လူ့ အခွင့်အရေးကော်မရှင်ထံ ပြည်သူများမှ တိုင်ကြားမှု ဆက်တိုက်ကျဆင်းလာ

လူ့ အခွင့်အရေးကော်မရှင်ထံ ပြည်သူများမှ တိုင်ကြားမှု ဆက်တိုက်ကျဆင်းလာ
December 12, 2017 Fame Asian

2:05 pm
လူ့ အခွင့်အရေးကော်မရှင်ထံ ပြည်သူများမှ တိုင်ကြားမှု ဆက်တိုက်ကျဆင်းလာ

luuakoneayayy

ရန်ကုန် ၊ ဒီဇင်ဘာ ၁၂

မြန်မာနိုင်ငံလူ့ အခွင့်အရေးကော်မရှင်ထံ ပြည်သူတွေရဲ့ တိုင်ကြားမှုဟာ ၂၀၁၅ ခုနှစ်ကနဲ့ နှိုင်းယှဉ်ရင် ယခုနှစ်မှာ ၄ ဆနီးပါးကျဆင်းသွားပါတယ်။

ကော်မရှင်ရဲလူ့ အခွင့်အရေးကာကွယ်ရေးလုပ်ငန်းအဖြစ် ဆောင်ရွက်ရတဲ့ တိုင်ကြားစာများကို ဖြေရှင်းပေးရမှုဟာ ၂၀၁၅
ခုနှစ်က ၁၂၀၀ ကျော်၊၂၀၁၆ ခုနှစ်က ၄၉၅ စောင်ကျော်ရှိခဲ့ပြီး ယခုနှစ်မှာတော့ ၃၅၉ စောင်ရှိခဲ့တယ်လို့ ကော်မရှင်ရဲ့ထုတ်ပြန်ချက်များအရသိရပါတယ်။

ယခုလိုလျော့နည်းသွားရတာဟာ ကော်မရှင်ရဲ့လုပ်ထုံးလုပ်နည်းအသစ်ကြောင့်လည်း အနည်းငယ်သက်ဆိုင်တယ်လို့ ကော်မရှင်အဖွဲ့ ဝင် ဦးယုလွင်အောင်ကပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

” ကျွန်တော်တို့ စတာဝန်ယူတဲ့ ၂၀၁၆ ခုနှစ်ကစပြီး တိုင်စာမှတ်ပုံတင်တဲ့စနစ်ကို ပြောင်းလိုက်တာကြောင့်လည်းပါပါတယ်။အရင်က ရုံးကိုရောက်လာသမျှ တိုင်စာတွေကို တိုင်စာအဖြစ်မှတ်ပုံတင်တယ်။အခုကျ တိုင်စာကိုကြည့်ပြီး မှလူ့ အခွင့်အရေးနဲ့ သက်ဆိုင်တဲ့တိုင်စာမှ တိုင်စာအဖြစ်မှတ်ပုံတင်ပါတယ် တစ်ချို့ ကျ ဥပမာ လင်ကွာမယားကွာတဲ့ကိစ္စတွေကို လာတိုင်တာမျိုးတွေရှိတယ် အဲဒါကျ ပုဂ္ဂိုလ်ရေးတွေလေ ကျွန်တော်တို့ က အုပ်ချုပ်ရေးအဖွဲ့ အစည်းတွေနဲ့ တပ်မတော်၊ရဲ၊အကျဉ်းထောင် စတာတွေပေါ့ လုပ်ပိုင်ခွင့်မရှိဘဲလုပ်တဲ့ကိစ္စတွေ ချိုးဖောက်ခံရမှုတွေကို လူ့ အခွင့်အရေးချိုးဖောက်မှုတွေအနေနဲ့ သက်မှတ်တယ် ခုနလိုအမှုတွေကျ တရားရုံးတွေနဲ့ ဆိုင်တယ် ဒါကြောင့်အရေအတွက်နည်းသွားတာလည်းပါတယ် နောက် ကျွန်တော်တို့ ဆီက ပြည်သူတွေက ကိုယ်လူ့ အခွင့်အရေးချိုးဖောက်လို့ ချိုးဖောက်ခံရမှန်းအခုထိ မသိကြသေးတာများတယ် ဘယ်ကိုတိုင်လို့ တိုင်ရမှန်းမသိကြသေးဘူး” လို့ သူကပြောပါတယ်။

ပြည်သူများအနေနဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများရဲ့မူလအခွင့်အရေးကိုချိုးဖောက်ခံရခြင်း၊ကမ္ဘာ့လူ့ အခွင့်အရေးကြေညာစာတမ်းပါ အခွင့်အရေးများ ချိုးဖောက်ခံရခြင်း၊နိုင်ငံတော်က ပါဝင်ချုပ်ဆိုထားတဲ့ အမျိုးသမီးများအပေါ်နည်းမျိုးစုံနဲ့  ခွဲခြားမှုပပျောက်
ရေးသဘောတူစာချုပ်၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာသဘောတူစာချုပ်၊ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာသဘောတူစာချုပ်တို့ ပါ အခွင့်အရေးများကို ချိုးဖောက်ခြင်းခံရပါက ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားဖြစ်စေ၊ လူတစ်စုအတွက်ကိုယ်စားပြုပြီးဖြစ်စေ
ဥက္ကဌ ၊မြန်မာနိုင်ငံလူ့ အခွင့်အရေးကော်မရှင် အမှတ်(၂၇)ပြည်လမ်း၊ လှိုင်မြို့ နယ်ကိုလိပ်မူပြီးတိုင်ကြားနိုင်တယ်လို့ ကော်မရှင်က ကြေညာထားပါတယ်။

ယခုလိုတိုင်ကြားနိုင်ကြောင်းကြေညာချက်ကို ၂၀၁၅၊၂၀၁၆ ခုနှစ်တွေတုန်းကလည်း ထည့်သွင်းထုတ်ပြန်ဖူးတယ်လို့ သိရပါတယ်။မြန်မာနိုင်ငံလူ့ အခွင့်အရေးကော်မရှင်ကို ၂၀၁၄ ခုနှစ်ကစတင်ဖွဲ့ စည်းခဲ့တာဖြစ်ပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*