အစိုးရအကူးအပြောင်းကာလအတွင်း မန္တလေးမှာ လူပုဂ္ဂိုလ် အမည်တွေနဲ့ချထားပေးတဲ့ အများနဲ့သက်ဆိုင်တဲ့ မြေနေရာတွေကို ပြန်လည်သိမ်းယူသွားမယ်

အစိုးရအကူးအပြောင်းကာလအတွင်း မန္တလေးမှာ လူပုဂ္ဂိုလ် အမည်တွေနဲ့ချထားပေးတဲ့ အများနဲ့သက်ဆိုင်တဲ့ မြေနေရာတွေကို ပြန်လည်သိမ်းယူသွားမယ်
December 12, 2017 AsianFame MediaGroup

4:17 pm
အစိုးရအကူးအပြောင်းကာလအတွင်း မန္တလေးမှာ လူပုဂ္ဂိုလ် အမည်တွေနဲ့ချထားပေးတဲ့ အများနဲ့သက်ဆိုင်တဲ့ မြေနေရာတွေကို ပြန်လည်သိမ်းယူသွားမယ်
25299780_1650939841634958_4185545961843194363_o

ဝန်ကြီးချုပ် လွှတ်တော်တွင် ပြောကြားနေမှု မြင်ကွင်း၊

၂၀၁၆ ခုနှစ် ဇွန် ၁၅ ရက်

မန္တလေးတိုင်းဒေ သကြီးလွှတ်တော်ကိုယ်စားလှယ်ဦးမြင့်အောင် မိုး(ချမ်းမြသာစည်မြို့နယ်မဲဆန္ဒနယ်အမှတ် ၂) တင်သွင်းခဲ့တဲ့ အစိုးရအကူးအပြောင်းကာလများအတွင်း အများပြည်သူနှင့်သက်ဆိုင်သည့် ဧရိယာကျယ်ဝန်းသောမြေကွက်များ၊ ပလပ်မြေများအားလူပုဂ္ဂိုလ်အမည်များဖြင့် မြေနေရာချပေးထားပေးမှုများအား ပြန်လည်စိစစ်၍ အများပြည်သူအကျိုး အတွက် စနစ်တကျစီမံဆောင်ရွက်နိုင်ရေးတိုက်တွန်းကြောင်း နဲ့ပတ်သက်ပြီး မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ အထူးအစည်းအဝေး ၁/၂၀၁၆ အရ တိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ဒီနေ့လွှတ်တော်မှာ တင်ပြအကြောင်းကြားချက်အပေါ် ကန့်ကွက်သူ မရှိတာကြောင့် လွှတ်တော်ကအတည်ပြုမှတ်တမ်း လိုက်တာပဲဖြစ်ပါတယ်။

ဝန်ကြီးချုပ်ကတင်ပြရာမှာ မန္တလေးတိုင်းဒေသကြီးအတွင်း၌ အများပြည်သူနဲ့သက်ဆိုင်တဲ့မြေနေရာတွေ၊ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေတွေကို လူပုဂ္ဂိုလ်တစ်ဦးချင်းအမည်တွေနဲ့ မြေနေရာချထားပေးခဲ့တဲ့ မြေကွက် ၁၃၅ ကွက်အား မြေသိမ်းမိန့်မြေငှားဂရမ်တွေကို ပယ်ဖျက်ဖို့ နဲ့ ပြန်လည်သိမ်းယူသင့်တယ်လို့ အစိုးရကအတည်ပြုပြီးဖြစ်တာကြောင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်က မှတ်တမ်းတင်အတည်ပြုပေးဖို့ အကြောင်းကြားပါတယ်လို့ ပါရှိပါတယ်။

24910092_1650939934968282_1458247206058510137_n

အဆိုတင်သွင်းသည့် လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုး၊

“ကျွန်တော်တို့ ဒီမြေတွေနဲ့ပတ်သက်ပြီးတော့ မြေသွင်းမိန့်တွေပယ်ဖျက်ပြီး မြေဂရမ်တွေလည်းပယ်ဖျက်လိုက်ပြီ၊ ကျန်တာ မြို့တော်စည်ပင်က ဆက်လုပ်ပါလိမ့်မယ်၊ အခုက မြေသွင်းမိန့်ပယ်တာနဲ့ဂရမ်ပယ်ဖျက်တာပါ” လို့ ၀န်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

အဆိုပါမြေကွက်တွေဟာ မန္တလေးတိုင်းဒေသကြီး မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း ၁၉၉၁-၁၉၉၂ ခုနှစ် မြို့ကွက်သစ်တွေဖော်ထုတ် စဉ်တုန်းက ပညာရေး ကျန်းမာရေး ဈေး ရုံးတွေ အဖြစ် သတ်မှတ်ပေးခဲ့တဲ့ မြေနေရာတွေဖြစ်ပြီး အစိုးရအကူးအပြောင်းကာလ(ဖေဖော်ဝါရီ နဲ့ မတ်လ) တွေမှာ လူပုဂ္ဂိုလ်အမည်တွေနဲ့ မြေနေရာ ချထားပေးခဲ့တာတွေဖြစ်ကြောင်း၊ အများပြည်သူ နဲ့သက်ဆိုင်တဲ့မြေနေရာတွေကို ပွင့်လင်းမြင်သာစွာထုတ်ပြန်ကြေညာခြင်းမရှိဘဲ လူပုဂ္ဂိုလ်အမည်တွေနဲ့ချထားပေးခဲ့တာကြောင့် ဒေသခံ ပြည်သူတွေကြား မလိုလားအပ်တဲ့ပြဿ နာတွေ ပေါ်ပေါက်ခဲ့ကြောင်း၊ အဆိုပါမြေနေရာတွေမှာ ဆင်းရဲသားပပျောက်ရေးစီမံကိန်းအဖြစ် တန်ဖိုးနည်းအိမ်ရာ တန်ဖိုးမျှတအိမ်ရာတွေဆောက်လုပ်ပေးသင့်ကြောင်း၊ ဒါကြောင့်မို့လို့လည်း အဆိုပါမြေနေရာတွေကို မြေနေရာချထားပေးမှုတွေ မြေငှားဂရန်ထုတ်ပေးထားမှုတွေအပေါ် ပြန်လည်ရုတ်သိမ်းပေးဖို့ လွှတ်တော်မှာတိုက်တွန်းအဆို တင်သွင်းခဲ့တာဖြစ်ကြောင်း အဆိုရှင် လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးရဲ့ တင်ပြချက်အရသိရပါတယ်။

“ပြည်သူပိုင်မြေမဆုံးရှုံးအောင်လုပ်ရမှာက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့တာဝန်ပါ သက်ဆိုင်ရာအစိုးရအဖွဲ့ကလည်းဒီအပေါ်မှာ စနစ်တကျစိစစ်ပြီး ပြန်လည်သိမ်းဆည်းသင့်တယ် လို့ဆိုပြီးတော့မှ ဒီ ၁၃၅ ကွက်ကိုပြန်သိမ်းတာပါ ၁၃၅ ကွက်မှာ လူ ၁၃၅ ယောက်တော့မဟုတ် ဘူးပေါ့ဗျာ တစ်ယောက်ထဲနဲ့သုံးလေးကွက်ယူ ထားတာလည်းရှိတယ် ဧကအကျယ်ကြီးတွေ ယူထားတာတွေလည်းရှိတယ် အတိအကျတော့ လတ်တလောပြောလို့မရသေးပါဘူး ဧကအားဖြင့်တော့ ဧကတစ်ရာကျော်လောက်ရှိတယ် ကျွန်တော်တို့စိစစ်တဲ့အထဲမှယ အသက်မပြည့်သေးသူ တစ်ယောက်တော့ပါတယ် အများစုကတော့ အဲဒီခေတ်တုန်းက ဌာနဆိုင်ရာအကြီးအကဲတွေပါ” လို့ ဦးမြင့်အောင်မိုးကပြောပါတယ်။

ပြန်လည်သိမ်းယူသွားတော့မယ့် မြေနေရာ ၁၃၅ ကွက်က ပြည်ကြီးတံခွန်မှာ ၈၅ ကွက်၊ အမရပူရမှာ ၉ ကွက်၊ ချမ်းအေးသာစံမှာ ၁ ကွက် နဲ့ ချမ်းမြသာစည်မြို့နယ်မှာ ၄၀ တို့ဖြစ်ပါတယ်။

သတင်း၊ဓါတ်ပုံ-စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*