပြီးမှ ဘာလို့အခုလောက်ပြစ်ဒဏ်ကြီးရတာလဲ လို့ အနောက်ပိုင်းခရိုင်တရားရုံးရှေ့မှာ သတင်းထောက် တွေကိုအော်ပြောခဲ့ပါတယ်။

ဖြိုးထက်အောင်
ဓာတ်ပုံ-အောင်နိုင်စိုး(ကစ္ဆပ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*