တိုင်းနှင့်ပြည်နယ်(၆)ခုတွင် ငလျင်ကြိုတင် ကာကွယ်ရေး လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ တစ်သန်း ကျော်သုံးစွဲမည်

တိုင်းနှင့်ပြည်နယ်(၆)ခုတွင် ငလျင်ကြိုတင် ကာကွယ်ရေး လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ တစ်သန်း ကျော်သုံးစွဲမည်
December 14, 2017 Fame Asian

4:21 pm
တိုင်းနှင့်ပြည်နယ်(၆)ခုတွင် ငလျင်ကြိုတင် ကာကွယ်ရေး လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ တစ်သန်း ကျော်သုံးစွဲမည်

25353758_1632609180116374_4597377628993463232_n

နေပြည်တော် ဒီဇင်ဘာလ(၁၄)ရက်

တိုင်းဒေသကြီးနှင့် ပြည်နယ်ခြောက်ခုတို့တွင် ငလျင်အန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရန်အတွက် အမေရိကန်ဒေါ်လာ တစ်သန်း ကျော်ခန့် သုံးစွဲသွားမည်ဟုလူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင် နေရာချထားရေး ဝန်ကြီးဌာန မှသိရသည်။

ငလျင်အန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ဆာင်သွားမည့် တိုင်းဒေသကြီး ပြည်နယ်များမှာ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးlစစ်ကိုင်းတိုင်းဒေသကြီးlပဲခူးတိုင်းဒေသကြီးlကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ဖြစ်ကြသည်။

“မြေငလျင်အန္တရာယ်ကာကွယ်ခြင်း လုပ်ငန်းစဉ်တွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီး ခြောက်ခုမှာ ဆောင်ရွက်ဖို့ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက စီမံချက်တွေကို ရေးဆွဲခဲ့ကြပြီး လုပ်ငန်းစဉ်ရဲ့သတ်မှတ်ကာလကို ၁၈ အထိ သတ်မှတ်ထားတဲ့အတွက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ ပြီးဆုံးမှာ ဖြစ်ပါတယ်”ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ယနေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် ငလျင်အန္တရယ်ကြိုတင်ပြင်ဆင်ရေး နှင့်တုန့်ပြန်ဆောင်ရွက်ရေးစီမံချက်ရေးစွဲရေး ကနဦးညှိနှိုင်းဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါလုပ်ငန်းစဉ်ကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်   ပြန် လည်နေရာချထားရေး ဝန်ကြီးဌာန နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်(UNDP)တို့ ပူးပေါင်းပြီး ဆောင်ရွက်ကြမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့မြေငလျင်ကြောကြီးထဲ၌ တစ်ခုအပါအဝင်ဖြစ်သည့်(အယ်လ်ပိုင်း)ငလျင်ကြော ကြီး တစ်ခုအတွင်းတွင် တည်ရှိနေသည်။ထို့အပြင် မြန်မာနိုင်ငံ၏မြောက်ပိုင်းဒေသမှ တောင်ပိုင်း(မုတ္တမကွေ့ ) အထိလမ်းကြောင်း တစ်လျှောက်မှာ ငလျင်ကြောနှင့် ပြတ်ရွေ့ ကြောများအတွင်း ကျရောက်နေကြောင်း မြေငလျင်ပညာရှင်များနှင့်ဘူမိဗေဒပညာရှင်များက ဖော်ပြထားသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*