နယ်စပ်မှတင်သွင်းလာမည့်ကားများကို မူရင်းနိုင်ငံ ထုတ် Country Original ပါမှသာ တင်သွင်းနိုင်မည်

နယ်စပ်မှတင်သွင်းလာမည့်ကားများကို မူရင်းနိုင်ငံ ထုတ် Country Original ပါမှသာ တင်သွင်းနိုင်မည်
December 12, 2017 Fame Asian

3:26 pm
နယ်စပ်မှတင်သွင်းလာမည့်ကားများကို မူရင်းနိုင်ငံ ထုတ် Country Original ပါမှသာ တင်သွင်းနိုင်မည်

25152308_1630625043648121_2830785282621380085_n

နေပြည်တော် ဒီဇင်ဘာ ၁၂

နယ်စပ်မှကားတင်သွင်းရာတွင်(၂၀၁၇)မူဝါဒဖြင့်ထုတ် ပေးထားသောကားတင်သွင်းခွင့်ပါမစ်သက်တမ်းကုန်ဆုံးပါက မူရင်းနိုင်ငံထုတ် Country Original စာရွက်ပါရှိမှသာ တင်သွင်းခွင့်ပြုသွားမည် ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှသိရသည်။

ပြည်တွင်းသို့ထိုင်းနှင့်တရုတ်နယ်စပ် တို့မှတင်သွင်း နေသည့်ကားများမှာမူရင်းနိုင်ငံထုတ်မော်တော်ယာဉ်များမဟုတ်ဘဲဂျပန်နှင့်ဂျာမနီထုတ်ကားများ ဖြစ်ကြသည်။

“မြဝတီက ကားသွင်းမယ်ဆိုရင် ထိုင်းနိုင်ငံထုတ်အစစ်ဖြစ်ကြောင်း Country Original ပြရပါမယ်။အရင်လို ဂျပန်ကားတွေကို Transitနဲ့ ပေးမသွင်းတော့ဘူး”ဟုစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ယခုနှစ်အတွင်းထုတ်ပေးထားသည့် ပါမစ်များအတွက် သာ Country Original လက်မှတ်မလိုသော်လည်း လာမည့်နှစ်မှစတင်ကာ မူရင်းနိုင်ငံထုတ်ဖြစ်ကြောင်း လက်မှတ် ပါမှသာတင်သွင်းနိုင်တော့မည်ဖြစ်သဖြင့် ပြည်တွင်း၌ လူကြိုက်များနေသည့် ဂျပန်နိုင်ငံ ထုတ်ကားများ နယ်စပ်မှ တင်သွင်းနိုင်တော့မည် မဟုတ်ပေ။

မူဝါဒအသစ်ကြောင့် ဈေးကွက်အတွင်း ရောင်းအား ကောင်းနေသည့် ဂျပန်နိုင်ငံထုတ် မီနီထရပ်နှင့် လိုက်ထရပ် အပါအဝင်လုပ်ငန်းသုံးယာဉ်အများစုကို လာမည့်နှစ်တွင် နယ်စပ်မှ တင်သွင်းမှု ရပ်တန့်သွားမည် ဖြစ်သည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*