သထုံရှိ အပူ စွမ်းအင်သုံး ဓါတ်အားပေးစက်ရုံမှ လာမည့်နှစ်ဆန်းပိုင်းတွင် မွန်နှင့်ကရင်ပြည်နယ်များသို့ ဓါတ်အားစတင် ပို့လွှတ်နိုင်မည်

သထုံရှိ အပူ စွမ်းအင်သုံး ဓါတ်အားပေးစက်ရုံမှ လာမည့်နှစ်ဆန်းပိုင်းတွင် မွန်နှင့်ကရင်ပြည်နယ်များသို့ ဓါတ်အားစတင် ပို့လွှတ်နိုင်မည်
December 14, 2017 Asian Fame

1:31 pm
သထုံရှိ အပူ စွမ်းအင်သုံး ဓါတ်အားပေးစက်ရုံမှ လာမည့်နှစ်ဆန်းပိုင်းတွင် မွန်နှင့်ကရင်ပြည်နယ်များသို့ ဓါတ်အားစတင် ပို့လွှတ်နိုင်မည်

25348279_1652938941435048_8722406951251006164_n

နေပြည်တော် ၊ ဒီဇင်ဘာ(၁၄)

မွန်ပြည်နယ် သထုံဓါတ်အားပေးစက်ရုံဝင်းအတွင်း တည်ဆောက်လျှက်ရှိသော အပူစွမ်းအင်သုံးဓါတ်အား ပေး စက်ရုံကို(၂၀၁၈)ခုနှစ် နှစ်ဆန်းတွင်စတင် လည်ပတ်နိုင်မည်ဖြစ်ပြီး မွန်ပြည်နယ်နှင့်ကရင်ပြည်နယ် အတွင်းရှိ မြို့နယ်များသို့ ဓါတ်အားစတင်ပို့လွှတ်နိုင် မည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

“China Energy Engineering Group Co. Ltd(CEEC)နဲ့စာချုပ်တယ်ဆိုတာက တည်ဆောက်ရေး အပိုင်းကိုဘဲ စာချုပ်ချုပ်တာဖြစ်ပါတယ်။ အကျိုးအမြတ်ကတော့ ရာနှုန်းပြည့် နိုင်ငံတော်ကဘဲ ရမှာပါ”ဟုလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွန်းဝန် ဦးဌေးအောင်ကဆိုသည်။

အဆိုပါစက်ရုံသည် (၂၀၁၆)ခုနှစ်တွင်စတင် တည်ဆောက်ခဲ့ကာ ယခုအခါ (၈၅)ရာခိုင်နှုန်းကျော် ပြီးစီးနေပြီး လာမည့် နှစ်ဆန်းပိုင်းတွင် လျှပ်စစ် စတင်ထုတ်လုပ်နိုင်မည် ဖြစ်သည်။

စက်ရုံမှထွက်ရှိမည့် စုစုပေါင်း မဂ္ဂါဝပ်မှာ (၁၂၀)အထိရှိမည်ဟုသိရသည်။

ထွက်လာမည့် လျှပ်စစ်ဓါတ်အားများကို ပင်မ မဟာ ဓါတ်အားလိုင်းသို့ ပို့လွှတ်မည်ဖြစ်ပြီး ၄င်းမှတဆင့် မွန်နှင့်ကရင်ပြည်နယ်အတွင်းရှိ မြို့များသို့ လျှပ်စစ်ရှိနိုင်စေမည်ဖြစ်သည်။

လက်ရှိတွင်ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် ထိုင်းနိုင်ငံမှ လျှပ်စစ်ကိုဝယ်ယူ အသုံးပြုလျှက် ရှိနေသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*