ရန်ကုန်တိုင်းအတွက် ၂၀၁၈ ခုနှစ်အတွင်း ၆လတာသုံးစွဲမယ့်ဘတ်ဂျတ်မှာ အရေးကြီးတဲ့ကိစ္စရပ်များအရင်မလုပ်လို့ လွှတ်တော်မှာ ဒေါ်စန္ဒာမင်းဝေဖန်

ရန်ကုန်တိုင်းအတွက် ၂၀၁၈ ခုနှစ်အတွင်း ၆လတာသုံးစွဲမယ့်ဘတ်ဂျတ်မှာ အရေးကြီးတဲ့ကိစ္စရပ်များအရင်မလုပ်လို့ လွှတ်တော်မှာ ဒေါ်စန္ဒာမင်းဝေဖန်
December 13, 2017 Fame Asian

4:10 pm
ရန်ကုန်တိုင်းအတွက် ၂၀၁၈ ခုနှစ်အတွင်း ၆လတာသုံးစွဲမယ့်ဘတ်ဂျတ်မှာ အရေးကြီးတဲ့ကိစ္စရပ်များအရင်မလုပ်လို့ လွှတ်တော်မှာ ဒေါ်စန္ဒာမင်းဝေဖန်

25158192_1631603936883565_3369766918156549673_n

ရန်ကုန် ၊ ဒီဇင်ဘာ ၁၃

ရန်ကုန်တိုင်းအတွက် ၂၀၁၈ ခုနှစ်အတွင်း (၆) လတာသုံးစွဲဖို့ ရေးဆွဲထားတဲ့ ဘတ်ဂျတ်ထဲမှာ ဂျိုးဖြူရေလှောင်ကန်လောက်အရေးမကြီးတဲ့ ဗိုလ်ချုပ်အောင်ဆန်းဈေးရုံ(၁၄)ရုံ၊သိမ်ကြီးဈေးရုံတို့ ပြင်ဆင်ခြင်းများ ဦးစားပေးထည့်သွင်းထားတဲ့ကိစ္စနဲ့ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ်ဒေါ်စန္ဒာမင်းက လွှတ်တော်မှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကို ဒီကနေ့ ဝေဖန်ပြောကြားခဲ့ပါတယ်။ ဘတ်ဂျတ်အတွင်းသုံးစွဲဖို့ ထည့်သွင်းတောင်းခံထားမှုတွေကို ပယ်ဖျက်ပေးဖို့ လည်း ၎င်းကပြောခဲ့ပါတယ်။

ဒီကနေ့ ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ပြီးခဲ့တဲ့ အပတ်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့  လွှတ်တော်ကိုတင်ပြသွားတဲ့ ၂၀၁၈ ခုနှစ် ၊ ဧပြီလမှ စက်တင်ဘာလကုန်အထိ (၆)လအတွက် ရသုံးမှန်းခြေငွေစာရင်း(လျာထားချက်) ကို လွှတ်တော်ကိုယ်စားလှယ် (၇) ဦးကဆွေးနွေးခဲ့ကြပါတယ်။အဲဒီိလိုဆွေးနွေးခဲ့တဲ့ ကိုယ်စားလှယ်တွေထဲက တစ်ဦးဖြစ်တဲ့ ဆိပ်ကြီးခနောင်တိုမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဒေါ်စန္ဒာမင်းက ရန်ကုန်တိုင်းအတွက်ရရှိထားတဲ့ကမ္ဘာ့ဘဏ်မှ ၁၂၄ သန်းကို ရေကြီးရေလျှံမှုလျော့နည်းပပျောက်ဖို့ (၇၇)သန်းသုံးစွဲကာ ဆောင်ရွက်ဖို့ ပြဌာန်းထားပေမယ့် ၎င်းကိုမဆောင်ရွက်ဘဲ အများပြည်သူဝန်ဆောင်မှု အဆောက်အအုံများဘေးကင်းလုံခြုံရေးနဲ့ ပြုပြင်မွမ်းမံဖို့ အတွက် အမေရိကန်ဒေါ်လာ(၂၂)သန်း ကိုဘာကြောင့် စတင်ဆောင်ရွက်သလဲဆိုတာ မေးခွန်းထုတ်စရာရှိတယ်လို့ ဆိုပါတယ်။

”အခုချိန်မှာ ဂျိုးဖြူရေလှောင်ကန်လောက်အရေးမကြီးတဲ့ ဗိုလ်ချုပ်အောင်ဆန်းဈေးရုံ(၁၄)ရုံပြင်တာတို့ သိမ်ကြီးဈေးရုံပြင်တာတို့ ကို သဘောမတူပါဘူး။ဗိုလ်ချုပ်အောင်ဆန်းဈေး အကြီးစားအသေးစားပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းတွေက နှစ်စဉ်ဘတ်ဂျတ်ငွေမှာတောင်းခံနေကျပါ။အခု ၂၀၁၈ ခုနှစ်(၆)လဘတ်ဂျတ်မှာလည်း ဈေးရုံများအကြီးစားပြင်ဆင်ခြင်းခေါင်းစဉ်နဲ့ ပြင်ဆင်ဖို့ ကျပ်သန်း(၁၄၀)တောင်းခံထားပါသေးတယ်။” လို့ ဒေါ်စန္ဒာမင်းကပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွက် ၂၀၁၈ ခုနှစ်အတွင်း (၆)လတာသုံးစွဲဖို့  ကျပ်ငွေ ၂၁၂ ဒသမ ၃ ဘီလီယံ လျာထားရေးဆွဲထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့ က ပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းလွှတ်တော်ကို တင်ပြပါတယ်။ယင်း
လျာထားချက်ပမာဏဟာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ က အတည်ပြုပြီး ပမာဏဖြစ်ပါတယ်။

အခု ၂၀၁၈ ခုနှစ်(၆)လတာဘတ်ဂျတ်မှာ တောင်းခံထားတဲ့ အများပြည်သူဝန်ဆောင်မှုအဆောက်အအုံများ ဘေးအန္တရာယ်လျော့ချရေးအတွက် ကျပ်သန်း (၂၅၀.၈၅၆) နဲ့ လမ်းတံတားလုပ်ငန်းဆောင်ရွက်ဖို့ (၂၄၈.) သန်းကိုသဘောမတူလို ၎င်းလုပ်ငန်းများ ပယ်ဖျက်ပေးပါရန်နဲ့ ကမ္ဘာ့ဘဏ်ကပြဌာန်းထားတဲ့ မြို့ ပြရေကြီရေလျှံမှုအပိုင်းမှာပါတဲ့ ရေမြောင်းစနစ်နဲ့ မြစ်ထွက်ပေါက်များအကြားမှာ ထပ်မံလိုအပ်လာနိုင်တဲ့ မြေအောက်မြောင်းများ၊ ရေသိုလှောင်နိုင်တဲ့နေရာများ ၊ လိုအပ်တဲ့ခေတ်မီမြစ်ထွက်ပေါက် ရေတံခါးများတည်ဆောက်ဖို့ စတာတွေကို စတင်လျာထားဆောင်ရွက်ပေးဖို့ ၎င်းကပြောခဲ့ပါတယ်။

” ဒါတွေက ဗိုလ်ချုပ်အောင်ဆန်းဈေးကြီးပြင်ဆင်တာထက် ပြည်သူတွေအတွက် အမှန်တကယ်အမြန်ဆုံးပြုလုပ်ပေးသင့်တဲ့ လုပ်ငန်းဖြစ်လို့ တောင်းခံထားတဲ့ ငွေကျပ်သန်း(၇၅၀.၅၈၉)ထဲက လုပ်ငန်းပြန်လည်ပြင်ဆင်သုံးစွဲပေးဖို့ တင်ပြပါတယ်” လို့ ဒေါ်စန္ဒာမင်းကလွှတ်တော်မှာပြောပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*