ဖုန်းခိုးတဲ့ ကျောင်းသား ၇ ဦး

ဖုန်းခိုးတဲ့ ကျောင်းသား ၇ ဦး
December 12, 2017 Fame Asian

12:21 pm
ဖုန်းခိုးတဲ့ ကျောင်းသား ၇ ဦး

aungthulinn

စစ်ကိုင်း၊ဒီဇင်ဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့က ဘော်ဒါဆောင် တစ်ဆောင်မှာ ပညာသင်ကြားနေကြတဲ့ ကျောင်းသား ၇ဦးကို ရဲက ဖုန်းခိုးမှု နဲ့ ဖမ်းဆီးလိုက်ပါတယ်။

အဲ့ဒီ ကျောင်းသားလေး ၇ဦးဟာ အဲဒီ့မြို့က အောင်မေတ္တာရပ်ကွက်နေ ဦးအောင်လွင်ဦး ဆိုသူဖွင့်လှစ်ထားတဲ့ အကယ်ဒမီလင့် ကွန်ပျူတာ နဲ့ ဖုန်းဆက်စပ်ပစ္စည်းအရောင်းဆိုင်ကနေ လက်ကိုင်ဖုန်း ၃၂လုံး ကို ခိုးယူခဲ့လို့ ခုလို ဖမ်းခံထားရတာပါ။

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့ ညပိုင်းက သူတို့ဟာ ဆိုင်ကို ခတ်ထားတဲ့ သော့အကြီး ၃လုံးကို ဖျက်ပြီး ပြစ်မှုကိုကျူးလွန်ခဲ့ကြတယ်လို့ ရဲက ပြောဆိုပါတယ်။

ရဲက သက်သေတွေနဲ့ အတူ ရှာဖွေရာမှာတော့ အခိုးခံလိုက်ရတဲ့ ဖုန်း ၃၂ လုံး၊ မီးရှို့ဂေါက်တပ်ဆင်ထားတဲ့ ဂတ်စ်ဘူး ၁ဘူး၊ ဝက်အူလှည့် ၁ချောင်း၊ တူ ၁ချောင်း၊ ကျောပိုးအိတ် ၁လုံးတို့နှင့်အတူ တွေ့ရှိခဲ့တာကြောင့် ဝေယံဦး၊ (၁၈)နှစ်ပါ ကျောင်းသား ၇ ဦး အမှုဖွင့်စစ်ဆေးနေတယ်လို့ ရဲက သိရပါတယ်။

PN

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*